ကိုယ်စွမ်းကိုယ်စဖွံ့ဖြိုးမှုအားကောင်းခြင်း Self-Improvement ဟာ လူတိုင်းအတွက် လိုပါတယ်။ အထူးသဖြင့် ဦးဆောင်မှုပြုရတဲ့ အမျိုးသားတစ်ယောက်အနေနဲ့ Self-Improvement ကောင်းခြင်းဟာ စွမ်းဆောင်ရည်မြင့်မားတဲ့ ယောင်္ကျားတစ်ယောက် ဖြစ်စေဖို့ အကြောင်းတရားတစ်ခုပါပဲ။
စွမ်းရည်မြင့်တဲ့ ယောင်္ကျားတွေဟာ ထက်မြက်တယ် ၊ သင်လွယ်တတ်လွယ်တယ် ၊ ကိုယ့်ဘဝကို နေ့စဉ် ပိုကောင်းအောင် ကြိုးစားနေပါတယ်။ ဒါဆို ပင်ကိုယ်စွမ်းရည်ဖွံ့ဖြိုးတဲ့ အမျိုးသားတွေရဲ့ Lifestyle က ဘယ်လိုမျိုးလဲ။

(၁) ယဉ်ကျေးမှု ရှိတယ်

Photo: Freepik

နေတတ်ထိုင်တတ်တယ်။ နေရာအခါသိပြီး ဆက်ဆံတတ်တယ်။ လူမှုရေး ကောင်းပြီး ပျူငှာဖော်ရွေတယ်။ တစ်ဖက်သားကို ကျေးဇူးပြုတတ်သူတွေပါ။ စကားအပြောအဆို ယဉ်ကျေးလိမ္မာပြီး နှစ်လိုဖွယ်ကောင်းတယ်။ ဗန်းစကားတွေ ၊ ပေါက်လွှတ်ပဲစား စကားလုံးတွေ နဲ့ စကားမပြောတတ်သူ။ ဆဲဆိုရိုင်းပြတာမျိုး ရှောင်ရှားသူတွေဟာ ကိုယ်ရည်ကိုယ်သွေးမြင့်သူတို့ရဲ့ အပြုအမူပါပဲ။

(၂) ကိုယ့်ပုံစံကို ဂရုစိုက်တယ်

Photo: Freepik

ချောအောင် အလှပြင်တာမျိုးကို ပြောတာမဟုတ်ပါဘူး။ ပွဲနဲ့ လမ်းနဲ့ သွားမယ်ဆိုရင် သပ်သပ်ရပ်ရပ် လိုက်ဖက်အောင် ဝတ်စားသွားတယ်။ ဈေးကြီးတဲ့ အဝတ်အစားတွေထက် ဝတ်သမျှ အဝတ်အစားဟာ ကြည့်လိုက်ရင် သန့်သန့်ရှင်းရှင်း ၊ ကြည်ကြည်စင်စင်နဲ့ ဥပဓိရုပ်ကို မြှင့်တင်မယ့် ဖက်ရှင် ဖြစ်သင့်ပါတယ်။

(၃) ဟိုစပ်စပ် ဒီစပ်စပ် ကျွမ်းကျင်မှု ရှိတယ်

Photo: Freepik

အမျိုးသားတစ်ယောက်ဟာ တော်ရုံလက်မှုပညာလေးတွေ တတ်ထားဖို့ လိုပါတယ်။ အိမ်ထဲက တော်ရုံအပျက်အစီးသေးသေးမွှားမွှားတွေ ကိုယ်တိုင် ပြင်နိုင်ရပါမယ်။ ဒါမျိုးကို Outdoor Capable ဖြစ်တယ်လို့ ဆိုရမှာပါ။ အလုပ်လုပ်နိုင်တဲ့ သက်မွေးပညာတွေလည်း တတ် ၊ Outdoor Capable လည်း တတ်တဲ့သူဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တည်ဆောက်ရင်း မြင့်သွားမှာ ဖြစ်ပါတယ်။