မိမိအဝတ်ဘီဒိုကို ဖက်ရှင်ကျသူတစ်ယောက်ပိုင်ဆိုင်ထားတဲ့ အဝတ်ဘီဒိုအဖြစ် ပြောင်းလဲဖို့ဆိုရင် ဘာတွေလိုအပ်မလဲဆိုတာ သင် သိပါသလား။

ကိုယ်နဲ့ မတော်တော့တဲ့အဝတ်အစားများ၊ ပေါက်ပြဲနေသော အဝတ်အစားများကို သေချာရှင်းထုတ်ရမှာဖြစ်ပြီး အခုဖော်ပြပေးမယ့် အဝတ်အစား (၁၀) မျိုးနဲ့ အစားထိုးနိုင်ပါတယ်။

အပေါ်ဝတ် ကုတ်အင်္ကျီ

tips for men who want to upgrade their wardrobe

Layering သဘောမျိုး အင်္ကျီနှစ်ထပ်၊ သုံးထပ်ခန့် ဝတ်ဆင်ရတာ ကြိုက်နှစ်သက်သူများအဖို့ အပေါ်ဝတ်ကုတ်အင်္ကျီသည် တစ်ထည်ခန့် ဝယ်ထားသင့်ပါတယ်။

Sneaker ဖိနပ်တစ်ရံ

tips for men who want to upgrade their wardrobe

Sneaker ဖိနပ် ရွေးချယ်မယ်ဆိုရင်တော့ ပေါ့ပေါ့ပါးပါးဖက်ရှင်ဝတ်တဲ့အခါမှာလည်း ဝတ်ဆင်နိုင်သလို စမတ်ကျကျဖက်ရှင်နဲ့လည်း တွဲဖက်ဝတ်ဆင်နိုင်မယ့် Sneaker ဖိနပ်မျိုးကို ရွေးချယ်သင့်ပါတယ်။

ရှပ်ပုံစံ ဂျက်ကတ်အင်္ကျီ

tips for men who want to upgrade their wardrobe

အင်္ကျီအကွက်လှလှလေးတွေကို နှစ်သက်သူများအတွက်တော့ ရှပ်ပုံစံ ဂျက်ကတ်အင်္ကျီမျိုးကို ရွေးချယ်သင့်ပါတယ်။

ဟူဒီအင်္ကျီ

tips for men who want to upgrade their wardrobe

လူငယ်ဆန်ဆန်နဲ့ နွေးနွေးထွေးထွေးဖြင့် စတိုင်လ်ကျချင်တယ်ဆိုရင်တော့ ဟူဒီအင်္ကျီက သင့်အတွက်ပါပဲ။

ရှပ်အင်္ကျီလက်ရှည်

tips for men who want to upgrade their wardrobe

ရှပ်အင်္ကျီလက်ရှည်ကတော့ နွေ၊ မိုး၊ ဆောင်း ဥတုမရွေး ဝတ်ဆင်နိုင်တဲ့ အဝတ်အစားတစ်ခုဖြစ်တာကြောင့် သင့်အဝတ်ဘီဒိုထဲမှာ ဒီအဝတ်အစားမျိုးသည်လည်း မရှိမဖြစ် ထည့်ထားသင့်ပါတယ်။

ဇစ်တစ်ဝက်ပဲပါတဲ့ ဆွယ်တာအင်္ကျီ

tips for men who want to upgrade their wardrobe

အေးတဲ့ရာသီဥတုတွေမှာ သင့်ကို နွေးနွေးထွေးထွေးနဲ့ ဖက်ရှင်ကျအောင် ကူညီပေးနိုင်ပါတယ်။

ပိုလိုရှပ်အင်္ကျီ

tips for men who want to upgrade their wardrobe

ပေါ့ပေါ့ပါးပါးနဲ့ စတိုင်လ်ကျချင်ရင်တော့ ပိုလိုရှပ်အင်္ကျီက အသင့်တော်ဆုံးပါပဲ။ ဇစ်တစ်ဝက်ပါတဲ့ ဒီဇိုင်းသည်လည်း အခုနောက်ပိုင်းခေတ်စားလာတဲ့ ဒီဇိုင်းတစ်မျိုးပါ။

စတိုင်လ်ဘောင်းဘီ

tips for men who want to upgrade their wardrobe

စမတ်ကျသူများရဲ့နေ့စဉ်ဘဝအတွက် လိုအပ်တဲ့ ဖက်ရှင်တွေထဲမှာ စတိုင်လ်ဘောင်းဘီသည်လည်းတစ်ခုအပါအဝင်ပါပဲ။

ချီနိုဘောင်းဘီ

tips for men who want to upgrade their wardrobe

ချီနိုဘောင်းဘီများကတော့ ဝတ်ဆင်ရတာ သက်သောင့်သက်သာရှိပြီး ရုံးတက်ရုံးဆင်းဖက်ရှင်အတွက် မရှိမဖြစ်လိုအပ်ပါတယ်။

ဂျင်းဘောင်းဘီ

tips for men who want to upgrade their wardrobe

အကြမ်းလည်းခံပြီး ဖက်ရှင်လည်းကျတဲ့ ဂျင်းဘောင်းဘီကတော့ လူတိုင်းမှာ ရှိသင့်တဲ့ အဝတ်အစားတစ်မျိုးပဲဖြစ်ပါတယ်။ နေ့ရက်တိုင်းမှာ စတိုင်လ်ကျအောင် ကူညီပေးနိုင်တဲ့ အဝတ်အစားပါ။

Source: Trunkclub.com

Featured Image Source: Trunkclub.com