အသက်ရှင်နေထိုင်နေရတဲ့ အချိန်အတွင်းမှာ ကိုယ့်ဘဝအတွက် ဗီတာမင်ဒြပ်တွေလို မရှိမဖြစ်လိုအပ်တဲ့သူတွေရှိသလို ဗိုင်းရပ်စ်ပိုးတွေလို အမြန်မောင်းထုတ်ပစ်ရမယ့်သူတွေလည်း ရှိပါတယ်။ ဗိုင်းရပ်စ်လိုလူတွေကို ကိုယ့်ပတ်ဝန်းကျင်မှာ မွေးထားမိရင် ဘဝအတွက် အန္တရာယ်များလွန်းပါတယ်။
ချိုးနှိမ်ချင်သူများ

Source: John Doherty
ကိုယ့်တက်လမ်းမှန်သမျှကို သူတို့ပိတ်ချင်ကြပါတယ်။ အဆင်ပြေမယ်၊ အောင်မြင်တယ်ဆိုရင် မနှစ်မြို့တတ်သူတွေပေ့ါ။ ဒီလိုလူတွေဟာ သိပ်ကြောက်ဖို့ကောင်းပါတယ်။ ကိုယ်အဆင်မပြေဖို့ကို ကျိတ်ဆုတောင်းပြီး ကိုယ့်ကိုအမြဲချောက်တွန်းချင်နေသူတွေကို အမြန်ဆုံးရှောင်ဖယ်သင့်ပါတယ်။
ရှေ့တမျိုးကွယ်ရာတမျိုးပြောတတ်သူများ

Source: nevadasmallbusiness.com
ဒီလိုအကျင့်ရှိတဲ့သူမျိုးတွေဟာ ဘဝအတွက်အန္တရာယ်များတဲ့အတွက် အမြန်ဆုံးမောင်းထုတ်ရမယ့် လူစာရင်းမှာပါပါတယ်။ သူတို့ရဲ့ဟန်ဆောင်မျက်နှာဖုံးအောက်က အစစ်အမှန်မျက်နှာထားကို မြင်ရဖို့ခက်ခဲတယ်လေ။
မိတ်ဆွေတုများ

Source: Pinterest
ကိုယ့်ပတ်ဝန်းကျင်မှာရှိနေတဲ့ မိတ်ဆွေတွေကို အတုအစစ်ခွဲခြားသိမြင်နိုင်ဖို့ လိုပါတယ်။ မိတ်ဆွေယောင်ဆောင်တဲ့ ရန်သူတွေဟာ ဘဝအတွက်အန္တရာယ်များတဲ့ ဗိုင်းရပ်စ်ပိုးတွေပါပဲ။ ဒီလိုမိတ်ဆွေတုတွေကို အမြန်ဆုံး လက်ပြနှုတ်ဆက်သင့်ပါတယ်။
