ဇွန်လ (၁) ရက်နေ့က စပိန်နိုင်ငံ မက်ဒရစ်မှာကျင်းပခဲ့တဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်မှာတော့ ဗာပူးလ်အသင်းဟာ စပါးအသင်းကို (၂-ဝ) ဂိုးဖြင့် အနိုင်ရရှိကာ (၆) ကြိမ်မြောက်ချန်ပီယံလိဂ်ဖလားကို သိမ်းပိုက်သွားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

အဆိုပါပွဲစဉ်မှာတော့ လီဗာပူးလ်အသင်းဟာ အဓိက ကစားသမားတွေဖြစ်တဲ့ ဆာလာ၊ ဟန်ဒါဆန်၊မာနေ ၊ ဖာမီနို ၊ ဖာဘင်ညို၊ ဗန်ဒိုက် စတဲ့ကစားသမားအစုံအလင်နဲ့ ပွဲထွက်လာခဲ့ကာ စပါးအသင်းကလည်း အဲရစ်ဆင် ၊ ဆွန်ဟောင်မင် ၊ ဒန်နီရို့စ် ၊ အယ်လီတို့အပြင် ဒဏ်ရာကြောင့်အနားယူနေရတဲ့ ကိန်းကိုပါ ပြန်လည်ပွဲထွက်စေခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းကတော့ ပွဲစတင်ပြီး မိနစ်ပိုင်းမှာတင် ပယ်နယ်တီသွင်းဂိုးရရှိခဲ့ပြီး တိုက်စစ်ကစားသမား ဆာလာက ပိုင်ပိုင်နိုင်နိုင်သွင်းယူနိုင်ခဲ့ကာ လီဗာပူးလ်အသင်းအတွက် အဖွင့်ဂိုးစွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

Source : High Press Soccer

စောစီးစွာဦးဆောင်ဂိုးရရှိသွားခဲ့တဲ့ လီဗာပူးလ်အသင်းကတော့ စပါးအသင်းတိုက်စစ်ကို ကောင်းစွာဆက်လက်ထိန်းကစားနိုင်ခဲ့တဲ့ အတွက် စပါးအသင်းအနေနဲ့ ပိုမိုရုန်းကန်ခဲ့ရတယ်လို့ ဆိုရပါတယ်။

ကစားပွဲအချိန်ကြာမြင့်လာလေ လီဗာပူးလ်အသင်းဟာ ပိုမိုကစားကွက်တွေကောင်းလာခဲ့ပြီး တိုက်စစ်ကစားသမားတွေရဲ့ ဗျူဟာကောင်းကောင်းနဲ့ ကန်ချက်တွေဟာ စပါးအသင်းရဲ့ ခံစစ်ကို ရင်ခုန်စရာကောင်းစေခဲ့တာဖြစ်ပါတယ်။

စပါးအသင်းကတော့ ပထမပိုင်းပွဲစဉ်တစ်လျောက်လုံး အခွင့်အရေးကောင်းတွေ ပျောက်ဆုံးနေခဲ့ပြီး ချေပဂိုးရရှိမယ့်အလားလာမရှိသလောက်ကို ဖြစ်နေခဲ့ပါတယ်။ ပွဲစဉ်ဒုတိယပိုင်းမှာတော့ ဘောလုံးပိုင်ဆိုင်မှုက လီဗာပူးလ်အသင်းထက် အသာစီးရထားပေမယ့်လည်း ဂိုးရရှိမယ့်အခွင့်အရေးတွေကတော့ နည်းပါးနေဆဲဖြစ်ပါတယ်။

Source : Wall Street Journal

လီဗာပူးလ်အသင်းကတော့ ဒုတိယပိုင်းပွဲကစားချိန်မှာ လူစားလဲမှုတစ်ခု ပြုလုပ်ခဲ့ပြီး ပွဲထွက်လူစားမှာ ပါဝင်ခဲ့ခြင်းမရှိတဲ့ ကွင်းလယ်ကစားသမား မီနာကို ဝိုင်နယ်လ်ဒမ်းနေရာမှာအစား ထိုးခဲ့ပါတယ်။ ကွင်းလယ်ကစားသမား မီနာဟာ လူ စားလဲဝင်ရောက်လာပြီး မကြာခင်မှာတင် ဒုတိယမြောက်သွင်းဂိုးရရှိရေးအတွက် အပိုင်ကန်သွင်းခဲ့ပေမယ့် ကံဆိုးစွာနဲ့ပဲ ဂိုးပေါက်နဲ့လွဲချော်သွားခဲ့တာဖြစ်ပါတယ်။

Source : Liverpool FC

စပါးအသင်းတိုက်စစ်ကလည်း အကောင်းဆုံးပြန်ချေပဂိုးသွင်းယူနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ကံခေနေခဲ့သလို လီဗာပူးလ်အသင်းရဲ့ လက်စွမ်းတွေကိုလည်း မကျော်လွန်နိုင်ခဲ့တာကြောင့် ချေပဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ဘူးပဲ ဖြစ်ပါတယ်။ ပွဲချိန် (၈၇) မိနစ်မှာတော့ ဖာမီနိုနေရာမှာ လူစားဝင်ရောက်လာတဲ့ ကစား သမားအိုရီဂီ စပါးဂိုးဧရိယာအစပ်ကနေ အလှပဆုံးသွင်းယူကာ (၂-ဝ) ရလဒ်ဖြင့် ပွဲကို အဆုံးသတ်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဖလားကို (၆) ကြိမ်မြောက်သိမ်းပိုက်နိုင်ခဲ့တဲ့ အသင်းတစ်သင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ပါတယ်။