မိန်းကလေးတိုင်း စိတ်ကူးယဉ်တတ်တဲ့ အမျိုးသားတွေရဲ့ပုံစံကို သင်သိပါသလား။ ငွေကြေးဥစ္စာပြည့်စုံနေရုံနဲ့လည်း မိန်းကလေးတိုင်းစိတ်ကူးယဉ်မယ့်သူတစ်ယောက် လုံးဝမဖြစ်နိုင်ပါဘူး။ ဒါဆိုဘယ်အချက်တွေက ပျိုတို့ကိုပိုပြီးကြွေစေလည်း၊ ပျိုမေတို့စိတ်ကူးယဉ်တဲ့ အမျိုးသားတွေက ဘယ်လိုအရည်အချင်းတွေရှိသင့်လည်းဆိုတာ ဆက်ဖတ်ကြည့်ရအောင်။

(၁) ကြင်နာမှု

Source: Lifehacks.org

မိန်းကလေးအားလုံးလိုလိုက ဂရုစိုက်ပြီး ကြင်နာတက်တဲ့ နှလုံးသားတစ်စုံရှိသူတွေကို ပိုပြီးသဘောကျတတ်ကြပါတယ်။ နွေးနွေးထွေးထွေးပြောဆိုဆက်ဆံတာတွေ၊ ကြင်နာယုယစွာဆက်ဆံတာတွေဟာ သင့်ကိုအမှတ်ပေးစေမယ့် အချက်တွေပဲဖြစ်ပါတယ်။

(၂) ရိုးသားမှု

Source: Reader’s Digest

မိန်းကလေးတွေရဲ့ ပင်ကိုယ်စိတ်ဟာ ရိုးသားမှုကိုမြတ်နိုးတဲ့သူတွေပါ။ သူမတို့နဲ့ပတ်သက်တဲ့ သူတိုင်းအပေါ်မှာလည်း ပွင့်လင်းစွာဆက်ဆံတက်ကြသလို သူတို့ကိုလည်း အမှန်အတိုင်းရိုးသားပွင့်လင်းစေချင်တတ်ကြပါတယ်။ နှလုံးသားနဲ့ ရင်းနှီးပြီးချစ်ရတဲ့သူတစ်ယောက်အတွက် လိမ်ညာမှုမရှိဘဲ ဖြူစင်စွာဖြတ်သန်းချင်ကြသလို သူမတို့အပေါ်လိမ်ညာမှုတွေကိုလည်း မလိုလားကြပါဘူး။

(၃) ဦးဆောင်နိုင်မှု

Source: thefreshtoast.com

မိန်းကလေးအများစုကတခြားအရာတွေမှာခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ကောင်းနိုင်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့ချစ်ရတဲ့ယောကျာ်းတစ်ယောက်နဲ့ယှဉ်လာရင်တော့ နောက်လိုက်ကောင်းတစ်ယောက်ပဲ ဖြစ်ချင်ကြတာပါ။ သင့်အနေနဲ့ အရေးမကြီးဘူးထင်တဲ့ အသေးအဖွဲ့ကိစ္စလေးတွေကအစ ဦးဆောင်နိုင်သူတစ်ယောက် အဖြစ်ကိုယ့်ကိုယ်ကို လေ့ကျင့်ထားဖို့လိုပါတယ်။

(၄) နားလည်မှု

Source: Gaiam

“နားလည်မှု”ဆိုတဲ့စကားက စာလုံး(၃)လုံးပဲရှိပေမယ့် တော်တော်လေးတည်ဆောက်ရခက်ခဲတဲ့အရာပါ။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိတယ်ဆိုဟာလည်း ချစ်ခြင်းရဲ့သင်္ကေတတစ်ခုလို့ ဆိုနိုင်ပါတယ်။ မိန်းကလေးတွေဟာ သူတို့အပေါ်အပြည့်အ၀နားလည်မပေးနိုင်ရင်တောင် အတတ်နိုင်ဆုံးနားလည်မှုပေးနိုင်တဲ့သူကိုပဲ ရွေးချယ်တက်ကြပါတယ်။

(၅) လုံခြုံစိတ်ချမှု

Source: The Independent

မိန်းကလေးတွေဟာ သူတို့ချစ်တဲ့သူတစ်ယောက်အပေါ် အပြည့်အ၀ ယုံကြည်စိတ်ချချင်ကြပါတယ်။ စိတ်ပူနေရတာမျိုးကို သူတို့အနေနဲ့မလိုလားကြပါဘူး။ သူတို့အတွက် အဖေတစ်ယောက်လိုရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးမှု၊ အကိုတစ်ယောက်လို ကာကွယ်စောင့်ရှောက်ပေးမှုတွေနဲ့၊ ချစ်သူတစ်ယောက်လို ချစ်ခြင်းမေတ္တာပေးခံရတဲ့ ယောကျာ်းလေးမျိုးကိုပဲ ရွေးချယ်ဖို့ စိတ်အားထက်သန်ကြပါတယ်။

(၆) တည်ငြိမ်ရင့်ကျက်မှု

Source: Lifehacks.org

မိန်းကလေးတွေဟာ သူတို့ထက်အသက်အားဖြင့် ငယ်နေပါစေဦးတော့၊ တည်ငြိမ်ရင့်ကျက်တဲ့သူတစ်ယောက်ဆိုရင် လေးစားတက်ကြတဲ့ စိတ်အရင်းခံရှိကြပါတယ်။ အစစအရာရာမှာ တည်ငြိမ်ရင့်ကျက်စေချင်တာဖြစ်ပြီး တခြားကောင်မလေးတွေအပေါ် မျက်လုံးကစားရင်တောင် လုံးဝ(လုံးဝ) မကြိုက်တဲ့သူတွေပါ။ သစ္စာတရားကို လက်ကိုင်ထားပြီး အတွေးအခေါ်၊ အပြောအဆို အရာအားလုံးမှာ တည်ငြိမ်နေရင်တော့ သူတို့သဘောကျရတဲ့သူဟာ နောက်တစ်ယောက်မရှိနိုင်တော့ပါဘူး။