အလုပ်သွား အလုပ်ပြန်မှာ ဘယ်လိုဖက်ရှင် ဝတ်သင့်သလဲဆိုတဲ့ မေးခွန်းမှာ ရိုးရှင်းတဲ့ အဖြေတစ်ခု ရှိပါတယ်။ “သင်နဲ့ သင့်အနားက လူတွေ သက်တောင့်သက်သာ ဖြစ်စေမယ့် ပုံစံမျိုး ဝတ်ဆင်ပါ”။ တစ်နည်းအားဖြင့် အဝတ်အစားဟာ လူရဲ့ ရုပ်ပိုင်းဆိုင်ရာ သက်တောင့်သက်သာ ရှိမှုနဲ့ ကိုယ့်ပတ်ဝန်းကျင်က လူတွေကို လေးစားမှု ပြခြင်းဆိုတဲ့ အစွန်းနှစ်ဖက်ကြား ဟန်ချက်မျှတဲ့ ဖက်ရှင်ဖြစ်သင့်ပါတယ်။

ကုမ္ပဏီအသစ်မှာ ရုံးတက်တော့မယ်ဆိုရင် ရုံးနဲ့ အလုပ်ရာထူးအနေအထားကို လိုက်ပြီး Business Formal ဝတ်မလား ၊ Business Professional ဝတ်မလား ဒါမှ မဟုတ် Business Casual ဝတ်လားဆိုတာ စဉ်းစားရမှာပါ။

(၁) Business Formal

Photo: hockerty

ဒီဝတ်စုံမျိုးက ဘဏ် ၊ အသက်အာမခံ ကုမ္ပဏီ ၊ ဥပဒေလုပ်ငန်းမျိုးတို့မှာ ဖြစ်ဖြစ် ကိုယ်တိုင်ကလည်း ကုမ္ပဏီ အမှုဆောင်တစ်ဦး (သို့) အမှုဆောင်တွေနဲ့ ပုံမှန်တွေ့ရတဲ့ အလုပ်မျိုးမှာ လုပ်နေတဲ့သူတွေ ဝတ်သင့်ပါတယ်။

Business Formal ဝတ်စုံပြည့် ဝတ်ဆင်ရတဲ့ အခြေအနေ အတော်များများက တစ်ခြားကုမ္ပဏီက ဘုတ်အဖွဲ့ဝင် ဒါရိုက်တာတွေနဲ့ အစည်းအဝေးထိုင်ရတာမျိုးမှာ ဖြစ်တတ်ပါတယ်။ Business Formal ဝတ်စုံမှာ Tailored-Made ရှပ်အဖြူနဲ့နက်ပြာ (သို့) အမှိုင်းရင့် Suit ၊ အပြာ/အနီ နက်ခ်တိုင် ပါရမှာပါ။

(၂) Business Professional

Photo: hockerty

နောက်ထပ် ရုံးဝတ်စုံ Dress Code တစ်မျိုးက Professional ဆိုတဲ့ အတိုင်း အသိပညာရှင်အဆင့် ပုဂ္ဂိုလ်တွေ အဝတ်များပါတယ်။ ရှပ်အစင်းကိုမှ ကာလာအမျိုးမျိုးနဲ့ လာပြီး ပိုပြီး သက်တောင့်သက်သာရှိတဲ့ ဂျက်ကတ်/Suit ပါရှိပါတယ်။ နက်ခ်တိုင်ကတော့ မဖြစ်မနေ တပ်စရာတော့ မလိုပါဘူး။

(၃) Business Casual

Photo: hockerty

ဒီဝတ်စုံကတော့ ကုမ္ပဏီတိုင်း ၊ ရုံးတိုင်းမှာလိုလို မြင်တဲ့ Business Dress Code တစ်မျိုးပါပဲ။ Casual ဆိုတဲ့အတိုင်း ပေါ့ပေါ့ပါးပါး ဖြစ်အောင်လို့ Chino pants ဖြစ်စေ ဂျင်းဘောင်းဘီနဲ့ ဖြစ်စေ တွဲဝတ်နိုင်ပါတယ်။

ဂျက်ကတ်မပါရင်လည်း ဖြစ်ပါတယ်။ ကာလာကိုလည်း တောက်တောက်ကြီး မဖြစ်ရင် အဆင်ပြေပါတယ်။ ဘောင်းဘီအသားနဲ့ ခါးပတ်ကအစ Casual Dress ဖြစ်လို့ အရမ်းကြီး Formal ကျစရာ မလိုပါဘူး။ ဒင်နာတက်တာလောက် TGIF အတွက် ရုံးက သူငယ်ချင်းတွေနဲ့ သွားတာလောက်တော့ ဒီဝတ်စုံနဲ့ သွားလို့ ရပါတယ်။