အဝတ်အစား ဝတ်ဆင်ရာမှာ အရေးအကြီးဆုံးကတော့ အရောင်အတွဲအစပ် မှန်ကန်ဖို့ပဲဖြစ်ပါတယ်။ အရောင်အတွဲအစပ် မှန်ကန်မှသာ ဖက်ရှင်ကျလှပပြီး ဆွဲဆောင်မှုရှိနေမှာပဲဖြစ်ပါတယ်။ လိုက်ဖက်တဲ့ဖက်ရှင်အရောင်များ ဝတ်ဆင်ခြင်းဖြင့် သင့်ရဲ့ကိုယ်ပိုင်စတိုင်လ်ကို ဖန်တီးပုံဖော်နိုင်သလို မိမိကိုယ်ကို ယုံကြည်မှုတိုးလာအောင်လည်း လှုံ့ဆော်ပေးနိုင်ပါတယ်။
သင့်အနေနဲ့ ဘယ်အင်္ကျီအရောင်ကို ဘယ်လိုမျိုးဘောင်းဘီအရောင်နဲ့ ဝတ်ဆင်ရမလဲဆိုတာကို အပြင်သွားခါနီးတိုင်း ခေါင်းစားရတယ်ဆိုရင် အခုဖော်ပြပေးမယ့် အရောင်အတွဲအစပ်များကို လေ့လာကြည့်နိုင်ပါတယ်။
ညှို့အားပြင်းတဲ့ အမျိုးသားတစ်ယောက်ဖြစ်စေမယ့် အရောင်အတွဲအစပ်များ
ရင့်ကျက်မှုကို ဖော်ဆောင်ပေးတဲ့ အပြာရင့်နဲ့ အညိုရောင် အရောင်အတွဲအစပ်များ
လူကြီးလူကောင်းဆန်စေတဲ့ အပြာဖျော့ရောင်နှင့် အညိုရောင်အပြင် သူတို့နဲ့ လိုက်ဖက်တဲ့ အရောင်များ
ထင်းခနဲ ရှင်းခနဲ တောက်ပသွားစေမယ့် ဖက်ရှင်အတွဲအစပ်
ဝိုင်နီရောင်နဲ့ လိုက်ဖက်တဲ့ အရောင်များ
အလုပ်အတွက် အရေးကြီးပွဲများ၊ အစည်းအဝေးများ တက်ရတဲ့အခါ အမြင်တင့်တယ်စေတဲ့ အရောင်ငြိမ်များ
လွတ်လပ်ပေါ့ပါးမှုကို ဖော်ဆောင်ပေးတဲ့ အစိမ်းရောင်နှင့် အညိုရောင် အတွဲအစပ်များ
အညိုဖျော့ရောင်ကတော့ ဘယ်တော့မှ ရိုးအီမသွားတဲ့ ဖက်ရှင်တစ်ခုပါပဲ
မီးခိုးဖျော့ရောင်နှင့် အနီရောင်အတွဲအစပ်များ
ရာသီဥတု အုံမှိုင်းနေတဲ့အချိန်မျိုးမှာ ရှိုးထုတ်နိုင်တဲ့ အရောင်အတွဲအစပ်
လူငယ်ဆန်တဲ့ အစင်းကျားအင်္ကျီဖက်ရှင်
မိမိကိုယ်ကို ယုံကြည်မှုတိုးစေမယ့် အပြာရင့်ရောင်ဖက်ရှင်
အနီရင့်ရောင်ကလည်း သင့်အတွက် မိမိကိုယ်ကို ယုံကြည်မှုတိုးအောင် ကူညီပေးနိုင်ပါတယ်။
မီးခိုးရောင်နဲ့ လိုက်ဖက်တဲ့ အရောင်အတွဲအစပ်များ
ထသွားထလာဝတ်ဆင်ဖို့အတွက် သင့်တော်တဲ့ အရောင်အတွဲအစပ်
လူငယ်ဆန်စေတဲ့ အရောင်အတွဲအစပ်
အရောင်ရင့်ရင့်တွေကိုမှ ကြိုက်နှစ်သက်သူများအတွက်
ဂျင်းဘောင်းဘီနဲ့ လိုက်ဖက်တဲ့ အရောင်အတွဲအစပ်များ
ဘော်ဒါတို့လည်း ဘယ်ဖက်ရှင်အတွဲအစပ်က မိမိရဲ့အာရုံကို ချက်ချင်းဖမ်းစားသွားနိုင်ခဲ့သလဲဆိုတာကို ဝေမျှပေးခဲ့ပါဦး။
Source: Brightside.me