ချမ်းသာတဲ့သူတွေက ပိုပိုပြီးချမ်းသာလာကြတယ်။ ချမ်းသာလာတာနဲ့အမျှ ဇိမ်ခံပစ္စည်းတွေ အိမ်တွေ ဝယ်လာကြတယ်။ တစ်ချို့ ကမ္ဘာ့အချမ်းသာဆုံးဆိုတဲ့ လူတွေရဲ့ အိမ်တန်ဖိုးဟာ ဒေါ်လာ ၁ ဘီလီယံထိတောင် ရှိပါတယ်။

ဘယ်သူတွေ ပိုင်ဆိုင်တဲ့ အိမ်တွေက ဘယ်လောက်ထိဈေးကြီးကြသလဲဆိုတာ ဒီနေ့ kwee ကပြောပြပေးသွားမှာပါ။

Beverly House (ဒေါ်လာ ၁၃၅ သန်း) ၊ Beverly တောင်ကုန်း၊ ကယ်လီဖိုးနီးယား

Beverly စံအိမ်ရဲ့ ကာလပေါက်ဈေးက ဒေါ်လာ ၁၃၅ သန်းရှိပါတယ်။ ငှားရမ်းမယ်ဆိုရင်တော့ တစ်လငှားရမ်းခ ဒေါ်လာ ၆ သိန်းခန့်ပေးရမှာပါ။ အိမ်ဝန်းထဲမှာ လူ ၄၀၀ ခန့်ထိုင်လို့ရတဲ့ မြတ်ခင်းပြင်၊ ကလပ်၊ စပါ၊ ဘိလိယက်ခုံတွေ၊ ရုပ်ရှင်ရုံတွေ ပါဝင်ပါတယ်။

ဒီအိမ်ကို Gordan Kaufmann ဆိုတဲ့ ဗီသုကာပညာရှင်တစ်ယောက်က ဒီဇိုင်းရေးဆွဲခဲ့တာဖြစ်ပြီး ဘဏ်လုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ Milton Getz ကတည်ဆောက်ခဲ့တာပါ။ ဒီအိမ်ကြီးမှာ “The Godfather”, “The Bodyguard” တို့လိုနာမည်ကြီးရုပ်ရှင်တွေ ရိုက်ကူးခဲ့ပါသေးတယ်။

Fair Field (ဒေါ်လာ ၂၄၉ သန်း) ၊ Sagaponack ၊ နယူးယော့ခ်

Fair Field စံအိမ်ကြီးရဲ့တန်ဖိုးက ဒေါ်လာ ၂၄၈.၅ သန်းခန့်ရှိပါတယ်။ ဒီအိမ်ကြီးကို Ira Leon Rennert ဆိုတဲ့ အမေရီကန် ဘီလီယံနာကြီး တစ်ဦးကပိုင်ဆိုင်ပါတယ်။

Fair Field အိမ်ကြီးမှာ အိမ်ခန်း ၂၉ ခန်း၊ ရေချိုခန်း ၃၉ ခန်း နဲ့ ရေကူးကန်၊ ၁၆၄ ယောက်ဆန့် ရုပ်ရှင်ရုံ၊ ဘက်စက်ဘောကွင်း စသဖြင့် ပါဝင်ပါတယ်။

Tour Odéon တာဝါပေါ် Penthouse (ဒေါ်လာ သန်း ၄၀၀) ၊ Monte Carlo ၊ မိုနာကို

အထပ်ပေါင်း ၄၉ ထပ်ရှိတဲ့ Tour Odéon တာဝါပေါ်က Penthouse ရဲ့တန်ဖိုးဟာ ဒေါ်လာ သန်း ၄၀၀ ခန့်ရှိပြီး ကမ္ဘာ့ဈေးအကြီးဆုံး အဖြစ်သက်မှတ်ထားကြပါတယ်။ ရေးကူးကန်နဲ့ ရေလွှာလျှောစီးတာတွေပါ ထည့်သွင်းဆောက်လုပ်ထားတယ်လို့ သိရပါတယ်။

Villa Leopolda (ဒေါ်လာ သန်း ၇၅၀) ၊ Villefranche-sur-mer ၊ ပြင်သစ်

Villa Leopolda ကို ဘယ်ဂျီယံ ဘုရင် Leopold II ကတည်ဆောက်ခဲ့ပြီး စံအိမ်ထဲမှာ အိပ်ခန်း ၁၁ ခန်း၊ ရေချိုးခန်း ၁၄ ခန်း ပါပြီးတော့ ဧက ၅၀ ကျယ်ဝန်းပါတယ်။

Antilia (ဒေါ်လာ ၁ ဘီလီယံ) ၊ မွန်ဘိုင်း၊ အိန္ဒိယ

အထပ်ပေါင်း ၂၇ ထပ်ပါတဲ့ Antilia ဟာ အိန္ဒိယ နိူင်ငံ မွန်ဘိုင်း မြို့မှာ တည်ရှိပြီးတော့ ကမ္ဘာ့ဈေးအကြီးဆုံး အိမ်အဖြစ်သက်မှတ်ထားပါတယ်။ သူ့ရဲ့တန်ဖိုးကတော့ ဒေါ်လာ ၁ ဘီလီယံ ကျော်တယ်လို့လည်း သိရပါတယ်။

Source: ILYCE GLINK