နေ့တိုင်းမှာ တစ်ကိုယ်ရည် သန့်ရှင်းဖို့အတွက် ရေချိုးတယ်ဆိုပေမယ့် လူတော်တော်များများရဲ့ ရေချိုးတဲ့ ပုံစံမှာ အလွဲအမှားတွေ ရှိကြပါတယ်။ အတော်များများဟာ အခုပြောမယ့် ရေချိုးနည်း အလွဲ ၁၀ မျိုးထဲက ၃-၄ မျိုးကို ကိုယ်တိုင်လုပ်ဖူးကြပါလိမ့်မယ်။

(၁) ရေပူ အချိုးများခြင်း

Source: Healthline

ရေပူချိုးရတာ ဇိမ်ရှိတယ်။ ချွေးပေါက်တွေ ပွင့်ပြီး ပေါ့ပါးစေတယ်ဆိုပေမယ့် ရေပူကိုပဲ အချိုးများတယ်ဆိုရင် အသားအရေနဲ့ ဆံသားကို ကာကွယ်ပေးတဲ့ အရေးပါတဲ့ ကိုယ်တွင်း အဆီဓါတ်လျော့နည်းစေပါတယ်။ ရေအေးအေးနဲ့ ချိုးတဲ့ သူတွေမှာ သွေးလှည်ပတ်မှု ပိုမိုကောင်းမွန်လာသလို ၊ ကိုယ့်ရဲ့ စိတ်ခံစားချက်ကို မြှင့်တင်ပေးနိုင်ပြီး စိတ်ပိုင်းဆိုင်ရာ ပိုပြီး အားကောင်းလာမယ်လို့ ဆိုပါတယ်။

(၂) မကြာခဏ ရေချိုးခြင်း

Source: spy.com

ရေကို တစ်နေ့ ၂ ကြိမ်လောက် ချိုးရင် တစ်ကိုယ်ရည်တစ်ကာယ သန့်ရှင်းဖို့ လုံလောက်ပြီ ဖြစ်ပါတယ်။ တကယ်လို့ တစ်နေ့ ၄ ကြိမ်နဲ့ အထက် ချိုးမယ်ဆိုရင် ဆေပညာအရရော ၊ နေမှုပုံစံအရပါ မှားလာပါတယ်။ နောက်တစ်ခုက ခေါင်းလျှော်တာကိုလည်း ၂-၃ ရက်ကြာမှ တစ်ကြိမ်ပဲ လျှော်သင့်ပါတယ်။

(၃) ရေအကြာကြီး ချိုးခြင်း

Source: GQ

တစ်ခါ ရေချိုးဖို့ နာရီဝက်ကနေ ၁ နာရီအထိ ကြာနေရင် မှားနေပါပြီ။ ရေကို အလဟဿဖြုန်းတီးရာ ရောက်သလို အသားအရေအတွက်လည်း ဘာကောင်းကျိုးမှ မရှိပါဘူး။ ဖြစ်သင့်တာက တစ်ကြိမ်ကို ၁၀ မိနစ်ကျော်ကျော်လောက်ပဲ အချိန်ယူရင်ကို လုံလောက်တဲ့ သန့်ရှင်းမှု ရပါတယ်။

(၄) ရှန်ပူအများကြီး သုံးတာ

Source: The Cheat Sheet

ခေါင်းလျှော်ရည်တွေဟာ ဓါတုပစ္စည်းတွေနဲ့ လုပ်တာဖြစ်လို့ အလွန်အကျွံ သုံးတာဟာ ဦးရေပြား ယားတာကနေ ဆံပင်တွေ ပျက်စီးတာအထိ ဖြစ်နိုင်ပါတယ်။

(၅) မျက်နှာအလွန်အကျွံသစ်တာ

Source: Tiege Hanley

မျက်နှာသန့်ရှင်းရေးအတွက် တစ်နေ့ကို ၃-၄ ကြိမ်လောက် သစ်ရင် လုံလောက်ပါတယ်။ နောက်တစ်ခုက မျက်နှာကို အားနဲ့ ဖိခြစ်ပြီး သစ်တာမျိုးဟာ အရေပြား ပျက်စီးနိုင်တာ ဖြစ်လို့ ရှောင်သင့်ပါတယ်။

(၆) မျက်နှာသုတ်ပဝါကို ရေချိုးခန်းထဲမှာပဲ ထားတာ

Source: FashionBeans

ဒါကတော့ ဘက်တီးရီးယားတွေကို ကိုယ်တိုင် ဖိတ်ခေါ်နေသလို ဖြစ်စေပါတယ်။ နောက်တစ်ချက်က ဝက်ခြံပေါက်တတ်တဲ့ သူတွေမှာဆို ဒီလို အကျင့်ဆိုးကြောင့် မျက်နှာကို ပိုပြီး ဆိုးဝါးစေပါတယ်။

(၇) ဆံပင်ပျော့ဆေးမသုံးတာ

Source: feelingsexy.com.au

Conditioner ကို ဆံပင်တိုတဲ့ သူတွေမှာလည်း သုံးနိုင်ပါတယ်။ ဆံသားအားဖြည့်ပေးနိုင်ပါတယ်။ တစ်ခုရှိတာက အများကြီး မသုံးမိဖို့ပါပဲ။

(၈) Shampoo / Conditioner အများကြီး သုံးတာ

ဒါကတော့ အပေါ်မှာ ပြောခဲ့သလိုပဲ အလွန်အကျွံဆို ဘာမှ မကောင်းဘူးလို့ပဲ အကြမ်းဖျဉ်း သိထားသင့်ပါတယ်။

(၉) ရေချိုးခန်းထဲ မုတ်ဆိတ်ရိတ်ဓါး ထားတာ

Source: feelingsexy.com.au

ရေချိုးခန်းသုံးပစ္စည်းတွေကို သန့်သန့်ရှင်းရှင်းထားဖို့လိုပါတယ်။ ရေချိုးခန်းထဲမှာ ထားမယ်ဆိုရင် ဘက်တီးရီးယားတွေ စွဲကပ် ပေါက်ဖွားနိုင်ပါတယ်။

(၁၀) မှန်မှန်ကန်ကန် မဆေးကြောတာ

Source: The Breakup Queen

ရေပဲချိုးချိုး ခေါင်းပဲ လျှော်လျှော် စနစ်တကျနဲ့ ပြောင်စင်အောင် လျှော်ဖို့လိုပါတယ်။ ဆပ်ပြာတွေ ၊ ခေါင်းလျှော်ရည်တွေ မပြောင်ဘဲ ရေချိုးခန်းထဲက ထွက်လာမိတာ ကြာရင် ပွေးဝဲယားနာတွေ ဖြစ်နိုင်ပါတယ်။ ဒါတွေကတော့ ရေချိုးရာမှာ သတိမထားမိဘဲ မှားယွင်းနေတဲ့ နေ့စဉ် အမှားလေးတွေပါ။