သင့် ခန္ဓာကိုယ်မှာ တက်တူးရေးထိုးထားခြင်းအားဖြင့် လှပတဲ့ ပန်းချီကားတစ်ချပ်ကို ပုံဖော်နိုင်ပါတယ်။ သေသပ်လှပတဲ့တက်တူးဒီဇိုင်းများက သင့်ဖက်ရှင်ကို မိမိုက်စေတာကြောင့် တက်တူးထိုးတဲ့အခါ လှလှပပရေးထိုးနိုင်တဲ့ တက်တူးပညာရှင်များထံတွင်သာ သွားရောက်ရေးထိုးသင့်ပါတယ်။
အမှန်တကယ်တတ်ကျွမ်းနားလည်ပြီး စိတ်ရှည်တဲ့ တက်တူးဆရာကို မရွေးချယ်ဘဲ ငွေကုန်ကြေးကျမခံနိုင်လို့ဆိုပြီးတော့ တွေ့ကရာဆိုင်မှာ တက်တူးမထိုးသင့်ပါဘူး။ သန့်ရှင်းမှုမရှိခြင်း၊ တစ်ခါသုံးအပ်တွေကို မသုံးဘဲ အများသုံးထားသည့်အပ်ဖြင့် ရေးထိုးပါက သင် ကိုယ်တိုင်ပဲ နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရမှာပါ။

ဒါ့ကြောင့် တက်တူးထိုးမယ်လို့ ဆုံးဖြတ်ပြီးတာနဲ့ မိမိသွားထိုးမယ့် တက်တူးဆိုင်အကြောင်း သေချာလေ့လာပါ။ ရီဗျူးများ သေချာရှာဖတ်ပါ။ ဒါ့အပြင် မိမိ ရေးထိုးမယ့်ဒီဇိုင်းကိုလည်း သုံးရက်ခန့် ကြိုရှာကာ စဉ်းစားထားလိုက်ပါ။ တက်တူးဒီဇိုင်းတွေကို သေချာရှာပြီးပြီဆိုမှ တက်တူးသွားထိုးရပါမယ်။ ဒါမှ ပိုက်ဆံကုန်ရကျိုး၊ အချိန်ကုန်ရကျိုးလည်း နပ်မှာဖြစ်ပါတယ်။
ဘယ်လိုတက်တူးဒီဇိုင်းမျိုးက သင့်ကို ဖက်ရှင်ကျမိမိုက်စေမလဲဆိုတော့…
တက်တူးအသေးစား

ရိုးရာပုံတက်တူးအကြီးစား

ပန်းပွင့်ပုံတက်တူး

ခြင်္သေ့ပုံတက်တူး

ဝံပုလွေပုံတက်တူး

ဇီးကွက်ပုံတက်တူး

ဖီးနစ်ငှက်ပုံတက်တူး

နဂါးပုံတက်တူး

သံလိုက်အိမ်မြှောင်ပုံတက်တူး

3D ရုပ်ကြွတက်တူး

အရိုးခေါင်းပုံတက်တူး

Source: Manofmany.com
