ဝမ်းဗိုက်အဆီတွေနဲ့ဗိုက်ရွှဲရွှဲကြီးဖြစ်နေတာကိုတော့ ဘယ်သူကမှ လိုချင်ကြမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ပြင်းထန်တဲ့အားကစားတွေမပြုလုပ်ချင်တဲ့ အမျိုးသားတွေအတွက်ရော၊ အားကစားပြုလုပ်ဖို့ အချိန်မပေးနိုင်တဲ့ အမျိုးသားတွေအတွက်ပါ အသုံးတည့်မယ့် အားကစားအချို့ကို ဝေမျှပေးချင်ပါတယ်။ တစ်နေ့ကို အချိန် ၁၀ မိနစ်လောက် ပေးလိုက်ရုံနဲ့တင် ဝမ်းဗိုက်ကြွက်သားလေးတွေက ဖောင်းသင့်တဲ့နေရာမှာ ဖောင်းပြီး ကြွက်သားအမြှောင်းမြှောင်းလေးတွေနဲ့ ကြည့်ကောင်းနေမှာ အမှန်ပါပဲ။ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ဘယ်လိုလေ့ကျင့်ခန်းတွေကို ဘယ်နှကြိမ်ပြုလုပ်ပေးရမလဲဆိုတာကို အတူတူလေ့လာကြည့်လိုက်ရအောင်။

လေ့ကျင့်ခန်း (၁)

Source: fitnessandpower.com

ဘားတန်းတစ်ခုကို လှမ်းဆွဲလိုက်ပြီး ခြေထောက်ကို ဖြောင့်ဖြောင့်တန်းတန်းအနေအထားအတိုင်း အရှေ့ကို ဆွဲမပေးရပါမယ်။ ထောင့်မှန်ပုံသဏ္ဍာန် (၉၀) ဒီဂရီခန့် ဆွဲမပြီးတဲ့အခါမှာတော့ ဖြည်းဖြည်းချင်း ပြန်ချရပါမယ်။ ဒီလေ့ကျင့်ခန်းကို အကြိမ်ရေ ၃၀ ခန့်ပြုလုပ်ပြီးနောက် စက္ကန့် ခြောက်ဆယ်နားလိုက်ပါ။ ၃ ကြော့ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၂)

Source: Shutterstock

ဘယ်ဘက်တံတောင်ဆစ်ကို ထောက်ထားပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို မြှောက်ထားပေးလိုက်ပါ။ တင်ပါးကိုလည်း မြှောက်ထားပေးရပါမယ်။ ခန္ဓာကိုယ်တစ်ခုလုံးက မျဉ်ဖြောင့်အစောင်းပုံသဏ္ဍာန်ဖြစ်နေရပါမယ်။ ထိုကဲ့သို့အနေအထားအတိုင်းနေပြီး အသက်ပြင်းပြင်းရှုပါ။ စလုပ်လုပ်ချင်းမှာတော့ စက္ကန့် ၃၀ ခန့် တောင့်ခံထားပါ။ တဖြည်းဖြည်း ပြုလုပ်ရတာ အကျင့်ဖြစ်လာရင်တော့ ၁ မိနစ်ကနေ ၃ မိနစ်အထိ အချိန်တိုးပြီး ပြုလုပ်ပေးရပါမယ်။ ပြီးတဲ့အခါ ညာဘက်တံတောင်ဆစ်ထောက်ပြီး ထပ်မံပြုလုပ်ပေးရပါမယ်။ ဘယ် ညာတစ်ကြော့ပြီးသွားတဲ့အခါ စက္ကန့်ခြောက်ဆယ်အနားယူပါ။ ဒီလေ့ကျင့်ခန်းကိုလည်း ၃ ကြော့စီပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၃)

Source: fitnessandpower.com

ပုံစံ (A) က အနေအထားအတိုင်း ဒူးကိုထောက်ထားမယ်၊ ခြေထောက်ကို ချိတ်ထားပြီး အလေးတုံးကို ပုခုံးအကျယ်ထက် အနည်းငယ်ကျယ်အောင် လက်နှစ်ဖက်ကို ခြားထားရပါမယ်။ ထို့နောက် ခန္ဓာကိုယ်အရှေ့ပိုင်းကို ကြမ်းပြင်နဲ့ တစ်လက်မလောက်ထိလုနီးပါးချလိုက်ပါ။ ပြီးရင် မူလအနေအထားအတိုင်း ပြန်နေလိုက်ပါ။ အကြိမ်ရေ ၂၀ ပြည့်တဲ့အခါ ခဏနားပြီး ၃ ကြော့ပြည့်အောင် ပြုလုပ်ပေးပါ။

လေ့ကျင့်ခန်း (၄)

Source: fitnessandpower.com

ခြေထောက်ကို ပုခုံးအကျယ်ထက် ပိုကျယ်အောင် ချဲထားပါ။ လက်က အလေးတုံးကိုင်ထားပါ။ ဒူးခေါင်းအနည်းငယ်ကွေးထားပြီး အလေးတုံးကို ညာဘယ်ခြမ်းကနေ ခါးလှည့်ပြီး ဘယ်ဘက်ခြမ်း အပေါ်သို့ ပင့်တင်ပေးရမှာပါ။ တံတောင်မကွေးစေဘဲ လက်ကိုတစ်ဖြောင့်တည်းထားရပါမယ်။ အပေါ်ကနေ ညာဘက်ခြမ်းသို့ အလေးတုံးပြန်ချလိုက်ပါ။ အကြိမ်ရေ ၂၀ ပြုလုပ်ပါ။ တစ်ဖန် ခန္ဓာကိုယ် ဘက်ပြောင်းပြီး ပြန်လှည့်ပေးရပါမယ်။ အကြိမ်ရေ ၂၀ ပြုလုပ်ပါ။ ဒါဆို တစ်ကြော့ပြည့်ပါပြီ။ ၃ကြော့ပြည့်အောင် ပြုလုပ်ပေးရပါမယ်။

ဒီလေ့ကျင့်ခန်းတွေကို တစ်နေ့ကို အချိန်အနည်းငယ်ပေးပြီး ပြုလုပ်ပေးမယ်ဆိုရင် အဆီပိုတွေမရှိဘဲ ကြွက်သားအပြည့်နဲ့ ကိုယ့်ကိုယ်ကိုယုံကြည့်မှုရှိနိုင်ပါတယ်။