ဒီနှစ်အတွက် New Year Resolutions စာရင်းမှာ ကိုယ်ကာယပိုပြီး ကြံ့ခိုင်ရမယ်ဆိုတဲ့ ရည်မှန်းချက် ထည့်ထားပါသလား။ ဒါဆိုရင် ဘယ်လိုမျိုး Workout Plan တွေ ဆွဲထားဖြစ်သလဲ။

၂၀၂၀ မှာ ဖြည့်ဆည်းထားသင့်တဲ့ သင့်ရဲ့ Body Fitness ရည်မှန်းချက်တွေထဲမှာ အခုပြောမယ့် အချက်တွေ ပါသင့်ပါတယ်။

(၁) အဆီချမယ်

Photo: fashionbeans

၂၀၂၀ အတွက် အရင်ဆုံး ထားသင့်တဲ့ အခြေခံ Workout plan ကတော့ အဆီကျရေး ဖြစ်သင့်ပါတယ်။ အဆီကျပြီး သွယ်လျလေလေ သင့်ကိုယ်တွင်းစွမ်းအင် level တွေ ပိုတက်ပြီး ပိုလို့ အိပ်ကောင်းလေလေ ဖြစ်မှာပါ။ လက်တွေ့ ပြောရရင် မှန်ရှေ့မှာ ရပ်ကြည့်လို့ ကိုယ့်ခန္ဓာကိုယ်မှာ အဆီနည်းလေလေ စိတ်ချမ်းသာလေလေ ပါပဲ။

(၂) ပိုသန်မာအောင် လုပ်ပါ

Photo: fashionbeans

Gym ရုံထဲ ခြေတစ်လှမ်း လှမ်းလိုက်တာနဲ့ သင်လာတဲ့ အကြောင်းရင်းဟာ အလေးပြားတွေ မဖို့ ၊ ဘော်ဒီပိုတောင့်အောင် ခပ်ကြမ်းကြမ်းတွေ ကစားဖို့နဲ့ ခွန်အားဗလတွေ ပိုကြီးလာဖို့ပဲ ဖြစ်သင့်ပါတယ်။ အလေးပြားတွေ တစ်ပတ်ထက် တစ်ပတ် ပိုတိုး မဖို့ကနေ သင်သွားနေတဲ့ Workout ခရီးကို အရောက်သွားဖို့ က သင့်ရဲ့ နေ့စဉ် ရည်မှန်းချက်ဆိုတာ မမေ့ပါနဲ့.။

(၃) Six-Pack ထွက်ရမယ်

Photo: fashionbeans

တစ်နှစ်အတွင်း Six-Pack ထွက်ဖို့ဆိုတာ အစီအစဉ်အတိုင်း လုပ်မယ်ဆိုရင် မခက်ပါဘူး။ လူတစ်ယောက် Workout ဘယ်လောက် လုပ်သလဲဆိုတာကို သိသာတဲ့ ပြယုဂ်ကတော့ ဝမ်းဗိုက်ပေါ်က Six-Pack က သက်သေ ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ အဆီကျပြီး ကျစ်လျစ်လာလေလေ ၊ ကြွက်သားကစားအား များလေလေ Six-Pack ကို မြင်ဖို့ နီးစပ်လာလေလေ ပါပဲ။

(၄) သက်လုံပိုကောင်းရမယ်

Photo: fashionbeans

အားကစားကို လုပ်သူတိုင်းဟာ သာမန်ထက် သက်လုံပိုကောင်းကြတာ သဘာဝပါ။ Workout Plan မှာ stamina ပိုတက်ရမယ်ဆိုတဲ့ အစီအစဉ်ထည့်ထားပြီး သက်လုံကောင်းဖို့ Treadmill ပေါ် ပြေးတာအပြင် တစ်ခြား အကူလေ့ကျင့်ခန်းတွေ ပုံမှန်ထည့်ကစားပေးသင့်ပါတယ်။

(၅) ဝိတ်တင်/ဝိတ်ချမယ်

Photo: Pexels

ဝိတ်တင်ဖို့ လိုတဲ့ ဘော်ဒီဆိုရင် အစားအသောက်နဲ့ ပြင်ရပါမယ်။ ကြွက်သားတက်ဖို့ ဝိတ်တင်ရာမှာ စားပေးရမယ့် အစားအသောက်တွေ စာရင်းကိုလည်း Gym Trainer နဲ့ တိုင်ပင်သင့်ပါတယ်။ ဝိတ်ချမယ်ဆိုရင်တော့ နည်းနည်းပိုခက်ပါတယ်။ နည်းစနစ်တကျ စားသောက်ရသလို လေ့ကျင့်ခန်းတွေလည်း ပိုပြီး ပြင်းပြင်းထန်ထန် လုပ်ရမှာပါ။