အမြဲတမ်း ကြားနေရမယ့် စကားက အောင်မြင်ဖို့အတွက် ဖြတ်လမ်း မရှိ ဆိုတာ ဖြစ်ပါလိမ့်မယ်။ သံဓိဌာန်နဲ့ ဇွဲလုံ့လဟာ အခက်အခဲတွေကို ဖြတ်ကျော်ရာမှာ မရှိမဖြစ် လိုတဲ့ အရည်အသွေးတွေပါ။ ဒီအရည်အသွေးတွေကပဲ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ပုံဖော်ပေးတာ ဖြစ်ပြီး ကိုယ့်အရည်အချင်ပေါ် ယုံကြည်တဲ့ စိတ်ဟာ လူကို ပိုကြံ့ခိုင်စေပါတယ်။
ဇွဲ့လုံ့လ ၊ ယုံကြည်မှုနဲ့ အောင်မြင်ရမယ်လို့ သံဓိဌာန်ချထားပြီးပြီဆိုရင် အောင်မြင်မှုပန်းတိုင်ကို လှမ်းကိုင်နိုင်မှာပါ။ ဒီအရည်အသွေးတွေကို အခြေခံပြီး အောင်မြင်မှု ခရီးကို ဆက်လျှောက်ရာမှာ အခုပြောတဲ့ အချက် ၃ ချက်ကိုပါ အသုံးချမယ်ဆိုရင် တစ်နေ့မှာ အောင်မြင်သူတစ်ယောက်အဖြစ် ရောက်ရှိလာမှာ ဖြစ်ပါတယ်။

(၁) ဦးမော့ထားပြီး ရှေ့ဆက်လျှောက်ပါ

Photo: Freepik

ရှုံးနိမ့်သွားတဲ့ အကြောင်းရင်းတွေထဲက တစ်ခုက လက်လျှော့လိုက်လို့ ဖြစ်ပါတယ်။ သံဓိဌာန်ဟာ ယုံကြည်မှုက လာပါတယ်။ သင့်မှာ ပြတ်သားတဲ့ ယုံကြည်မှုရှိထားပြီး ဘယ်လောက်ပဲ ထပ်တလဲလဲ ရှုံးနိမ့်ပါစေ ရည်မှန်းချက်ဆီ ဆက်သွားနေရင် ပန်းတိုင်ဆီ တစ်နေ့ ရောက်မှာပါ။ ရှုံးနိမ့်ခြင်းဟာ ရှက်စရာ မဟုတ်ပါဘူး။ သင့်ကိုယ်သင် ယုံကြည်မှုရှိပြီး စည်းနဲ့ကမ်းနဲ့ သံဓိဌာန်အပြည့်နဲ့ ကြိုးစားနေရင် အောင်မြင်သူတစ်ယောက်အဖြစ် ရောက်လာနိုင်ပါတယ်။

(၂) အတွေ့အကြုံ ယူပါ

Photo: Freepik

ထပ်ခါတစ်လဲလဲ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေကနေ ဘယ်အရာတွေက အလုပ်ဖြစ်ပြီး ဘယ်လိုအရာတွေက အလုပ်မဖြစ်သလဲဆိုတာ ကျွန်တော်တို့ သိာနိုင်ပါတယ်။သောမတ်စ်အက်ဒီဆင်ကို ကမ္ဘာ့အကြီးကျယ်ဆုံး တီထွင်သူ ၊ သိပ္ပံပညာရှင် နဲ့ စီးပွားရေးသမားအဖြစ် လူသိများပါတယ်။ သူ့ရဲ့ အကျော်ကြားဆုံး စကားတစ်ခွန်းက “ကျွန်တော်် မရှုံးပါဘူး။ အလုပ်မဖြစ်တဲ့ နည်းလမ်း ၁၀၀၀၀ တွေ့ခဲ့တာပဲ ရှိပါတယ်။” လို့ ဖြစ်ပါတယ်။

(၃) နည်းလမ်းပြောင်းပါ

Photo: Freepik

အောင်မြင်တဲ့သူတွေမှာ ပြင်းပြတဲ့ သံဓိဌာန် ၊ ခိုင်မာတဲ့ ယုံကြည်မှုနဲ့ စွဲလမ်းတဲ့ စိတ် ရှိပါတယ်။ အလုပ်တစ်ခု အဆင်မပြေ ၊ ကျရှုံးတာမျိုး ရှိလာချိန်မှာ အကောင်းမြင်စိတ်နဲ့ အမှားကနေ သင်ယူဖို့ လိုပါတယ်။ ဒီလို သင်ယူထားတဲ့ အမှားကနေ နည်းလမ်းတွေ ပြောင်း ၊ ချဉ်းကပ်မှုသစ်တွေနဲ့ လမ်းကြောင်းသစ် ရှာမယ်ဆိုရင် ပြဿနာတွေ ပြေလည်စေမယ့် အဖြေကို ရှာတွေ့မှာပါ။
စိတ်ဟာ အလွန်ပဲ စွမ်းအားကြီးတဲ့ လက်နက် ဖြစ်ပါတယ်။ စိတ်ကို အပြုသဘောဘက် ရောက်အောင် လေ့ကျင့်ပေးမယ်ဆိုရင် ပိုပြီး ပြတ်သားခိုင်မာလာပါမယ်။ ပြဿနာတွေနဲ့ ကြုံချိန်မှာ သင့်ရဲ့ လေ့ကျင့်ထားတဲ့ စိတ်က သင့်ကို အခြေအနေတိုင်းမှာ တည်ငြိမ်မှန်ကန်တဲ့ ဘက်ရောက်အောင် လမ်းကြောင်းပြောင်းစေဖို့ အကူအညီ ဖြစ်စေမှာပါ။ဒီတော့ အောင်မြင်ချင်တယ်ဆိုရင် ဇွဲလုံ့လ ၊ သံဓိဌာန်နဲ့ ယုံကြည်မှု ရှိအောင် စိတ်ကို လေ့ကျင့်ပေးသင့်ပါတယ်။