Denim Jeans တွေက သိပ်အကြမ်းခံပါတယ်။ အနည်းဆုံး ၃/၄ နှစ်တော့ ပြန်ကြည့်စရာမလိုအောင် အဝတ်ခံပါတယ်။ ဒီတော့ ရေရှည်ဝတ်ရမယ့် Denim Jean တွေ ဝယ်တော့မယ်ဆိုရင် ဘယ်လိုမျိုး Denim Styles ကို ရွေးရမလဲဆိုတာ ကြိုစဉ်းစားစေချင်ပါတယ်။ အပြာဝယ်မလား ၊ အနက်ရောင်ဝယ်မလား။ အရောင်ရင့်လား ၊ Light Wash ဖျော့လား ၊ Vintage ဒီဇိုင်းလား Selvedge လား။ အမျိုးမျိုး ရှိတဲ့အထဲကနေ ဝယ်လို့ အမှားမရှိတဲ့ Denim Jeans စတိုင် ၃ မျိုးအကြောင်း ပြောပြလိုက်ပါတယ်။
(၁) Classic Dark Blue Jeans
Photo: styledbysally
ဘောင်းဘီဆို အရောင်ရင့် အရောင်လတ်မှ အဆင်ပြေပါတယ်။ Classic Dark Blue ရောင်ကတော့ Jeans ချစ်သူတိုင်း ငြင်းစရာမရှိအောင် လိုက်ဖက်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ ဒီအရောင်က ခြေထောက်ဆိုဒ်ကို တခြားအရောင်တွေထက် ပိုပြီး အဆင်ပြေအချိုးကျစေလို့ ဖြ်စပါတယ်။ အဝတ်အစားအတွဲအဖက်အတွက်လည်း မရွေးတဲ့ အရောင်ပါ။
အပေါ်မှာ Sports Jacket ၊ ရှပ်လက်ရှည်သန့်သန့်နဲ့ တွဲပြီး ဝတ်လည်း အဆင်ပြေတာပါပဲ။ ရိုးရိုးလေး T-Shirt + Sneakers ဆိုလည်း လိုက်ဖက်တာပါပဲ။ Slim Fit Cutting နဲ့ ရွေးဖို့ အကြံပေးချင်ပါတယ်။ Body ကြီးတဲ့ အမျိုးသားတွေအတွက်တော့ ကိုယ်လုံးကိုယ်ပေါက် အချိုးပြေအောင် Straight Leg Fit ဒီဇိုင်းမျိုး ရွေးပေးသင့်ပါတယ်။
(၂) Black Denim Jeans
Photo: styledbysally
Dark Blue အစား နောက်ထပ် ပိုအရောင်ရင့်ပြီး ယောင်္ကျားဆန်တဲ့ ကာလာက Black Denim Jeans ပါ။ Formal/Casual နှစ်မျိုးစလုံး အဝတ်ခံပါတယ်။ အပေါ်မှာ ရှပ်အဖြူလက်ရှည်နဲ့တွဲဝတ်ရင် လူကို ပိုသားနားစေတဲ့ ဒီဇိုင်းပါ။ အခုလို နွေဘက်တွေမှာတော့ တီရှပ်တစ်ထည်နဲ့ တွဲဝတ်ရင် စမတ်ကျစေနိုင်ပါတယ်။ Black Denim Jeans ဝယ်ရင် ကာလာစိတ်ချရအောင် အရည်အသွေးကောင်းတာ ဝယ်ဖို့ အရေးကြီးပါတယ်။
(၃) Casual Vintage Jeans
Photo: styledbysally
Light Denim Jeans တွေကို မိုးပြာဖျော့ကာလာနဲ့ တွဲသိကြပါတယ်။ များသောအားဖြင့် T-Shirts တွေ ၊ Hoodies နဲ့ Sneaker ဖက်ရှင်တွေမှာ Vintage စတိုင် Jeans ဖက်ရှင်မျိုး ဝတ်ကြပါတယ်။ ကြည့်ရတာ အဆင်ပြေပြီး သက်တောင့်သက်သာရှိတဲ့ဟန်ကို ပေးပါတယ်။ တချို့လည်း Ripped စတိုင် ဖြဲထားတဲ့ ဖက်ရှင်မျိုးနဲ့ Casual ဝတ်လေ့ ရှိတာပါပဲ။ လူငယ်ဆန်တာကြောင့် Casual ဝတ်တဲ့သူတွေအကြိုက်တွေ့တဲ့ ဖက်ရှင်လည်းဖြစ်ပါတယ်။