ဆံပင်စတိုင်လ်ပြောင်းဖို့ စီစဉ်နေပါသလား။ ဘယ်ဆံပင်ကေက ကိုယ့်မျက်နှာကျနဲ့ လိုက်ဖက်မလဲဆိုတာကို ဝေခွဲမရဖြစ်နေပါသလား။

ကိုယ့်မျက်နှာကျနဲ့ လိုက်ဖက်တဲ့ ဆံပင်ကေကို ညှပ်နိုင်ဖို့ရန်အတွက် ဆံသဆရာရဲ့ ကျွမ်းကျင်မှုလည်း လိုအပ်ပါတယ်။ အချို့ဆံသဆရာများက စိတ်မရှည်တတ်ကြဘဲ ပြီးပြီးရော ညှပ်တတ်ပါတယ်။ ထိုကဲ့သို့သော ဆိုင်မျိုးကို ဝေးဝေးက ရှောင်သင့်ပါတယ်။

ဒါ့အပြင် ဆံပင်ညှပ်ဆိုင်သွားတဲ့အခါ လူနည်းတဲ့အချိန်မျိုး သွားသင့်ပါတယ်။ ဒါမှ ဆိုင်မှာ လူနည်းနေတဲ့အတွက် ဆံသဆရာက သင့်ကို သေချာအာရုံစိုက်ပြီး သင့်မျက်နှာနဲ့ လိုက်ဖက်တဲ့ ဆံပင်ကေမျိုးကို ညှပ်ပေးနိုင်မှာပါ။ လတ်တလောမှာ ဘယ်လိုဆံပင်စတိုင်လ်တွေက ရေပန်းစားနေသလဲဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် ကြည့်ရှုနိုင်ပါတယ်။

ဘေးနှစ်ဖက်က ခပ်ပါးပါးရိတ်ထားတဲ့ ဆံပင်ကေ

man with crew cut hairstyle

မျက်နှာသေးတဲ့အမျိုးသားများနဲ့ လိုက်ဖက်တဲ့ ဆံပင်ကေ

undercut hairstyle

ဆံပင်တိတိရိရိလေးနဲ့ သန့်ရှင်းသပ်ရပ်တဲ့ ဆံပင်စတိုင်လ်

mid fade haistyle

ဘေးခွဲဆံပင်စတိုင်လ်

side part hairstyle

ဆံပင်တိုတိုပဲ ထားချင်တယ်ဆိုတဲ့ အမျိုးသားများအတွက်

buzz cut

အရှေ့အတိ ညှပ်ထားတဲ့ ဆံပင်စတိုင်လ်

caesar cut hairstyle

မေးရိုးကြီးတဲ့အမျိုးသားများနဲ့ လိုက်ဖက်တဲ့ ဆံပင်စတိုင်လ်

french crop hairstyle

ဆံပင်အရှည်ထားချင်တဲ့အမျိုးသားများအတွက် စတိုင်လ်မိမိုက်စေမယ့် ဆံပင်ကေ

bro flow hairstyle

လူကြီးလူကောင်းဆန်တဲ့ ဆံပင်စတိုင်လ်

pompadou hairstyle

လွတ်လပ်ပေါ့ပါးပြီး လူငယ်ဆန်တဲ့ ဆံပင်စတိုင်လ်

quiff hairstyle

မတိုမရှည် ဆံပင်ကေ

blowout hairstyle

ဘေးခွဲဆံပင်စတိုင်လ်

comb over hairstyle

လက်ရှိခေတ်စားနေတဲ့ ကပိုကရိုဆံပင်စတိုင်လ်

fringe hairstyle

ဆံပင်ကောက်သူများနဲ့ လိုက်ဖက်တဲ့ ဆံပင်စတိုင်လ်

messy waves hairstyle

ဆံပင်အရှည် ထားချင်သူများအတွက် မြင်းမြီးပုံစည်းထားတဲ့ ဆံပင်စတိုင်လ်

pony tails hairstyle bun hairstyle

တစ်ဝက်စည်းထားတဲ့ ဆံပင်စတိုင်လ်

half-up hairstyle

အခုဖော်ပြသွားတဲ့ ဆံပင်စတိုင်လ်များကတော့ လက်ရှိမှာ ရေပန်းစားလူကြိုက်များနေတဲ့ ဆံပင်စတိုင်လ်များပဲဖြစ်ပါတယ်။ ဘော်ဒါတို့လည်း ကိုယ့်မျက်နှာကျနဲ့ လိုက်ဖက်တဲ့ ဆံပင်ကေများဖြင့် အလန်းစားစတိုင်လ်များ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

Source: Thetrendspotter.net