အလုပ်အကိုင်တိုးတက်ဖို့ပဲဖြစ်ဖြစ် ပညာရေးမှာ သူများထက် ပိုပြီး ရှေ့ရောက်ဖို့ဖြစ်ဖြစ် ဘာသာစကားသစ်တွေကို မဖြစ်မနေ သင်ဖို့လိုလာပြီ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ဘာသာစကားသစ်တစ်မျိုးကို သင်လာပေမယ့် အခုထိ တိုးတက်လာတယ် မထင်ဘူးဆိုရင် တစ်ခုခုတော့ မှားနေပါပြီ။ ဒီဆောင်းပါးမှာတော့ ဘာသာစကားအသစ်တွေ သင်မယ်ဆိုရင် ဘယ်လိုနည်းနဲ့အတတ်မြန်အောင် လုပ်လို့ရမလဲဆိုတာကို ပြောသွားမှာပါ။

(၁) တကယ်အသုံးတည့်တဲ့ စကားလုံးတွေ လေ့လာပါ

Source: jobtradition

ဘာသာစကားတစ်ခုမှာ စကားလုံးပေါင်း သောင်းနဲ့ သိန်းနဲ့ ချီရှိနေပေမယ့် တကယ်တမ်း အပြောအများဆုံး စကားလုံးက သိပ်အများကြီး မဟုတ်ပါဘူး။ ဥပမာ- အင်္ဂလိပ်စကားမှာဆိုရင် စကားလုံးတွေ သိန်းပေါင်းများစွာ ရှိပေမယ့် နေ့စဉ်ပြောစကားရဲ့ ၆၈% ဟာ စကားလုံး ၃၀၀ ပဲ ရှိတယ်လို့ဆိုပါတယ်။
ဒီတော့ မဖြစ်မနေ ပြောမယ့် စကားလုံးတွေကို ရွေးထုတ်ပြီး လေ့လာထားဖို့ လိုပါတယ်။

(၂) ဘာသာစကားသစ်ထဲက ဟင်းချက်နည်းတစ်ခုခု သင်ပါ

Source: Expatica

ဟင်းချက်ရင်း စကားသင်လို့ ရပါတယ်။ ပိုပြီးလည်း မြင်သာသလို စကားလုံးတည်ဆောက်ပုံ ၊ အခေါ်အဝေါ်နဲ့ ဖွဲ့စည်းပုံတွေကို ရှင်းရှင်းလင်းလင်း မြင်သာတာကြောင့်ပါ။ ဒီနည်းလမ်းရဲ့ အားသာချက်က စကားလုံးအဆန်းတွေကို သိရဖို့ အဘိဓါန်သုံးစရာ မလိုတော့တာပါပဲ။

(၃) သင်ထားတဲ့ စကားကို သုံးဖြစ်အောင် သုံးပါ

Source: insidermonkey.com

ဖြစ်နိုင်ရင် ကိုယ်သင်ထားတဲ့ ဘာသာစကားပဲ ပြောတဲ့ သူတွေနဲ့ တွေ့ဆုံပါ။ မဆုံနိုင်ရင် ဒီဘာသာစကားသစ်ကို ပြောဖြစ်အောင် ပြောဖို့လိုပါတယ်။ ဘာသာစကားမှာ ရင်းနီးမှုက အရေးကြီးပါတယ်။ တကယ် ရင်းနီးလာရင် စကားလုံးသစ်တွေ ကောက်မသုံးရ မနေနိုင်အောင် ဖြစ်လာပါလိမ့်မယ်။

(၄) မိခင်ဘာသာစကားကို လုံးဝအဆက်ဖြတ်လိုက်ပါ

Source: The Conversation

ဒါက နည်းနည်းတော့ များပါတယ်။ ဒါပေမယ့် ပြောချင်တာက မိခင်ဘာသာစကားကိုပဲ ဆက်သွယ်ရာမှာ ကြားခံအဖြစ် အားကိုးတာကို လျှော့နိုင်သမျှ လျှော့ပါ။ ဘာသာစကားသစ်အကြောင်းပဲ တွေးပါ။ ဘာသာစကားအသစ်နဲ့ပဲ ဆက်သွယ်ပါ။ အသစ်ထဲမှာ မွေ့လျော်လိုက်ပါ။ ဒါဆိုရင် အတတ်မြန်သလို အသစ်တွေလည်း ကိုယ့်ခေါင်းနဲ့ ပါးစပ်ထဲ ရောက်လာပါလိမ့်မယ်။

(၅) ရည်မှန်းချက်နဲ့ သွားပါ

Source: ShutterStock

တစ်လနဲ့ အတတ်သင်တို့ သုံးလပြတ်တို့လို သင်တန်းတွေကို ပြောတာ မဟုတ်ပါဘူး။ ကိုယ့်ခေါင်းထဲမှာ ရည်မှန်းချက်တစ်ခုနဲ့ ဘယ်လောက်အထိ တတ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ထားတာကို ပြောတာပါ။

(၆) အိပ်နေစဉ်မှာ စကားလုံးသစ်တွေ နားထောင်ပါ

Source: ShutterStock

အိပ်ရာဝင်ချိန်မှာ စကားလုံးသစ်တွေ သင်ကြားခြင်းဟာ ထူးဆန်းပေမယ့် ထိရောက်ပါတယ်။ ဒီအကြောင်းကို သုတေသနတွေမှာ ညွှန်ပြတာ ရှိပေမယ့် စကားလုံးသစ်တွေကို ဒီလို သင်တိုင်း တတ်မယ်လို့ မဆိုလိုနိုင်ပါဘူး။ သို့သော်လည်း တစ်နေ့လုံး သင်ကြား မှတ်သားလာတဲ့ စကားလုံးတွေကို ညဘက်အိပ်ရာထဲ ခေါ်သွားတာ ကောင်းပါတယ်။

(၇) ပြောရဲပါစေ

Source: Scary Mommy

အမှားလုပ်ဖို့ ဝန်မလေးပါနဲ့။ကလေးတွေ စကားတတ်လာတယ်ဆိုတာ စကားလုံးအမှားတွေကိုလည်း ပြောရင်း ၊ အမှန်ဘက် ပြန်ပြင်လာရင်းနဲ့ တတ်လာတာပါ။ ဘာသာစကားသစ် သင်ယူရာမှာ ကလေးတွေကို အတုယူဖို့လိုပါတယ်။

(၈) သင်ထားတဲ့ စကားလုံးသစ်ကို အသုံးချပါ

Source: Level Up Living

ဒါလည်း အရေးကြီးပါတယ်။ အသိပညာတွေဟာ အသုံးမချရင် မှုန်ဝါး ပျောက်ကွယ်သွားတတ်ပါတယ်။ စကားလုံးသစ်တွေနဲ့ ဝါကျသစ်တွေ တည်ဆောက်ပြီး စကားပြောတတ်အောင် လုပ်ထားပါ။

(၉) ခရီးသွားအသုံးအနှုန်း စာအုပ်တွေ သုံးပါ

Source: CNBC.com

ခရီးသွားလမ်းညွှန်စာအုပ်တွေဟာ သင်ရိုးညွှန်တမ်းစာအုပ်နဲ့ မတူပါဘူး။ လူတိုင်းအသုံးလွယ်အောင် ရိုးရှင်းတဲ့ ဝါကျနဲ့ တည်ဆောက်ထားပြီး နေ့စဉ်ဘာသာစကားအသုံးအနှုန်းတွေပဲ ပါဝင်ပါတယ်။ ဒါကြောင့် ဖတ်ရတာ သွက်လက်သလို ဒီအသုံးအနှုန်းတွေကို ကိုးကားပြီးလည်း ပြောနိုင်မှာပါ။

(၁၀) မှတ်ဥာဏ်ဖော်တဲ့နည်း သုံးပါ

Source: ThoughtCo

ဘာသာစကားသစ်သင်ရာမှာလည်း Mnemonics တွေက အသုံးတည့်ပါတယ။် ဦးနှောက်ကို စကားလုံးတွေ မှတ်ဥာဏ်တွေ စနစ်တကျနေရာချနည်းပါပဲ။ ကိုယ့်ခေါင်းထဲက မှတ်ဥာဏ်ကို အလွယ်တကူဆွဲထုတ်နိုင်စေဖို့ စကားလုံးသစ်ကို ကိုယ်နဲ့ ရင်းနီးကျွမ်းဝင်တဲ့ ပစ္စည်း ၊ လူ ၊ နေရာတစ်ခုခုနဲ့ တွဲမှတ်တာမျိုးလည်း လုပ်သင့်ပါတယ်။