Zac Retz ဟာငယ်ရွယ်ပြီး သရုပ်ဖော်ပုံတွေ ရေးဆွဲရာမှာ ထူးချွန်တဲ့သူပါ။ သူဟာ Disney နဲ့ Nickelodeon အတွက် အလုပ်လုပ်ပေးဖူးတဲ့ လူတစ်ယောက်လည်းဖြစ်ပါတယ်။ သူဟာအားလပ်ချိန်တွေမှာ လူ့ဘဝမှာ တစ်စိတ်တစ်ပိုင်း အရေးပါတဲ့ အချစ်အကြောင်း ကြည်နူးဖွယ်ရာ မိသားစုအကြောင်းတွေကို သရုပ်ဖော်ပုံတွေ ရေးဆွဲလေ့ရှိသူပါ။ Zac ဟာရုပ်ပုံတွေကို အလင်းခပ်ဖျော့ဖျော့ ဖြင့်ရေးဆွဲလေ့ရှိပါတယ်။ ဒီနေ့ kwee page ကသူရေးဆွဲထားတဲ့ ကြည်နူးဖွယ်ရာအချစ်ရေးကို သရုပ်ဖော်ထားတဲ့ ရုပ်ပုံလေးတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
အရာအားလုံးက တိတ်ဆိတ်တဲ့နေရာမှာ စကားပြောခြင်းကနေ စတင်တယ်
တစ်ဦးအပေါ်တစ်ဦး လုံခြုံမှုပေးနိုင်ဖို့က အရေးကြီးတယ်
အချိန်တွေကို အတူတကွ ဖြတ်သန်းခြင်း
ညနေခင်း ပန်းခြံထဲအတူတကွ လမ်းလျှောက်ခြင်းကလည်း ကြည်နူးဖို့ကောင်းပါတယ်
တစ်ခါတစ်လေ ဘာမှမဟုတ်တဲ့အကြောင်းအရာလေးတွေအကြောင်းကို အချိန်အကြာကြီး ပြောဖြစ်တယ်
အချစ်ဆိုတာ အိပ်မက်တွေကိုမျှဝေခြင်းပါပဲ
ချစ်တဲ့သူတွေက ဘယ်လိုအရာတွေပဲ ကြုံလာကြုံလာ တစ်ဦးအပေါ်တစ်ဦး ကာကွယ်ပေးတယ်
တစ်ခါတစ်လေတော့ စီစဉ်ထားတဲ့အတိုင်းမဖြစ်ဘူးဗျ
ဒါပေမယ့် ချစ်တဲ့သူနဲ့တွေ့တိုင်း ကြည်နူးရတာပါပဲ
တစ်ယောက်အတွက် တစ်ယောက်ရှိနေပေးခြင်းကလည်း ကြည်နူးဖို့ကောင်းတယ်
တစ်ခါတစ်လေ သီချင်းတွေ အတူတူနားထောင်ဖြစ်တယ်
အတူတူရုပ်ရှင်ကြည့်ရတာကိုတော့ ဘယ်တော့မှရိုးမသွားဘူး
ဝမ်းနည်းနေချိန်မှာ အနားမှာရှိပေးဖို့လိုအပ်တယ်
နှစ်ယောက်သား အချိန်တွေကို အတူတကွ ဖြတ်သန်းခြင်း
နောက်ဆုံးတော့
Source: Bright Side