ယောကျာင်္းတစ်ယောက်အတွက် အခက်ဆုံး ဘာသာရပ်တွေထဲမှာ မိန်းကလေးတွေရဲ့ အကြောင်းလည်း ပါပါတယ်။ တစ်ခါတစ်လေမှာ အမျိုးသမီးတွေအကြောင်း နောကျေပါတယ်ဆိုတဲ့သူတောင် နားမလည်ဖြစ်ရတဲ့ အချိန်တွေ ရှိပါတယ်။ အကောင်းဆုံးက ဘယ်ကောင်မလေးနဲ့ ပြောပြော စကားပြောမမှားအောင် ရှောင်ရမယ့်အချက်တွေ သိထားရင် အဆင်ပြေမှာပါ။

(၁) နမ်းလို့ရမလား

Source: nicknotas

ဘယ်တော့မှ မမေးသင့်ပါ။ အခြေအနေကောင်းပြီဆိုတာ ကိုယ့်ဘာသာ သေချာရင် မောင်မင်းကြီးသားအနေနဲ့ ကိုယ့်ဘာသာ ရှေ့တစ်လှမ်းတိုးလိုက်ပါ။

(၂) တစ်နေ့ကနဲ့ မတူဘူးနော် ဘာတွေ လုပ်လာပြီလဲ

Source: nicknotas

ပြဿနာပဲ။ ပြောချင်တာက ဒီနေ့အတော်လေး ပုံစံပြောင်းနေတယ်ပါ့။ မပြင်မဆင်နေ့တွေတုန်းက သရဲမ ရုပ်ပေါက်သွားသလား ထင်ချင်စရာပါ။

(၃) အသက်ဘယ်လောက်လဲ

Source: ShutterStock

ဒါမျိုးကတော့ မိန်းကလေး ၁၀ ယောက်မှာ ၉ ယောက်က တင်းပြီး ကျန်တဲ့ ၁ ယောက်က မေးတဲ့လူကို လည်ပင်း ထညှစ်ချင်စိတ်ပေါက်ပါတယ်။ အသက်အရွယ်ကို မမေးရဆိုတာ လူကြီးလူကောင်းတို့ လက်စွဲစာအုပ်မှာ အတိအလင်း ဖော်ပြပြီးသားပါ။

(၄) ဒီဝတ်စုံကြီးနဲ့ အပြင်ထွက်မှာလား

Source: The Adult Man

မိန်းကလေးတွေက ဒါမျိုး အမေးခံရရင် အစော်ကားခံလိုက်ရတာလို့ ယူဆတတ်ပါတယ်။

(၅) ဗိုက်ကြီးနေတာလား

Source: ShutterStock

ကိုယ်ထင်တာ မှန်ရင်တောင် ဘယ်မိန်းကလေးမှ မကြိုက်တဲ့မေးခွန်းပါ။ တစ်ခါတစ်လေ အဆီတက်ပြီး ဝနေတဲ့ ကောင်မလေးများ သွားမေးမိရင်တော့ ပါးမကွဲတာ ကံကောင်း။

(၆) မင်း ညီမလေးက လှလား

Source: ShutterStock

ယောကျာင်္းတိုင်းရဲ့ စိတ်မှာ ဒီမေးခွန်း ရှိတတ်ပါတယ်။ ဒါပေမယ့် လူတော်တွေက ဒါမျိုးသိရဖို့ ကောင်မလေးရဲ့ အစ်မကို တိုက်ရိုက်မေးဖို့ ဘယ်တော့မှ မစဉ်းစားပါဘူး။

(၇) ပိုက်ဆံလေး နည်းနည်းလောက် ချေးနိုင်မလား

Source: VideoBlocks

မရှက်ရင်တော့ လုပ်လို့ရပါတယ်။ ဒါပေမယ့် နည်းနည်း အောက်တာပေါ့ဗျာ။ ပိုဆိုးတာက ဟိုကောင်မလေးလက်ထဲမှာ ပိုက်ဆံမရှိရင် အလကား ပိုက်ဆံလည်း မရ ၊ လူကိုလည်း နောက်တစ်ခါ လမ်းမှာတွေ့တောင် ခေါ်ချင်မှာ မဟုတ်တော့ပါဘူး။

(၈) ကျွန်တော်ချောလား

Source: Glamour

နည်းနည်းလေး သိက္ခာထိန်းဦးပေါ့။ ဘယ်သူမှတော့ ကိုယ့်မျက်နှာကို မှန်မှာ မကြည့်ရင် ပြန်မြင်ရတာမဟုတ်တော့ ကိုယ်ချောသလား ၊ မချောဘူးလားဆိုတာ သူများတွေကို လိုက်မေးကြည့်ချင်တာ သဘာဝကျပေမယ့် ဒါမျိုး သွားမေးနေရင် ရူးနေလားတောင် ပြောခံရဦးမယ်။

(၉) ဘယ်နှစ်ပေါင် ရှိသလဲ

Source: ShutterStock

လူကြီးလူကောင်းများ လက်စွဲစာအုပ် အခန်း ၂ မှာ မိန်းကလေးတွေရဲ့ ကိုယ်အလေးချိန်ကို မမေးရလို့ ရေးထားပါတယ်။

(၁၀) ငါ့ကြိုက်နေတာလား

Source: cheatsheet.com

အမြော်အမြင်ရှိပါ ကိုယ့်လူ။ ဟိုက ကြိုက်ချင်ရင်တောင် စိတ်ကုန်အောင် မလုပ်လိုက်ပါနဲ့။