ဘဝခရီးကြမ်းကို ဖြတ်သန်းတဲ့အခါ အဆင်ပြေချောမွေ့ဖို့အတွက် အကူအညီအဖြစ် လက်နက်တွေလိုအပ်ပါတယ်။ ဒါမှအခက်အခဲတွေကို အလွယ်တကူကျော်ဖြတ်သွားနိုင်မှာဖြစ်ပါတယ်။ လက်နက်ကိရိယာတွေမရှိတဲ့အခါမှာ လောကဓံဆိုတဲ့ရန်သူနဲ့ ကြုံတွေ့လာတဲ့အခါ ကိုယ်ဟာအမြဲအရှုံးနဲ့ ရင်ဆိုင်သွားရနိုင်ပါတယ်။
ကျန်းမာရေး

Source: prodiet.com.br
ဘဝတစ်လျောက်လုံးအတွက် မရှိမဖြစ်လိုအပ်တဲ့ လက်နက်ကြီးတစ်ခုကတော့ ကျန်းမာရေးပါပဲ။ ခန္ဓာကိုယ်ကျန်းမာရေးနဲ့ စိတ်ကျန်းမာရေးဆိုပြီး နှစ်မျိုးခွဲခြားချင်ပါတယ်။ ကိုယ်ရောစိတ်ပါကျန်းမာမှ ဘဝရဲ့ပန်းတိုင်ဆီကို အရောက်လှမ်းသွားနိုင်မှာဖြစ်ပါတယ်။
မိသားစု

Source: Australian Institute of Family Studies
မိဘတွေကစပြီး သားသမီး၊ ဇနီး စတဲ့ လက်နက်ကောင်းတွေဟာ ကိုယ့်အနားမှာ အမြဲရှိနေသင့်ပါတယ်။ ကြောက်စရာဘဝရဲ့ ရန်သူတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ရတဲ့အခါမှာ မိသားစုဆိုတဲ့လက်နက်က ကိုယ့်ကိုလုံခြုံမှုအပြည့်အ၀ ပေးနိုင်မှာပဲဖြစ်ပါတယ်။
စီးပွားရေး

Source: SJ Personnel
အောင်မြင်တဲ့စီးပွားရေးဆိုတဲ့ လက်နက်ကြီးကို ဘဝအစကနေ အဆုံးထိ အဆင်သင့်ကိုင်စွဲထားဖို့ လိုအပ်ပါတယ်။ ဒီလက်နက်ကြီးကိုသာသတိရှိရှိနဲ့ ကိုင်စွဲထားရင် ဘဝမှာထိုးနှက်လာတဲ့အန္တရာယ်ရန်စွယ်တွေကို ကြံ့ကြံ့ခိုင်ကျော်လွှားနိုင်မှာပဲဖြစ်ပါတယ်။
