ယောင်္ကျားတစ်ယောက်ပဲ ရနိုင်မယ့် ပင်ကိုယ်အလှက မုတ်ဆိတ်မွေး နှုတ်ခမ်းမွေး ထားနိုင်ခြင်းပဲ ဖြစ်ပါတယ်။ မုတ်ဆိတ်ထားခြင်းဟာ လူတစ်ယောက်ကို ပိုဆွဲဆောင်မှုရှိသလို ယောင်္ကျားပို ပီသပြီး စိတ်ဝင်စားဖွယ် ဖြစ်လာပါတယ်။ နာမည်ကျော်တွေ မုတ်ဆိတ်မထားခင်နဲ့ မုတ်ဆိတ်ထားပြီးပုံတွေကို ယှဉ်ကြည့်ရင် သိသာသွားပါလိမ့်မယ်။

(၁) Viggo Mortensen

Photo: brightside
ဒိန်းမတ်- အမေရိကန်နွယ်ဖွား မင်းသားကြီး Viggo Mortensen ပါ။ Lord of The Rings ကြည့်သူတိုင်း အမှတ်ရနေမယ့် မင်းသားကြီး ဖြစ်ပါတယ်။ ကဲ… သူ့ရဲ့ မုတ်ဆိတ်မရှိတဲ့ပုံနဲ့ မုတ်ဆိတ်ထားတဲ့ ပုံကွာခြားချက်လေးလည်း ကြည့်လိုက်ပါဦး။

(၂) Ben Affleck

Photo: brightside

Batman မင်းသားကြီး Ben Affleck ကို အားလုံး သိကြပါလိမ့်မယ်။ Ben Affleck ရဲ့ မုတ်ဆိတ်ထားတဲ့ပုံနဲ့ မုတ်ဆိတ်မပါတဲ့ ပုံကလည်း သူ့ရုပ်ကို အတော်လေး ပြောင်းစေတာ တွေ့ရမှာပါ။

(၃) Bradley Cooper

Photo: brightside

ဟောလီးဝုဒ် အက်ရှင်မင်းသားချောကြီး Bradley Cooper ကို Limitless ၊ American Hustle ၊ Guardians of The Calaxy ကားတွေနဲ့ နာမည်ကြီးပါတယ်။ ဒါက သူ့ရဲ့ မုတ်ဆိတ်ပါတဲ့ပုံနဲ့ မပါတဲ့ ပုံ ဖြစ်ပါတယ်။

(၄) Pierce Brosnan

Photo: brightside

ပဉ္စမမြောက် ဂျိမ်းစ်ဘွန်းမင်းသားကြီး Pierce Brosnan က နဂိုကတည်းက ခန့်ညားတဲ့သူပါ။ ဂျိမ်းဘွန်းကားတွေမှာ သူ့ကို မုတ်ဆိတ်မပါဘဲတွေ့ရလေ့ရှိပါတယ်။ အခုမုတ်ဆိတ်ပါတဲ့ ပုံမှာ ဘယ်လို ပြောင်းလဲသွားလဲ ကြည့်လိုက်ပါ။

(၅) Hugh Jackman

Photo: brightside

သီချင်းလည်း ဆိုတယ် ၊ သရုပ်လည်း ဆောင်ပါတယ်။ နာမည်ကြီးတာက X-Men Series ထဲမှာ Wolverine/Logan အနေနဲ့ ဖြစ်ပါတယ်။ သူ့ကို မုတ်ဆိတ်မပါဘဲ တွေ့ရရင် စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်သွားနိုင်ပါတယ်။

(၆) Jake Gyllenhaal

Photo: brightside

Jake Gyllenhaal ကို The Day After Tomorrow ၊ Nightcrawler ၊ Prisoners ၊ Southpaw ကားတွေမှာ လူသိများပါတယ်။ သူ့ရဲ့ မုတ်ဆိတ်ထားတဲ့ပုံကလည်း ရုပ်ပြောင်းစေတာ သိသာပါတယ်။

(၇) Leonardo DiCaprio

Photo: brightside

မိတ်ဆက်ပေးစရာမလိုအောင် ကမ္ဘာကျော်တဲ့ ဟောလီးဝုဒ်မင်းသားကြီးတစ်လက်ပါ။ Leonardo DiCaprio ကတော့ အသက် ၄၆ နှစ်ထဲ ရောက်လာပြီ ဖြစ်ပေမယ့် အခုထိ ကြည့်ကောင်းနေတုန်းပါပဲ။

(၈) Robert Pattinson

Photo: brightside

Twilight ဇာတ်ကားတွေနဲ့ မိန်းကလေးတွေ သည်းသည်းလှုပ်ရင်ခုန်အောင် ပြုစားခဲ့တဲ့ မင်းသားကြီး ဖြစ်ပါတယ်။ Batman မင်းသားသစ်အဖြစ်လည်း Robert Pattinson ကို မြင်ရတော့မှာပါ။ နောက်ပိုင်းမှာ The Lighthouse လို အကြမ်းစားကားတွေ ရိုက်ချိန်မှာ မုတ်ဆိတ်နဲ့ ခပ်ကြမ်းကြမ်းလူတစ်ယောက်ပုံစံအဖြစ် ပီပီပြင်ပြင် တွေ့ခဲ့ရပါတယ်။

(၉) Denzel Washington

Photo: brightside

အသက် ၆၅ နှစ်ရှိပြီ ဖြစ်တဲ့ မင်းသားကြီးရဲ့ ဂန္ဓဝင်ရုပ်ရှင်တွေ အများကြီး ရှိပါတယ်။ Training Day , The Hurricane American Gangster , Malcolm X ၊ The Great Debaters ရုပ်ရှင်တွေဆို ပရိသတ်တွေ ရင်ထဲစွဲကျန်နေအောင် စွမ်းဆောင်နိုင်ပါတယ်။

(၁၀) David Beckham

Photo: brightside

အခုပြောခဲ့သမျှ စာရင်းမှာ မင်းသားမဟုတ်တဲ့ နာမည်ကျော်တစ်ယောက် ပါလာပါတယ်။ အင်္ဂလန်ဘောလုံးသမားကြီး David Beckham ဖြစ်ပါတယ်။ နဂိုကတည်းက ခန့်ညားပြီး ယောင်္ကျားပီသတဲ့ ကျွန်တော်တို့ရဲ့ ဘောလုံးသမားကြီးဟာ မုတ်ဆိတ်နဲ့လည်း ကြည့်လို့ကောင်းနေပါတယ်။