ဘယ်လို အလုပ်အကိုင်နဲ့ အသက်မွေးရင် ကြီးပွားမလဲဆိုတာ လူတိုင်း မသိနိုင်ပါဘူး။ ဒါပေမယ့် ဘယ်လိုအရည်အချင်းရှိရင် ချမ်းသာမယ်ဆိုတာတော့ ပြောပြလို့ရတာတွေ ရှိပါတယ်။
ဘယ်အလုပ်နဲ့ပဲ အသက်မွေးမွေး ချမ်းသာအောင်မြင်ချင်တယ်ဆိုရင် ဒီအချက် ၃ ချက်ကို လိုက်နာပေးဖို့ လိုပါတယ်။
(၁) ရေရှည်အကျိုးများတဲ့ အလုပ်လုပ်ပါ
Photo: Unsplash
ခဏတစ်ဖြုတ် ငါးပွက်ရာ ငါးစာချလိုက်လုပ်လို့ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ပါဘူး။ တကယ်ကြီးပွားဖို့ဆိုရင် ရေရှည်အကျိုးရှိတဲ့ ၊ ကိုယ်လည်း ရေရှည် အားထည်လုပ်နိုင်ပြီး ကိုယ့်အရည်အချင်းတွေလည်း တက်တက်လာမယ့် အလုပ်မျိုးရှာပါ။ အရွယ်ရောက်ပြီးနောက် လူဟာ အသက် ၆၀ လောက်အထိ အလုပ်လုပ်ရတာ ဖြစ်လို့ နှစ်ပေါင်း ၄၀/၅၀ လောက်အထိ အခွင့်အလမ်းရှိတဲ့အလုပ် ၊ တိုးတက်မယ့်အလုပ်ကို ဦးတည်ဖို့ လိုပါတယ်။
(၂) ကိုယ်လုပ်တာ အကောင်းဆုံးဖြစ်ပါစေ
Photo: Unsplash
အောင်မြင်ချင်ရင် အားထည့်ပြီး လုပ်ရပါတယ်။ အဲ့ဒီအားထဲမှာ အကျိုးပြုလိုတဲ့ စေတနာအား ၊ ဉာဏ်အား ၊ ဝီရိယအား ၊ ဖန်တီးအားတို့ ပါဖို့ လိုပါတယ်။ ဒါတွေကို ခြုံပြောရရင် လုပ်သမျှ အကောင်းဆုံး ၊ အမြဲတမ်း ကောင်းသထက်ကောင်းအောင် လုပ်သွားဖို့ပါပဲ။ဒီလို လုပ်နိုင်ဖို့ ကိုယ်တကယ် ဝါသနာပါပြီး မွေ့လျော်တဲ့ ၊ စူးစမ်းကြံဆလိုပြီး ထက်သန်ပြင်းပတဲ့ အလုပ်အကိုင်ကို ရွေးဖို့လည်း အကြံပေးချင်ပါတယ်။
(၃) စူးစမ်းကြံဆမှုကို အမြဲလမ်းဖွင့်ထားပါ
Photo: Unsplash
အမြဲတမ်း သိချင်စိတ်ကို နှိုးဆွထားပါ။ ပညာရပ်ဆိုင်ရာဖြစ်စေ ၊ အတွေးအခေါ် အသိအမြင်ဆိုင်ရာဖြစ်စေ ကြီးပွားမယ့်အရေးအတွက် သိချင်စိတ် / တတ်ချင်စိတ်နဲ့ ကလေးတစ်ယောက်လို စူးစမ်းချင်တဲ့စိတ်ကို ဘယ်တော့မှ ရပ်မပစ်လိုက်ပါနဲ့။ ကိုယ့်အလုပ်နဲ့ပတ်သက်ပြီး ဆက်စပ်ရာ နယ်ပယ်တွေအကြောင်း စပ်စုနေပါ။ ခေတ်ရေစီးမှာ ပြောင်းလဲလာတဲ့ နည်းပညာသစ်တွေကို စူးစမ်းနေပါ။ ကိုယ့်ကိုယ်ကိုယ်ကို စုဗူးတစ်ဗူးလို သဘောထားပြီး အမြဲအသစ်အသစ် တန်ဖိုးရှိတာတွေနဲ့ ဖြည့်တင်းနေပါဖို့ တိုက်တွန်းလိုက်ပါတယ်။
Featured Photo: Forbes