ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်ဟာ အရောင်အသွေးတွေနဲ့ ဖွဲ့စည်းထားတာပါ။ ဒါပေမယ့် အခုပြောမယ့် မြို့တွေလောက် ကာလာစုံတဲ့ မြို့တွေ မရှိပါဘူး။

(၁၀) Cinque Terre

Source: pexels

အီတလီနိုင်ငံက Cinque Terre မြို့ဟာ Monterosso al Mare ၊ Vernazza ၊ Corniglia ၊ Manarola နဲ့ Riomaggiore ဆိုတဲ့ မြို့ ၅ မြို့နဲ့ ဖွဲ့စည်းထားပါတယ်။ မြို့ကို အပေါ်စီးက ခြုံကြည့်မယ်ဆိုရင် တောက်ပဆန်းပြားတဲ့ ကာလာအမျိုးမျိုးကို လှမ်းမြင်ရမှာပါ။ တိုက်တွေ ၊ အိမ်တွေရဲ့ နံရံမျက်နှာစာတွေဟာ တောက်တောက်ပပ ကာလာတွေနဲ့ ထူးခြားတဲ့ မြို့လည်း ဖြစ်ပါတယ်။

(၉) Brighton Beach

Source: flickr

Brighton Beach ကတော့ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ ကမ်းခြေမှာ ရှိပါတယ်။ ရှည်လျားပြန့်ပြူးတဲ့ ကမ်းခြေဟာ Dendy Street ကမ်းခြေ ၊ Middle Brighton နဲ့ Brighton Beach ဆိုပြီး ကမ်းခြေတွေ ရှိပါတယ်။ ကမ်းခြေဧရိယာတွေဟာ ရောင်စုံအိမ်လေးတွေနဲ့ ပနံရနေပါတယ်။

(၈) Paradise Island

Source: Pinterest

ဘဟားမားက ကျွန်းတစ်ခု ဖြစ်တဲ့ Paradise Island ဟာ အလှအပ နဲ့ သမိုင်းကြောင်း ကြွယ်ဝတဲ့ မြို့တစ်မြို့ပါ။ Paradise Island ဟာ ၁၆၅၆ ခုနှစ်မှာ တည်ထောင်ခဲ့တာ ဖြစ်ပြီး ကိုလိုနီခေတ် အငွေ့အသက်တွေ လွှမ်းခြုံထားသလို ကျွန်းပေါ်က အဆောက်အဦတွေဟာ ကာလာနဲ့ ယဉ်ကျေးမှု Culture တွေရဲ့ သက်သေလို့ ဆိုနိုင်ပါတယ်။

(၇) Gamla Stan

Source: Radisson Blu Blog

ဆွီဒင်နိုင်ငံ စတော့ခ်ဟုမ်းက မြို့ဟောင်းဖြစ်ပြီး ၁၃၀၀ ခုနှစ်က တည်ထောင်ထားတဲ့ မြို့လည်း ဖြစ်ပါတယ်။ ဒီမြို့ငယ်လေးမှာ လူပေါင်း ၃၀၀၀ ခန့်ပဲ နေထိုင်ပြီး အဆောက်အဦအများစုဟာ ၁၆ ရာစုနဲ့ ၁၇ ရာစုအကြားမှာ ဆောက်လုပ်ခဲ့တာပါ။

(၆) Barranco

Source: Pinterest

တောင်အမေရိကတိုက်ထဲက နိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့ ပီရူးမှာ ရှိတဲ့ မြို့တစ်မြို့ဖြစ်ပြီး အရောင်အသွေးစုံလင်တဲ့ အဆောက်အဦများနဲ့ ဖွဲ့စည်းထားပါတယ်။

(၅) Cape Town

Source: Medium

တောင်အာဖရိကရဲ့ မြို့တစ်မြို့ဖြစ်တဲ့ Cape Town ဟာ ပန်းရောင် ၊ လိမ္မော်နဲ့ အပြာရောင်တွေကို ပင်တိုင်ထားပြီး အသုံးပြုတဲ့ မြို့ဖြစ်ပါတယ်။

(၄) Pattaya

Source: themost10

Pattaya ဟာ ထိုင်းနိုင်ငံက မြို့တစ်မြို့ဖြစ်ပြီး နိုင်ငံခြား ခရီးသွား သန်းပေါင်းများစွာ နှစ်စဉ်လာရောက်လည်ပတ်နေတဲ့ မြို့ပါ။ Pattaya ကမ်းခြေနဲ့အတူ ထင်ရှားတာက ကာလာစုံတဲ့ အိမ်နဲ့ ဟိုတယ်တွေပဲ ဖြစ်ပါတယ်။

(၃) Puerto Vallarta

Source: Pinterest

မက္ကဆီကိုရဲ့ အသွင်အပြင်ကို ခံစားဖို့ အကောင်းဆုံး မြို့ထဲမှာ Puerto Vallarta လည်း ပါပါတယ်။ လမ်းတွေ ၊ ဘုရားကျောင်း ၊ ဈေးနဲ့ စားသောက်ဆိုင်တွေ အကြား လျှောက်သွားရင်း မြို့ရဲ့ ဆန်းပြားတဲ့ အရောင်တွေက မမေ့ချင်စရာပါ။

(၂) Willemstad

Source: LandLopers

ကာရစ်ဘီယံကျွန်းစုထဲက Willemstad မြို့လေးဟာလည်း ထူးခြားတဲ့ မြို့တစ်မြို့ဖြစ်ပြီး ၁၈ ရာစုအတွင်းမှာ မြို့အုပ်ချုပ်သူတွေဟာ အဆောက်အဦတွေကို ဆေးသုတ်ဖို့ အမိန့်ထုတ်ခဲ့တာကြောင့် ဒီနေ့အချိန်အထိ ရှေးမူကာလာဆန်းတွေနဲ့ ကမ္ဘာ့အမွေအနှစ်အဖြစ်တောင် သတ်မှတ်ရတဲ့ မြို့လည်း ဖြစ်ပါတယ်။

(၁) Wroclaw

Source: Pinterest

Wroclaw ဟာ ပိုလန်နိုင်ငံက မြို့ဖြစ်ပြီး ရောင်စုံရုပ်ပြစာအုပ်ထဲက အိမ်ကလေးတွေအတိုင်း ကာလာစုံလင်နေပါတယ်။ ရှေးဂန္တဝင်ဗိသုကာလက်ရာ ကာလတွေနဲ့ တည်ဆောက်ထားတဲ့ အဆောက်အဦတွေ ဖြစ်လို့ ဥရောပရဲ့ အရောင်အသွေးအစုံဆုံးမြို့ထဲမှာ ပါနေပါတယ်။