လူတိုင်းလူတိုင်း ကိုယ်လျှောက်လှမ်းရာ နယ်ပယ်အသီးသီးမှာ လူတော်လူကောင်းတစ်ယောက်ပဲ ဖြစ်ချင်ကြမယ်ထင်ပါတယ်။ ကျောင်းသားပဲဖြစ်စေ အလုပ်ခွင်ဝင်နေတဲ့ ဝန်ထမ်းတစ်ယောက်ပဲဖြစ်စေ မိမိတို့လုပ်ကိုင်နေတဲ့ နေရာဌာနတစ်ခုမှာ ထူးချွန်သူတစ်ယောက်အဖြစ် သတ်မှတ်ခံရခြင်းဟာလည်း စိတ်ဓာတ် ခွန်းအားတစ်မျိုးရစေမှာ ဖြစ်ပါတယ်။ ဒါဆိုရင် အများက ချီးကျူးရလောက်တဲ့ လူတော်တစ်ယောက်ဖြစ်ဖို့ အားလုံးထက် သာလွန်တဲ့ လူကောင်းတစ်ယောက်ဖြစ်ဖို့ ကိုယ့်ကိုယ်ကို ဘယ်လိုနည်းလမ်းတွေနဲ့ လေ့ကျင့်ယူရမလဲဆိုတဲ့ အလေ့အကျင့်ကောင်းလေးတွေကို ကွီးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

(၁) စိန်ခေါ်မှုတွေကိုကြိုဆိုပါ

Success : cheatsheet.com

လူတိုင်းလူတိုင်း Confort Zone ထဲကနေ အရင်ဆုံး ရုန်းထွက်နိုင်ဖို့လိုပါတယ်။ ဘဝမှာ သက်တောင့်သက်သာနေရတာဟာ ကောင်းတယ်ထင်ရပေမယ့် ရေရှည်အတွက်တော့ ဆိုးကျိုးတွေများစွာရှိနေပါတယ်။ အမြဲတမ်း စိန်ခေါ်မှု Challenge တွေလုပ်နေမှသာ အောင်မြင်မှုပန်းတိုင်စီကို အရောက်လှမ်းနိုင်မှာပါ။ ဒါကြောင့် ကိုယ့်ဘဝအတွက် စိန်ခေါ်မှုတွေကို မကြောက်ပါနဲ့။ ရဲရဲကြီးကြိုဆိုရဲတဲ့ သတ္တိမွေးယူပါ။

(၂) အကြောက်တရားကို မောင်းထုတ်ပါ

Success : MAN Careers

ကြောက်တယ်ဆိုတာဟာ ကျရှုံးမှုရဲ့ လမ်းစလို့ပြောလို့ရပါတယ်။ အားလုံးထက်သာလွန်တဲ့လူတစ်ယောက်ဖြစ်ဖို့ အောင်မြင်ဖို့ရင် အကြောက်တရားကို ကျောခိုင်းရဲရပါမယ်။ ကောင်းမွန်မှန်ကန်တဲ့နေရာတွေမှာ ပြောရဲဆိုရဲ လုပ်ရဲကိုင်ရဲဖြစ်နေအောင် ကိုယ့်ကိုယ်ကိုလေ့ကျင့်ထားနိုင်ဖို့ အကြောက်တရားတွေကို မောင်းထုတ်လိုက်ပါ။

(၃) အမှားကို လက်ခံပါ

Success : keycommercialfinance.co.uk

တစ်ခါတစ်လေမှာ လူဆိုတဲ့ အမျိုးက ငါဆိုတဲ့အတ္တနဲ့ ရှင်သန်နေတတ်ကြပါတယ်။ ငါလုပ်တာမှအမှန် ငါလုပ်တာမှကောင်းတယ်ဆိုတာမျိုးတွေ လုပ်နေရင်တော့ ဘယ်တော့မှ အားလုံးထက်သာလွန်တဲ့လူတစ်ယောက်ဆိုတာ ဖြစ်မလာနိုင်ပါဘူး။ ကိုယ့်ရဲ့ အမှားကိုထောက်ပြလာတဲ့အခါ ကြည်ဖြူစွာလက်ခံရဲဖို့လိုပါတယ်။

(၄) အပြစ်တင်တတ်သူမဖြစ်ပါစေနဲ့

Success : blog.altishr.com

အမှားနဲ့ ကင်းတဲ့သူ ဒီကမ္ကာမှာမရှိလောက်ဘူးထင်ပါတယ်။ လူတိုင်း မှားဖူးကြမှာပါ။ ဒီလိုကိစ္စတစ်ခု အမှားပေါ်လာတဲ့အခါတိုင်း တပါးသူကို အပြစ်တင်တတ်တဲ့ အကျင့်ဟာ အင်မတန် အထင်သေးစရာကိစ္စတစ်ခုဖြစ်ပါတယ်။ တပါးသူပေါ် အပြစ်တင်မယ့်အစား သတ္တိရှိစွာနဲ့ ကိုယ့်အမှားကိုယ် တာဝန်ယူမှု တာဝန်ခံမှုအပြည့်ရှိတဲ့ အလေ့အကျင့်ကို ကျင့်သုံးမှသာ လူတော်တစ်ယောက် ဖြစ်လာနိုင်မှာဖြစ်ပါတယ်။