ယောကျာ်းများအတွက် ဆံပင်ရှည်စတိုင်လ်သည် ဘယ်တော့မှခေတ်နောက်မကျသွားတဲ့ ဖက်ရှင်စတိုင်လ်တစ်ခုပဲဖြစ်ပါတယ်။ ဆံပင်ရှည်ထားတဲ့ ယောကျာ်းများအတွက် အားသာချက်ကတော့ မိမိဆံကေသာကို ဆွဲဆောင်မှုရှိရှိ တစ်ဝက် ထုံးချင်တာလား၊ ဒါမှမဟုတ် ဆံထုံးပုံစံ ထုံးချင်တာလား၊ ဖြောင့်ချင်တာလား၊ ကောက်ချင်တာလား စသည်ဖြင့် သင့် စိတ်တိုင်းကျ ပုံသွင်းနိုင်ခြင်းပဲဖြစ်ပါတယ်။
အားနည်းချက်ကတော့ ဆံပင်တိုသမားတွေထက် ကိုယ့်ဆံကေသာကို သာမန်ထက်ပိုပြီး ဂရုစိုက်ရခြင်းပဲဖြစ်ပါတယ်။
သင့်အနေနဲ့ ဆံပင်အရှည်ထားချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အဆင့် A ကမ္ဘာကျော်ရုပ်ရှင်မင်းသားများရဲ့စတိုင်လ်ကို နည်းနမူနာယူနိုင်ပါတယ်။
Jason Momoa

Aquaman ဇာတ်ကားထဲက ရေဘုရင်ကြီးရဲ့ပရိသတ်တွေအတွက် သူ့ရဲ့ကပိုကရိုဆံပင်ကေကို ဖက်ရှင်အဖြစ် ညှပ်နိုင်ပါတယ်။ ဆံပင်အဖျားများကိုလည်း သူ့လိုပဲ အရောင်ဆိုးနိုင်ပါတယ်။
Keanu Reeves

ဆံပင်ရှည်လည်း ထားချင်ပေမယ့် အများကြီးထိန်းသိမ်းစောင့်ရှောက်မှုတွေ မလုပ်ချင်ဘူးဆိုရင်တော့ Keanu Reeves ရဲ့ဆံပင်စတိုင်လ်က ကွက်တိကျစေမှာပါ။
Chris Hemsworth

အမျိုးသားများ ဆံပင်အရှည်ထားချင်ရခြင်းရဲ့ အကြောင်းအရင်းကတော့ Chris ရဲ့စနက်မကင်းပါဘူး။ Thor ကာရိုက်တာထဲမှာ သူ့ရဲ့ဆံပင်စတိုင်လ်ကို ယောကျာ်းများ ကြိုက်နှစ်သက်ကြပါတယ်။ သင့်အနေနဲ့ အဲ့ဒီ့လောက်အရှည်မထားနိုင်သေးဘူးဆိုရင်တော့ ဒီအရှည်လောက်ဆို အတော်ပါပဲ။ ဒီဆံပင်ကေကတော့ ဆံပင်အလယ်ခွဲသမားများနဲ့ လိုက်ဖက်တဲ့ဆံပင်ကေပဲဖြစ်ပါတယ်။
Kit Harrington

ဆံပင်နဂိုကောက်သမားတွေကတော့ ဒီလိုဆံပင်ကေမျိုး ထားနိုင်ပါတယ်။
Brad Pitt

Brad Pitt ရဲ့ဆံပင်ကေသည်လည်း လူတိုင်းနဲ့ လိုက်ဖက်တဲ့ဆံပင်ကေတစ်ခုဖြစ်ပါတယ်။
Orlando Bloom

သင့်အနေနဲ့ ဆံပင်လည်း ကောက်တယ် အရှည်လည်း ထားချင်တယ်ဆိုရင်တော့ ဒီလိုမျိုး ထိန်းသိမ်းရလွယ်တဲ့ ဆံပင်ကေမျိုး ပုံသွင်းယူနိုင်ပါတယ်။
Russell Brand

အများနဲ့မတူ တစ်မူထူးခြားတဲ့ ဆံပင်ကေမျိုးဆိုရင်တော့ Russell Brand ကိုသာ သတိရလိုက်ပါ။
Tom Cruise

ဒီဆံပင်ကေမျိုးဖန်တီးချင်တယ်ဆိုရင် အရင်ဦးဆုံးဆိုင်မှာ ပုံသွင်းဖို့လိုပါမယ်။ ဒါ့အပြင် ခေါင်းလျှော်တိုင်းမှာ Conditioner သုံးဖို့လည်း မမေ့ပါနဲ့။
Harry Styles

ဒီဆံပင်ကေသည်လည်း အမျိုးသားများအကြား တော်တော်လေး ရေပန်းစားပါတယ်။ သူကတော့ သရုပ်ဆောင်တော့မဟုတ်ပေမယ့် ကမ္ဘာကျော်အောင်မြင်နေတဲ့ အဆိုတော်တစ်ဦဖြစ်ပါတယ်။
Jeff Bridges

သင့်အနေနဲ့ နှုတ်ခမ်းမွှေးတွေပါ ထားချင်တယ်ဆိုရင်တော့ ဒီပုံကို နမူနာယူနိုင်ပါတယ်။
Jared Leto

မိမိုက်နေတဲ့ ဆံပင်အရှည်သည်လည်း သင့်ရဲ့ဖက်ရှင်ကို စတိုင်လ်ကျသွားစေပါလိမ့်မယ်။
Austin Butler

နောက်ရွေးချယ်စရာတစ်မျိုးကတော့ Austin Butler ရဲ့ဆံပင်ရှည်စတိုင်လ်ပါပဲ။
Brock O’Hurn

ဒီဆံပင်ပုံစံမျိုးဆိုရင်တော့ ဆံထုံးပုံစံလည်း ထုံးနိုင်သလို တစ်ဝက်လည်း စည်းထားနိုင်ပါသေးတယ်။
Johnny Depp

အားလုံးရဲ့အချစ်တော် Johnny Depp ရဲ့ဆံပင်စတိုင်လ်သည်လည်း ၉၀ ခုနှစ်တွေတုန်းက ခေတ်စားခဲ့တဲ့ဆံပင်စတိုင်လ်မျိုးပါ။
Christian Bale

Steps ပုံစံညှပ်ကာ ဒီလိုဆံပင်စတိုင်လ်မျိုးကို ဖန်တီးနိုင်ပါတယ်။
အခုဖော်ပြသွားတဲ့ ဆံပင်ကေတွေထဲက ဘယ်ဆံပင်အရှည်ကို အနှစ်သက်ဆုံးပါလဲ။
Source: Thetrendspotter.net
Featured Image Source: Thetrendspotter.net
