စတိုင်လ်ကျပြီး ကြည့်ကောင်းတဲ့အမျိုးသားတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် အဝတ်အစားကို ဖက်ရှင်ကျကျ ဝတ်ဆင်ဖို့လည်း လိုအပ်သလို ကိုယ့်မျက်နှာကျနဲ့ လိုက်ဖက်တဲ့ဆံပင်ကေထားဖို့လည်း လိုအပ်ပါတယ်။ လူကြိုက်များ ခေတ်စားနေတဲ့ဆံပင်ကေကိုပဲ ညှပ်ချင်လို့မရပါဘူး။ ကိုယ့်မျက်နှာနဲ့ လိုက် မလိုက်ကိုလည်း ကြည့်ရပါဦးမယ်။

ကိုယ့်ညှပ်ချင်တဲ့ကေနဲ့ ကိုယ့်မျက်နှာကျနဲ့ လိုက်မလိုက် သိချင်တယ်ဆိုရင် ကျွမ်းကျင်ပညာရှင်များရဲ့ အကူအညီယူကို ယူရပါမယ်။ နို့မဟုတ်ရင် ဆံပင်ညှပ်ပြီးမှ နောင်တတရားတွေ တစ်ပွေ့တစ်ပိုက်နဲ့ ဆံပင်ပြန်ရှည်လာမယ့်နေ့အထိ စောင့်နေရပါလိမ့်မယ်။ ဒါ့ကြောင့် ဆံပင်ကေ အသစ်ပြောင်းတော့မယ်၊ ဆံပင်ညှပ်တော့မယ်ဆိုတာနဲ့ နံပါတ် ၁ လုပ်ရမယ့်အရာကတော့ ဘယ်ဆိုင်က ဆံသဆရာက အကောင်းဆုံးဖြစ်မလဲ၊ အကျွမ်းကျင်ဆုံးဖြစ်မလဲဆိုတာကို စတင်လေ့လာထားဖို့ပါပဲ။

ဒုတိယအချက် လုပ်ဆောင်ရမယ့်အရာကတော့ ဆံပင်ညှပ်ဆိုင်မှာ လူပါးတဲ့အချိန် သွားညှပ်ရပါမယ်။ လူအရမ်းများတဲ့ ပိတ်ရက်လိုနေ့မျိုးမှာ သွားညှပ်မိမယ်ဆိုရင် ဆံသဆရာက သူ့အလုပ်နဲ့သူ ရှုပ်နေတာကြောင့် သင့်ကို သေချာဂရုစိုက်နိုင်မှာမဟုတ်တဲ့အပြင် အကြံဥာဏ်ကောင်းတွေလည်း ပေးနိုင်မှာမဟုတ်ပါဘူး။ နောက်ထပ်အရေးကြီးဆုံးအချက်ကတော့ ကိုယ် ညှပ်ချင်တဲ့ကေကို အရင်ရှာထားရမှာပဲဖြစ်ပါတယ်။ ဘယ်ကေညှပ်ချင်မှန်းမသိဘဲ ဆံပင်ညှပ်တာကတော့ သိပ်မမိုက်ပါဘူး။ မတော်လို့ ဆံသဆရာက သူ ညှပ်ပေးချင်တဲ့ကေအတိုင်းညှပ်ပေးပြီး သင်က သဘောမကျဘူးဆိုရင်လည်း ဆံပင်ထပ်ရှည်လာတဲ့အထိ စောင့်ရဦးမှာနော်။

အဲ့ဒီလိုအဖြစ်မျိုးနဲ့ ကင်းဝေးချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဆံပင်ကေလေးတွေကို လေ့လာကြည့်လိုက်ပါဦး။ ဆံပင်ဘေးခွဲထားတဲ့ အမျိုးသားတွေအတွက် သင့်တော်မယ့် ဆံပင်ကေလေးတွေပဲဖြစ်ပါတယ်။

Source: thetrendspotter.net