အိမ်မှာနေတဲ့ အချိန်တွေမှာ ကိုယ်လက်လှုပ်ရှားမှုနည်းနေရင်လည်း ကြံ့ခိုင်မှုမရှိပဲ ရောဂါပိုးတွေအလွယ်တကဝင်ရောက်လာနိုင်ပါတယ်။ ဒီတော့ အိမ်မှာနေရင်း တစ်ရက်ကိုအနည်းဆုံး မိနစ် (၂၀) လောက် လေ့ကျင့်ခန်းမဖြစ်မနေလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။လေ့ကျင့်ခန်းလုပ်ရာမှာ တခြားပစ္စည်းကိရိယာတွေများများစားစားမလိုပဲ ခန္ဓာကိုယ်တစ်ခုလုံးအတွက် ထိရောက်တဲ့ အိမ်တွင်းလေ့ကျင့်ခန်းတွေကိုလုပ်နိုင်မှာဖြစ်ပါတယ်။ အမျိုးသားရော အမျိုးသမီးပါ ပြုလုပ်လို့ရမယ့် လေ့ကျင့်ခန်းတွေဖြစ်တာကြောင့် အောက်ကဗီဒီယိုလေးတွေကိုကြည့်ပြီး အခုပဲလေ့ကျင့်ခန်းစလုပ်လိုက်ရအောင်။
(1) FLAT OUT BURPEES
(2) SKIER ABS
(3) TOUCHDOWN LUNGES
(4) PUSH-UP SHOULDER TAPS
(5) 180 JUMP SQUATS
လေ့ကျင့်ခန်း (၁) အမျိုးကို (၁) မိနစ် (၃) ကြော့စီပြုလုပ်ပေးပါ။ လေ့ကျင့်ခန်းတစ်ကြော့ပြုလုပ်ပြီးတိုင်း ခန္ဓာကိုယ်လှုပ်လှုပ်ရှားရှားနေပြီး စက္ကန့် (၃၀) လောက်အနားယူပါ။
ယခုကဲ့သို့ နေ့စဉ်ပုံမှန် ၁၅ မိနစ် မိနစ် ၂၀ လောက်အချိန်ပေးပြီး လေ့ကျင့်ခန်းလုပ်ပေးမယ်ဆိုရင် ခန္ဓာကိုယ်ပိုမိုကြံ့ခိုင်လာပြီး ကြွက်သားတွေလည်း သန်မာလာမှာဖြစ်ပါတယ်။ နှလုံးခုန်နှုန်းမြင့်တင်ပေးပြီး ကယ်လိုရီတွေလည်းလောင်ကျွမ်းစေကာ ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေတာကြောင့် ကျန်းမာလန်းဆန်းတဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။