မေလ (၂၆) ရက်နေ့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ အာဘီလိုက်ပ်ဇစ်အသင်းတို့ပွဲစဉ်မှာတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ ဂိုးပြတ်အနိုင်ရလဒ်နဲ့ ဂျာမန်ဖလားကို (၁၉) ကြိမ်မြောက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာတော့ ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ လီဝန်ဒေါစကီးကို အထောင်တိုက်စစ်နေရာထားကာ ကိုးမန်းနဲ့ နာဘရီတို့ကို တောင်ပံတစ်ဖက်တစ်ချက်စီမှာ ထားရှိခဲ့ပြီး ထူးထူးခြားခြားဒဏ်ရာရှိထားလို့ အနားယူနေရတဲ့ ဂိုးသမားနော်ယာကို ပွဲထွက်ကစားစေခဲ့တာဖြစ်ပါတယ်။

လိုက်ပ်ဇစ်အသင်းဟာလည်း ကစားသမားအစုံအလင်နဲ့ ဘိုင်ယန်မြူးနစ်အသင်းကို အကောင်းဆုံးရင်ဆိုင်ဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။

Source : FC Bayern US

ဘိုင်ယန်မြူးနစ်အသင်းဟာ ပွဲစဉ်စတင်ချိန်ကတည်းက လိုက်ပ်ဇစ်အသင်းကို ဦးဆောင်ကစားနိုင်ခဲ့တာဖြစ်ပြီး လိုက်ပ်ဇစ်အသင်းအနေနဲ့ အတော်လေးရုန်းကန်ခဲ့ရတယ်လို့ ဆိုရပါမယ်။ လိုက်ပ်ဇစ်အသင်းဟာ ခံစစ်ပိုင်းကို အဓိက အားပြုထားရပေမယ့် ထင်မှတ်မထားတဲ့ တန်ပြန်တိုက်စစ်တွေနဲ့ ဘိုင်ယန်မြူးနစ်အသင်းကို တုန့်ပြန်ဖို့ကြိုးစားခဲ့သော်လည်း ပွဲချိန် (၂၉) မိနစ်မှာပဲ လီဝန်ဒေါစကီးရဲ့ ခေါင်းတိုက်ချက်ကနေတစ်ဆင့် ဘိုင်ယန်မြူးနစ်အသင်းကို ဦးဆောင်ဂိုးခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။

ဦးဆောင်ဂိုးရရှိထားတဲ့ ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ဒုတိယပိုင်းမှာ လူစားလဲမှုပြုလုပ်ခဲ့ပြီးတဲ့နောက်မှာတော့ ပိုမိုအသားစီးရသွားခဲ့ပြီး ပြိုင်ဘက်အသင်းကို ဆက်လက်ဖိအားပေးကစားနိုင်ခဲ့တာဖြစ်ပါတယ်။

Source : FC Bayern US

ဆက်လက်ပြီး ပွဲချိန် (၇၈) မိနစ်မှာတော့ တောင်ပံကစားသမားကိုးမန်က အသင်းအတွက် ဒုတိယမြောက်သွင်းဂိုး သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ လိုက်ပ်ဇစ်အသင်းအနေနဲ့လည်း ချေပဂိုးရရှိဖို့ကြိုးပမ်းခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်အသင်းရဲ့ နောက်တန်းကစားသမားတွေကို မကျော်ဖြတ်နိုင်ခဲ့တာကတစ်ကြောင်း ရရှိလာတဲ့အခွင့်အရေးတွေကို ကောင်းစွာအသုံးချနိုင်ခြင်းမရှိတာကတစ်ကြောင်းရယ်ကြောင့် ချေပဂိုးရရှိမယ့်အခွင့်အရေးတွေကနေ ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် (၈၅) မိနစ်မှာတော့ လီဝန်ဒေါစကီးကပဲ ဂိုးသမားနဲ့ တစ်ယောက်ချင်းတွေ့ဆုံမှုကနေ အကောင်ဆုံးအဆုံးသတ်နိုင်ခဲ့တာကြောင့် တတိယမြောက်အနိုင်ဂိုးရရှိခဲ့ကာ ဂိုးပြတ်ရလဒ်နဲ့ ပွဲကိုအဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းကတော့ (၃-၀) ဆိုတဲ့ ဂိုးပြတ်ရလဒ်နဲ့ လိုက်ပ်ဇစ်အသင်းကို အနိုင်ရရှိကာ (၁၉) ကြိမ်မြောက်ဂျာမန်ဖလားကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

Source : FC Bayern US