ယနေ့ဖက်ရှင်ရေစီးကြောင်းမှာ Trend တစ်ခုအနေနဲ့ ပြန်လည်ဆန်းသစ်လာတာကတော့ Bomber jacketအမျိုးအစားပဲဖြစ်ပါတယ်။Bomber Jacketဟာဆိုရင် ရှေးယခင်အမေရိကန်စစ်တပ်သားတွေ ဝတ်ဆင်တဲ့ Jacket ပုံစံကနေ အရင်းပြုပြီးခေတ်နဲ့အညီတိုးတက်ပြောင်းလဲလာတာဖြစ်ပါတယ်။ဒီလိုဆန်းသစ်မှုများစွာထဲက ဖက်ရှင်အကျဆုံး Bomber Jacket Design တွေကို ဖော်ပြလိုက်ပါတယ်။

Leather

Leather Bomber Jacket

Photo : MR PORTER

Leather Jacket ကောင်းကောင်းတစ်ထည်ကတော့ မရှိမဖြစ်ဖြစ်သလို Leather Jacket ပုံစံမျိုးဆို ဝယ်ဖို့နှစ်ခါစဉ်းစားနေဖို့ မလိုလောက်ပါဘူး။ဘာလို့ဆိုLeather Jacketတွေဟာ အရည်အသွေး ကောင်းရင်ကောင်းသလောက် တာရှည်ခံတဲ့အပြင် ပွဲလမ်းအမျိုးမျိုးကို ဝတ်ဆင်နိုင်တာကြောင့်ပဲဖြစ်ပါတယ်။လူငယ်ဆန်တဲ့ Bomber Jacketကိုမှ Leatherနဲ့ဆိုရင်တော့ သင့်ကိုဝတ်လိုက်တိုင်း မိမိုက်နေစေမှာအသေချာပဲဖြစ်ပါတယ်။

College Jacket

college jacket

Photo : Talitaferraz.com.br

College Jacket ဆိုတဲ့အတိုင်း လူငယ်လူရွယ်တိုင်းနဲ့ သင့်တော်မယ့်အမျိုးအစားပဲ ဖြစ်ပါတယ်။ဒီ Jacketကို ဂျင်းဘောင်းဘီရယ်၊ Sneakerကောင်းကောင်းတစ်ရံရယ်နဲ့သာ တွဲဝတ်မယ်ဆိုရင် လုံးဝလူငယ်ဆန်ပြီး ပေါ့ပါးစတိုင်ကျနေစေမှာပါ။ဒါကြောင့်ဆယ်ကျော်သက်နဲ့လူငယ်လူရွယ်တွေအနေနဲ့ မရှိမဖြစ်ဆောင့်ထားသင့်ပါတယ်။

Navy Minimal MA1

Navy​ Minimal MA1 Bomber Jacket

Photo : Ties.com

ဒီ Bomber Jacketဟာဆိုရင် နေဗီပြာရောင်ရှိပြီး ခန္ဓာကိုယ်အချိုးစားကို ကျစ်လစ်စေတဲ့ပုံစံ ဖြစ်ပါတယ်။အခြားBomber တွေလို အပွသဘောမဟုတ်တဲ့အပြင် လက်မောင်းမှာလဲ ဖစ်တပ်ဆင်ထားခြင်းမရှိပါဘူး။ရိုးရှင်းတဲ့ Bomber Jacket အမျိုးအစားဖြစ်တာကြောင့် အောက်ကဂျင်းဘောင်းဘီသာမက ကြိုက်ရာတွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

Featured Photo : manofmany