ကွန်ဖြူးရှပ်ကို ကမ္ဘာ့အရှေ့ဘက်ခြမ်းရဲ့  အတော်ဆုံးတွေးခေါ်ပညာရှင်အဖြစ်လူတွေက အသိအမှတ်ပြုထားကြပါတယ်။ အတွေးခေါ်ပညာရှင် ကွန်ဖြူးရှပ်က လူတွေကိုလူမှုဆက်ဆံရေး၊ တရားမျှတမှုနဲ့ ရိုးသားမှုစည်းမျဉ်းတွေကို သင်ကြားပေးခဲ့ပါတယ်။ ဒီနေ့ kwee page ဖော်ပြပေးမယ့်အကြောင်းအရာကတော့ ကွန်ဖြူးရှပ်ရဲ့ မှတ်သားဖွယ်ရာ စကားကြီး (၁၀) ခွန်းပါပဲ။

(၁) သင် ဘယ်လောက်ပဲနှေးနှေးသွားနေပါစေ ကိစ္စမရှိဘူး။ ရပ်တန့်မသွားဖို့က အရေးကြီးပါတယ်။

Source: Goodnet.org

(၂) အောင်မြင်မှုဆိုတာ ဘယ်တော့မှမကျဆုံးခြင်းကို ဆိုလိုတာမဟုတ်ဘူး။ ကျဆုံးတိုင်း ပြန်ထနိုင်တာကို ဆိုလိုတာပါ။

(၃) ဒေါသထွက်လာတဲ့အချိန်မှာ အကျိုးဆက်ကိုစဉ်းစားပါ။

(၄) မင်းကလူတွေကို မုန်းနေတယ်ဆိုရင် အဲ့လူတွေကမင်းကိုအနိူင်ယူသွားပါလိမ့်မယ်။

Source: SBS

(၅) တော်တဲ့သူတွေက သူတို့ကိုယ်သူတို့ ရှာဖွေကြတယ်။ ညံ့တဲ့သူတွေက တခြားလူတွေကို ရှာဖွေတတ်ကြတယ်။

(၆) ဘာပဲလုပ်လုပ် စိတ်နှလုံးကို နှစ်ပြီးလုပ်ပါ။

(၇) သူတို့ကမင်းရဲ့နောက်ကွယ်မှာ မင်းကိုတံတွေးထွေးတယ်ဆိုရင် မင်းကသူတို့ထက်သာနေတယ်ဆိုတာကို ပြနေတာပဲ။

(၈) ငါကြားတယ် ငါမေ့သွားတယ်။ ငါမြင်တယ် ငါမှတ်မိတယ်။ ငါလုပ်တယ် ငါနားလည်တယ်။

Source: Addicted 2 Success

(၉) ဘဝကြီးက အင်မတန်ရိုးရှင်းပါတယ်။ လူတွေကသာ ရှုပ်ထွေးအောင်လုပ်နေတာပါ။

(၁၀) အရာရာတိုင်းမှာ အလှကိုယ်စီရှိကြတယ်။ ဒါပေမယ့်လူတိုင်းက ဒါကိုမမြင်နိုင်ကြပါဘူး။