ငယ်စဉ်ကတည်းက လူတစ်ယောက်ရဲ့အပြင်ပန်းကိုပဲ ကြည့်ပြီးတော့ မဆုံးဖြတ်နဲ့လို့ သင်ယူခဲ့ရပေမယ့်လည်း တကယ်တမ်း လူတစ်ယောက်ကို မြင်လိုက်တာနဲ့ ဘယ်လိုလူလဲဆိုပြီးတွေးလိုက်တာဟာ သူ့ရဲ့အသွင်အပြင်ပေါ်မှာ အမြဲမူတည်နေပါတယ်။

အခုပြောပြပေးသွားမှာကတော့ အမျိုးသမီးတွေအနေနဲ့ အမျိုးသားတွေရဲ့ ဘယ်လိုအခြေအနေတွေပေါ်မှာ ဆွဲဆောင်မှုရှိတယ်လို့ မြင်နိုင်သလဲဆိုတာကို ဗဟုသုတအနေနဲ့ ဝေမျှပေးသွားမှာပါ။

ဘာတွေဖြစ်မလဲဆိုတာကို အခုပဲကြည့်လိုက်ရအောင်ပါ။

မျက်မှန်များ

ဒီလိုအခြေအနေမှာတော့ လူတစ်ယောက်ရဲ့ အကြိုက်ပေါ်မှာလည်း မူတည်ပါတယ်။ ဥပမာအနေနဲ့ ကောင်မလေးတစ်ယောက်က မျက်မှန်တပ်တဲ့လူတွေကို စိတ်ဝင်စားစရာမကောင်းဘူး၊ ပုံတုံးကြီးလို့တွေးရင်တော့ သူမနဲ့အဝေးကိုရောက်သွားစေနိုင်ပါတယ်။ ဒါပေမယ့် ကောင်မလေးအတွက် မျက်မှန်တပ်ထားခြင်းဟာ ဥာဏ်ကောင်းတယ်၊ ဆွဲဆောင်မှုရှိတယ်လို့ တွေးတယ်ဆိုရင်တော့ သူ့အကြိုက်ဖြစ်သွားနိုင်ပါတယ်။

သပ်ရပ်တဲ့ Suit များ

အခုခေတ်လို တိုးတက်ပြောင်းလဲနေတဲ့အချိန်မှာ Suit တွေကို အရေးကြီးတဲ့ပွဲတွေကိုပဲ ဝတ်ဆင်လေ့ရှိပါတယ်။ ဒါပေမယ့် အမျိုးသားအများစုဟာ Suit တွေဝင်ဆင်လိုက်ခြင်းကြောင့် ကိုယ့်ရဲ့ Impression ကောင်းကောင်းတစ်ခု အမျိုးသမီးတွေအမြင်မှာ ကျန်ရစ်နေစေမယ့် Suit ရဲ့ အရည်အသွေးကို အထင်သေးလေ့ရှိပါတယ်။ ဒါကြောင့် အမျိုးသားအားလုံးသိထားရမှာက အမျိုးသမီးတိုင်းဟာ Suit ဝတ်ထားတဲ့ယောက်ျားတိုင်းကို သဘောကျတယ်ဆိုတာပါပဲ။

ပန်းရောင်ရှပ်တွေ သို့မဟုတ် တီရှပ်တွေ

ပုံမှန်အားဖြင့် ပန်းရောင်ကို မိန်းကလေးတွေရဲ့အရောင်လို့ သတ်မှတ်ထားကြပေမယ့် အချို့အမျိုးသားတွေအနေနဲ့ ပန်းရောင်ကိုရွေးချယ်ဝတ်ဆင်လိုက်ခြင်းဖြင့် အမျိုးသမီးတွေရဲ့ အာရုံကိုဆွဲဆောင်ထားနိုင်ပါတယ်။ ပန်းရောင်ဝတ်ဆင်ခြင်းဟာ အမျိုးသားတစ်ဦးရဲ့ ယုံကြည်မှုနှင့် လူ့ပတ်ဝန်းကျင်ရဲ့ ထင်မြင်ချက်တွေအပေါ်မှာ ကြောက်ရွံ့ခြင်းမရှိဘူးဆိုတာကို သရုပ်ဖော်ကျူးနေတာပါ။

သားရေဂျာကင်အင်္ကျီတွေ

သားရေနဲ့ ဖန်တီးပြုလုပ်ထားတဲ့ အင်္ကျီတွေကို ဝတ်ဆင်လိုက်ခြင်းဟာ အမျိုးသားရဲ့အသွင်အပြင်ကို လုံးဝပြောင်းလဲသွားစေနိုင်ပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုလည်း ပေါ်ပေါက်လာစေမှာဖြစ်ပါတယ်။

စမတ်ကျတဲ့ နာရီများ

အခုလိုမျိုး နည်းပညာတွေ တိုးတက်နေတဲ့ခေတ်ကြီးမှာ အချိန်ကြည့်ဖို့အတွက် စမတ်ဖုန်းတွေကို သုံးလာနိုင်ပါပြီ။ ဒါပေမယ့် နာရီကို မမေ့မလျော့ဘဲ ဝတ်ဆင်ခြင်းဟာ အချိန်ဘယ်လောက်လဲဆိုတာ ကြည့်ဖို့အတွက် ပိုပြီးထင်သာမြင်သာရှိစေပြီး ဆွဲဆောင်မှုရှိတဲ့အသွင်ကို ဖော်ဆောင်နိုင်ပါတယ်။

အားကစားဝတ်စုံတွေ

အမျိုးသားတွေအနေနဲ့ ယောဂဘောင်းဘီဝတ်ထားတဲ့ အမျိုးသမီးတွေကို သဘောကျသလိုပဲ အမျိုးသမီးတွေအနေနဲ့လည်း အားကစားဝတ်စုံအပြည့်ဝတ်ထားပြီး လမ်းပေါ်ထွက်တဲ့ အမျိုးသားတွေကို အထူးစိတ်ဝင်စားကြပါတယ်။

ကိုယ်ကြပ်ဂျင်းဘောင်းဘီတွေ

အမျိုးသားတိုင်းမှာ ရှိသင့်တဲ့ အဝတ်အစားတွေထဲမှာ ဂျင်းဘောင်းဘီက ထိပ်ဆုံးကပါဝင်နေပါတယ်နော်။

ရှူးဖိနပ်တွေ

ယောက်ျားလေးတစ်ယောက်ကို မြင်ရင် အမျိုးသမီးအများစု ဦးဆုံးကြည့်တတ်တာဟာ ဖိနပ်တွေပါ။ ကိုယ်က အပေါ်မှာ ဘယ်လောက်ပဲ သေချာဂရုစိုက်ထားတယ်ဆိုပါစေ ဖိနပ်ရွေးချယ်မှုမှားရင်တော့ အမှတ်တွေက ဟိုးအောက်ခြေကိုရောက်သွားမှာဖြစ်ပါတယ်။

Credit: BrightSide