ဇွန်လ ၁၈ ရက်နေ့အထိ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၈.၄ သန်းကျော် ရှိလာပြီ ဖြစ်ပါတယ်။ ရောဂါကနေ သက်သာလာသူ ၄.၄ သန်းနဲ့ သေဆုံးသွားသူ ၄သိန်းခွဲ ရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ခြိမ်းခြောက်မှုဟာ ပေါ့ဆလို့ မဖြစ်ဘဲ သတိကြီးကြီးနဲ့ ဆက်လက်ကာကွယ်နေရမယ့် ကိစ္စလည်း ဖြစ်ပါတယ်။
ရောဂါကာကွယ်မှုနဲ့ ထိန်းချုပ်ရေးစင်တာ CDC ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုလျှော့ချနိုင်ဖို့အတွက် ညွှန်ကြားချက်တွေ ထုတ်ပြန်နေပြီး အပြင်သွားတိုင်း ယူသွားရမယ့် ပစ္စည်း ၃ မျိုးအကြောင်းလည်း မျှဝေထားပါတယ်။
(၁) Face Mask

Photo: Freepik
တရုတ် ၊ အီတလီနဲ့ နယူးယော့ခ်မြို့တွေမှာ ပါးစပ် ၊ နှာခေါင်းစည်း တပ်ဆင်တဲ့ အလေ့အကျင့် လုပ်ခြင်းဟာ COVID-19 ကူးစက်မှုပမာဏကို သိသိသာသာ လျှော့ချနိုင်တယ်ဆိုပြီး အမျိုးသားသိပ္ပံအကယ်ဒမီရဲ့ လေ့လာမှုက ဆိုပါတယ်။ အသက်ရှုမှု ပြဿနာမရှိဘူးဆိုရင် အသက် ၂ နှစ်နဲ့ အထက် လူတိုင်း Face Mask တပ်ပြီးမှ အပြင်သွားဖို့ CDC က ထောက်ခံထားပါတယ်။
(၂) Tissues

Photo: Freepik
COVID-19 ကာကွယ်ဖို့ ဆောင်ထားရမယ့် ပစ္စည်းတွေထဲမှာ တစ်သျှူးလည်း ပါပါတယ်။ နှာချေချောင်းဆိုးတိုင်း တစ်သျှူးအုပ်ပြီး ချောင်းဆိုး/နှာချေ လုပ်သင့်ပါတယ်။ တစ်သျှူးလေးပါရင် တံခါးလက်ကိုင်တွေ ဆွဲဖွင်ချိန်မှာတောင် တစ်သျှူးလေးသုံးပြီး ဖွင့်လို့ရမှာပါ။
(၃) Hand Sanitizer

Photo: Freepik
လက်ကို မကြာခဏ စနစ်တကျဆေးကြောင်းဟာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဖို့ ထိရောက်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ အပြင်မှာ လက်ဆေးဖို့ ရေနဲ့ ဆပ်ပြာ အဆင်မပြေတာမျိုးတွေ ဖြစ်နိုင်တာကြောင့် ရေမလိုတဲ့ လက်ဆေးရည် Hand Sanitizer ဗူးလေးတွေ ဆောင်ထားတာ အကောင်းဆုံးပါပဲ။
