ဘီယာဆိုတာ ကမ္ဘာပေါ်ကလူကြိုက်အများဆုံး သောက်သုံးစရာအဖျော်ယမကာတစ်ခုဆိုတာ အားလုံးသိပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဘီယာနဲ့ပတ်သတ်ပြီး သင်မသိသေးတဲ့ ထူးထူးခြားခြား အချက်များစွာလည်း ရှိနေပါသေးတယ်။ ဒီတစ်ခေါက်တော့ FactRetriever ကဖော်ပြထားတဲ့ ဘီယာနဲ့ပတ်သတ်ပြီး ထူးခြားတဲ့အချက်အလက်တချို့ကို မျှဝေပေးချင်ပါတယ်။

 Beer, glass cups

Photo : The Economic Times

(၁) ဘီယာဟာ ရေနှင့်လက်ဖက်ရည်ပြီးရင် ကမ္ဘာပေါ်ကတတိယမြောက်လူကြိုက်အများဆုံး သောက်စရာတစ်မျိုးဖြစ်ပါတယ်။

(၂) ဘီယာဟာ ကမ္ဘာပေါ်ကအကျော်ကြားဆုံးသောက်စရာအဖျော် ယမကာတစ်မျိုးဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ ကမ္ဘာတစ်ဝှမ်း ဘီယာဂါလံ ၅၀ ဘီလီယံနီးပါးသောက်သုံးခဲ့ကြပါတယ်။

(၃) ကမ္ဘာ့အစောဆုံး ဘီယာထုတ်လုပ်ခြင်းကို ဘီစီ ၃၅၀၀ ဝန်းကျင်က အီရန်အနောက်ပိုင်းမှာ စတင်ထုတ်လုပ်ခဲ့တာဖြစ်ကြောင်း သက်သေအထောက်အထားများအရ သိရပါတယ်။

(၄) ရှေးအကျဆုံး ဆူမီးရီးယမ်းလူမျိုးတွေဟာ ဘီယာကို ဂျုံနှင့် မုယောတို့မှ ချက်လုပ်ခဲ့ကြပါတယ်။

(၅) ဘီယာမျိုးကွဲပေါင်း ရာနဲ့ချီရှိသော်လည်း အခြေခံအားဖြင့်တော့ Lager နဲ့ Ale ဆိုပြီး အမျိုးအစားကွဲ ၂ မျိုးသာ ရှိပါတယ်။ ၎င်းနှစ်မျိုးဟာ ဘီယာချက်လုပ်ငန်းစဉ်အတွင်း တဆေးကိုအချဉ်ဖောက်ပုံပေါ် မူတည်ပြီး ကွဲပြားသွားတာဖြစ်ပါတယ်။

(၆) ရှေးခေတ် မီဆိုပိုတေးမီးယားလူမျိုးတွေက ဘီယာဟာ ဘာသာရေးနှင့်ရိုးရာဓလေ့တို့ နှင့်ဆက်စပ်နေပြီး မှော်အစွမ်းများရှိတယ်လို့ ယုံကြည်ခဲ့ကြပါတယ်။

(၇) နယ်သာလန်နိုင်ငံရဲ့မြို့တော် အမ်စတာဒမ်မြို့မှာ အစိုးရရန်ပုံငွေ အဖွဲ့အစည်းဖြစ်တဲ့ Rainbow Group ဟာ လမ်းမပေါ်ကအမှိုက်တွေကိုရှင်းလင်းပေးသူများအား ဘီယာဖြင့် လုပ်အားခကို ပေးချေခဲ့ဖူးပါတယ်။

Doubtless, some monks overindulged

Photo : Neat Stuff

(၈) အလယ်ခေတ်ဥရောပကတ်သလစ်ဘုန်းတော်ကြီးတွေဟာ ဥပုသ်ရက်လေးဆယ်အတွင်း အစားလုံးဝမစားပဲ ဘီယာသာသောက်လေ့ရှိပြီး ဘီယာမှရတဲ့ ကယ်လိုရီကိုသာရယူကာ ဥပုသ်ကာလကိုဖြတ်သန်းခဲ့ကြပါတယ်။

(၉) အလယ်ခေတ်ကာလတွေမှာ ဘီယာကို အိမ်နှင့်ဘုန်းတော်ကြီးကျောင်းတွေမှာ လူအများစုက သဘာဝနည်းအတိုင်း စုပေါင်းချက်လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

(၁၀) ရှေးခေတ်အီဂျစ်တွေက ဘီယာဟာ လူတွေအတွက်လိုအပ်တဲ့ဗီတာမင်တွေထောက်ပံ့ပေးတဲ့ သောက်စရာတစ်မျိုးအဖြစ်မှတ်ယူခဲ့ကြပြီး နိုင်းလ်မြစ်ရေထက်ပိုပြီး သန့်ရှင်းတဲ့ သောက်စရာဖြစ်တယ်လို့ ဆိုခဲ့ကြပါတယ်။

(၁၁) အေဒီ ၉ ရာစုကစတင်ပြီး ဘီယာချက်သူတွေဟာ ဘီယာထဲကို Hops ခေါ်တဲ့ တဆေးသီးတွေ ထည့်သွင်းချက်လုပ်လာခဲ့ပြီး ယနေ့ခေတ် ဘီယာအားလုံးနီးပါးမှာ Hops ပါဝင်ကြပါတယ်။ ၎င်းက ဘီယာရဲ့အရသာကို နူးညံ့ပြေပြစ်စေပြီး ခါးသက်သက်အရသာနှင့် တာရှည်ခံဖို့အတွက် သုံးတာဖြစ်ပါတယ်။

(၁၂) ကမ္ဘာပေါ်က အကြီးဆုံးဘီယာချက်စက်ရုံဟာ Budweiser နှင့် Corona ကဲ့သို့နာမည်ကြီး ဘီယာများထုတ်လုပ်လျက်ရှိတဲ့ Anheuser-Busch InBev အဖျော်ယမကာကုမ္ပဏီ ဖြစ်ပါတယ်။

(၁၃) ရှေးခေတ်အီဂျစ်တွင် အမျိုးသမီးအများစုဟာ ဘီယာချက်လုပ်ငန်းတွေမှာ အဓိကပါဝင် လုပ်ကိုင်ခဲ့ကြပါတယ်။

(၁၄) အစောပိုင်းအလယ်ခေတ်တွင် ဘီယာလုပ်ချက်ခြင်းပညာရပ်ကို ကတ်သလစ်ဘုန်းတော်ကြီးများက လက်ဆင့်ကမ်းယူဆောင်လာခဲ့ကြပြီး ယနေ့ခေတ် ဥရောပဘီယာချက်စက်ရုံများစွာက အဆိုပါဘုန်းတော်ကြီးတွေရဲ့ ဘီယာလုပ်ချက်ခြင်းလုပ်ငန်းစဉ်အတိုင်း ဘီယာများချက်လုပ်လျက်ရှိပါတယ်။

(၁၅) ၁၈၇၅ ခုနှစ်က ချက်လုပ်ခဲ့တဲ့ “Allsopp’s Arctic Ale ” ဘီယာပုလင်းဟာ ၂၀၁၅ ခုနှစ် အင်္ဂလန်နိုင်ငံမှာ လေလံတင်ဈေး ပေါင် ၃,၃၀၀ (ဒေါ်လာ ၄၅၀၀ ခန့်) နဲ့ရောင်းထွက်ခဲ့ပါတယ်။

Glass Das Beer Boot

Photo : Brewer World

(၁၆) ကမ္ဘာပေါ်က အပြင်းဆုံးဘီယာမှာ စကော့တလန်ဘီယာချက်စက်ရုံ Brewmeister မှ ထုတ်လုပ်တဲ့ Snake Venom လို့အမည်ရတဲ့ ဘီယာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဘီယာတွေမှာ အယ်လ်ကိုဟောပါဝင်မှု ၃ % မှ ၁၀ % (abv) ရှိသော်လည်း Snake Venom ဘီယာမှာ အယ်လ်ကိုဟောပါဝင်မှု ၆၇.၅% (abv) ရှိပြီး ဗော့ဒ်ကာအများစုထက်ပင် အယ်လ်ကိုဟောပါဝင်မှုပိုများနေပါတယ်။

(၁၇) ဂျာမနီကဘီယာဆိုင်အများစု ဘွတ်ဖိနပ်ပုံ ဘီယာခွက်တွေနဲ့ ဘီယာသောက်သုံးနိုင်ပါတယ်။ ဒါဟာ ပထမကမ္ဘာစစ်အတွင်း ဂျာမန်စစ်သားတွေက ဘွတ်ဖိနပ်ထဲ ဘီယာထည့်သောက်တဲ့အလေ့အထကို အစွဲပြုပြီး ဘွတ်ဖိနပ်ပုံ ဘီယာခွက်တွေနဲ့ရောင်းချနေတာဖြစ်ပါတယ်။

(၁၈) ရှေးခေတ်အီဂျစ်လူမျိုးများက ဘီယာကို ဝမ်းချူဆေးရည်အဖြစ် ဘီယာကိုအသုံးပြုခဲ့ကြပါသေးတယ်။

(၁၉) ကမ္ဘာပေါ်ရှိ သက်တမ်းအရင့်ဆုံး ဘီယာချက်လုပ်လျက်ရှိတဲ့စက်ရုံမှာ Weihenstephan ခရစ်ယာန်ဘုန်းတော်ကြီးကျောင်းမှာဖြစ်ပြီး ၎င်းက ဂျာမနီနိုင်ငံ ဘာဘေးရီးယားမှာ တည်ရှိပါတယ်။ အေဒီ ၁၀၄၀ ဝန်းကျင်လောက်ထဲက ၎င်းခရစ်ယာန်ဘုန်းတော်ကြီးတွေက ဘီယာစတင်ချက်လုပ်ခဲ့ကြတာပါ။

(၂၀) ပျှမ်းမျှအားဖြင့် အမေရိကန်နိုင်ငံသား ၄၈ ရာခိုင်နှုန်းဟာ ဘောလုံးပွဲကဲ့သို့ အားကစားပွဲတွေ သွားရောက်ကြည့်တဲ့အခါ ဘီယာကိုသာရွေးချယ်သောက်သုံးလေ့ရှိကြပါသတဲ့။

Featured Photo : RedH