လူမှုဆက်ဆံရေးဆိုတာ တစ်ယောက်ကိုတစ်ယောက် နီးကပ်အောင် ချိတ်ဆက်လိုက်တဲ့ ချိတ်ဆက်မှု Connections လေးတွေပါပဲ။ ဒီချိတ်ဆက်လေးတွေကို အားကောင်းခိုင်မာနေလေလေ ပိုပြီး ပျော်ရွှင်ချစ်ခင်တဲ့ Relationship တစ်ခု ဖြစ်လာလေလေပါပဲ။ တစ်ခါတလေမှာလည်း Connections ပြတ်ပြီး တစ်ယောက်ကိုတစ်ယောက် စိမ်းကားသွားစရာ အကြောင်းတရားတွေလည်း ပေါ်လာတတ်ပါတယ်။ အခုပြောမှာက လူမှုဆက်ဆံရေးမှာ ရှောင်ရှားသင့်တဲ့ ပြဿနာတချို့အကြောင်းပဲ ဖြစ်ပါတယ်။

(၁) ဆက်သွယ်မှု ညံ့ခြင်း

Bromance

Photo: Unsplash

Communication လို့ခေါ်တဲ့ ဆက်သွယ်မှုညံ့လာရင် တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်အစေးတွေ ခြောက်သွားတတ်ပါတယ်။ လူတွေ တစ်ယောက်ကိုတစ်ယောက် ခင်မင်ရင်းနှီးတယ်ဆိုတာ မှန်ကန်မျှတတဲ့ ဆက်သွယ်မှုရှိလို့ပါပဲ။ အရင်က ခင်ခင်မင်မင် အကျွမ်းတဝင်ဖြစ်ခဲ့တဲ့ လူနှစ်ယောက် စိမ်းသွားစေတဲ့အကြောင်းကလည်း ဆက်ဆံမှာ ပြဿနာရှိလို့ ဖြစ်နိုင်ပါတယ်။ ကာလရှည် အခင်အမင်မပျက်ဆက်ဆံရေးဆိုတာ တစ်ယောက်ကိုတစ်ယောက် သစ္စာရှိပြီး အလေးထားတာ ၊ လေးစားဖြောင့်မတ်မှု အလိုက်သိမှုနဲ့ ဖော်ရွေစွာ ပေါင်းဖက်တာမျိုးမှာ အခြေခံပါတယ်။ ဒါကြောင့် ရင်းနှီးမှု မပျက်စေချင်ရင် ဆက်သွယ်မှု Level ကို အားကောင်းခိုင်မာအောင် မြှင့်တင်ထားဖို့ လိုပါတယ်။

(၂) ပတ်သက်မှု နည်းလာခြင်း

Communication

Photo: Unsplash

လူနှစ်ယောက် ဆက်ဆံရေးမှာ “စကားမပြောဖြစ်တာ နှစ်နဲ့ချီကြာပေါ့”ဆိုတဲ့ အသံထွက်လာရင် စိမ်းသွားပြီလို့ လူတိုင်း သိကြမှာပါ။ ပတ်သက်မှ ကျွမ်းဝင်ပါတယ်။ ကျွမ်းဝင်မှ ရင်းနှီးပါတယ်။ ရင်းနှီးမှ အားကောင်းတဲ့ ဆက်ဆံရေးဖြစ်လာမှာပါ။ မဆုံဖြစ်တော့ဘူး ၊ မပြောဖြစ်တော့ဘူး ၊ မတွေ့ဖြစ်တော့ဘူးဆိုရင် တစ်ယောက်ကိုတစ်ယောက် ခင်မင်စိတ်တွေ လျော့ပါးသွားနိုင်ပါတယ်။

(၃) တစ်ယောက်ကိုတစ်ယောက် စိတ်မဝင်စားခြင်း

Two guys talking on a walk through the city.

Photo: Unsplash

ကာလရှည် ပေါင်းသင်းဆက်ဆံနိုင်ခြင်းရဲ့ အဓိကလျှို့ဝှက်ချက်က တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်စိတ်ဝင်စားမှု ရှိလို့ပါပဲ။ အပြန်အလှန် စိတ်ဝင်စားမှုရှိမှ ရေရှည်ပေါင်းသင်းနိုင်မှာ ဖြစ်ပါတယ်။ တစ်ယောက်ကို တစ်ယောက် စိတ်ဝင်စားတယ်ဆိုတာ အပြန်အလှန်အလေးထားမှုရှိခြင်းရဲ့ တစ်စိတ်တစ်ဒေသပါပဲ။ လူတွေမှာ တစ်ယောက်နဲ့တစ်ယောက် မတူတဲ့ စရိုက်သဘာဝ ၊ အတွေးအမြင်နဲ့ လေးစားလောက်တဲ့ စွမ်းရည်တွေ ရှိကြတာပါပဲ။ ဒီအချက်တွေကို တစ်ယောက်ကိုတစ်ယောက် ရှာဖွေပြီး လေးစားနေတဲ့လူနှစ်ယောက်ဟာ ရေရှည်ပေါင်းလို့ရနိုင်ပါတယ်။ အဲ့ဒီလိုမှ မဟုတ်ဘဲ စိတ်ဝင်စားစရာတွေ ကုန်သွားရင် ပတ်သက်ချင်တဲ့စိတ်တွေလည်း ခန်းသွားနိုင်ပါတယ်။

Featured Photo: Business Insider