သက်လုံကောင်းဖို့ အဆုတ်အားကောင်းဖို့ လိုပါတယ်။ နောက်တစ်ချက်ကလည်း အဆုတ်ကောင်းမှ စိတ်နဲ့ကိုယ်ကျန်းမာရေး ကောင်းမယ်လို့တောင် ပြောနိုင်ပါတယ်။ အကြောင်းက ရှင်းပါတယ်။

အားကောင်းတဲ့ အသက်ရှုစနစ်တစ်ခုဟာ ကိုယ်လက်လှုပ်ရှားမှုကို ပိုအားပေးပါတယ်။ ကိုယ်တွင်းကြွက်သားနဲ့ ဦးနှောက်တွေဆီ အောက်ဆီဂျင်ပို့လွှတ်မှု ပိုကောင်းစေပါတယ်။ ဒီနည်းနဲ့ အားကစားလုပ်နိုင်စွမ်း ပိုကောင်းပြီး စိတ်လက်ကြည်လင်မှုကို အထောက်အပံ့ပေးလို့ ဖြစ်ပါတယ်။ အသက်ရှုမှုကောင်းဖို့နဲ့ အဆုတ်ရဲ့လုပ်ဆောင်ချက်ကို မြှင့်တင်ဖို့ဆို အခုပြောမယ့် လေ့ကျင့်ခန်းလေးတွေကို နေ့စဉ်လုပ်ပေးသင့်ပါတယ်။

(၁) ယောဂ

Man Yoga

Photo: Unsplash

ယောဂကစားနည်းဟာ အဆုတ်ကျန်းမာရေးအတွက် သိပ်ကို အကျိုးများပါတယ်။ ယောဂဟာ အသက်ရှုမှုကို ထိန်းချုပ်ပြီး ကိုယ်ခန္ဓာနဲ့ စိတ်ကို ဟာမိုနီဖြစ်အောင် လှုပ်ရှားတာ ဖြစ်ပါတယ်။ အသက်ပြင်းပြင်းရှုပြီး ဖြေးဖြေချင်း ရှုထုတ်ရတဲ့ ဒီလေ့ကျင့်ခန်းဟာ အသက်ရှုမှုစနစ်အပြင် စိတ်ရဲ့ အရိုးအဆစ်တွေ ကျန်းမာဖို့ပါ အားပေးပါတယ်။

(၂) အေရိုးဗစ်လေ့ကျင့်ခန်း

Group of People working out

Photo: Unsplash

အေရိုးဗစ်ဆိုတာ နှလုံးကျန်းမာရေးအတွက် ကောင်းတဲ့ လှုပ်ရှားမှုလို့ လူသိများပါတယ်။ အေရိုးဗစ်ဆိုတာ သိပ်မပြင်းထန်ဘဲ လှုပ်ရှားနိုင်တဲ့ ရွရွပြေး ၊ လမ်းလျှောက် ၊ အပြေး နဲ့ ကခုန်တာမျိုး လှုပ်ရှားမှုတွေကို ခေါ်တာပါ။ အေရိုးဗစ်ကစားတာဟာ နှလုံးနဲ့ အဆုတ် သန်မာစေပြီး သွေးတွင်းအောက်ဆီဂျင်စီးဆင်းမှု ပိုကောင်းစေပါတယ်။ စိတ်လက်ကြည်လင်ပြီး ပေါ့ပါးသွက်လက်တဲ့အကျိုး ပေးပါတယ်။

(၃) ဝမ်းဗိုက်နဲ့ အသက်ရှုနည်း

Breathing style

Photo: Unsplash

ရင်ဝမ်းသားကြွက်သားကို အသုံးပြုပြီး အားစိုက်အသက်ရှုနည်းကလည်း အဆုတ်အိမ်ပိုကျယ်စေပြီး အောက်ဆီဂျင် ပိုရောက်စေပါတယ်။ ဝမ်းဗိုက်နဲ့ အားပြုအသက်ရှုမယ်ဆိုရင် အရင်ဆုံး ကိုယ်အပေါ်ပိုင်းကို Relax လုပ်ပြီး ခပ်လျော့လျော့နဲ့ နေပါ။ လက်တစ်ဖက်ကို ဗိုက်ပေါ်တင်ပြီး နှာခေါင်းကနေ ဗိုက်ကြီး ဖောင်းလာအောင် အသက်ပြင်းပြင်းရှုပါ။ ပြီးမှ ဖြည်းဖြည်းချင်း အသက်ပြန်ရှုထုတ်ပါ။ အသက်ရှုထုတ်ရင်းနဲ့ ဗိုက်က လျော့သွားပါစေ။ ဒါမျိုးကို ငါးကြိမ်လုပ်ပြီး ခဏနား ၊ ပြီးမှ နောက်တစ်ကျော့လုပ်ကြည့်ပါ။

Featured Photo: neuropeakpro