စွန့်ဦးတီထွင်မှုခရီးဟာ သင်ခန်းစာယူစရာများပါတယ်။ နယ်ပယ်အသီးသီးမှာ အောင်မြင်ထင်ရှားတဲ့လူတွေဆိုတာ အတွေ့အကြုံအများကြီး ဖြတ်သန်းခဲ့ဖူးတဲ့သူတွေဖြစ်ပြီး သူတို့ရဲ့ အောင်မြင်မှုဇာတ်လမ်းတွေမှာ သင်ခန်းစာတွေ အများကြီး ရှိပါတယ်။ ချမ်းသာအောင်မြင် ထင်ရှားချင်သူတွေအနေနဲ့လည်း အောင်မြင်သူတို့အတွေ့အကြုံကနေ သင်ခန်းစာယူရမှာပါ။ ဒီတစ်ခေါက်မှာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ပြီး အောင်မြင်ကြွယ်ဝလာတဲ့ စွန့်ဦးတီထွင်သူတို့ဆီက လေ့လာရမယ့်အချက် ၃ ချက်အကြောင်း ပြောပြချင်ပါတယ်။
(၁) အကြွေးယူမယ်ဆိုရင်
Photo: Pexels
အကြွေးယူပြီး လုပ်ငန်းလုပ်တယ်ဆိုတာ စွန့်စားမှုများပါတယ်။ တကယ်လို့ သင့်စိတ်ကူးက ပုံအောလောက်အောင် မသေချာရင် အကြွေးယူပြီး လုပ်ငန်းထောင်တာမျိုး မလုပ်ပါနဲ့။ စွန့်ဦးတီထွင်သမားနဲ့ အကြွေးက ဘယ်တော့မှ မကင်းပါဘူး။ တစ်ခုရှိတာက ပြန်ဆပ်နိုင်မယ့် အစီအစဉ်တစ်ခု ရှိထားရင် အကြွေးယူပြီး လုပ်ငန်းချဲ့တာ ၊ အသစ်ထောင်တာမျိုးက ပြဿနာမဟုတ်ပါဘူး။
(၂) ရင်းနှီးမြှပ်နှံရာမှာ
Photo: Pexels
တခြားဘယ်အရာကိုမှ ရင်းနှီးမြှပ်နှံမှုမလုပ်ခင် ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး ရင်းနှီးမြှပ်နှံဖို့ လိုပါတယ်။ ကိုယ့်ရဲ့ Skills တွေ ပညာရေး ၊ အတွေ့အကြုံနဲ့ တခြားအရေးပါတဲ့ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေကို အရင် ရင်းနှီးမြှပ်နှံထားတာ မှန်ကန်တဲ့ ရင်းနှီးမြှပ်နှံမှုခြေလှမ်းတစ်ရပ်ပါပဲ။ ကိုယ့်ကိုယ်ကိုယ် ရင်းနှီးမြှပ်နှံမှု မလုပ်ဘဲနဲ့ ရေရှည်တည့်တံ့တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို တည်ထောင်ဖို့ မလွယ်ပါဘူး။
(၃) ရှေ့ရေးအပေါ်
Photo: Pexels
စွန့်ဦးတီထွင်တယ်ဆိုတာ အများထက် ရှေ့ကို ကြိုကြည့်ပြီး လုပ်ရတဲ့ လုပ်ငန်းဖြစ်ပါတယ်။ လက်ရှိဈေးကွက်ထဲက ပုံစံနဲ့ စီးပွားရေး စီးဆင်းမှုထက် နောက်ပိုင်း ဖွံ့ဖြိုးတိုးတက်လာမယ့် ဈေးကွက်အနေအထားကို ချိန်သားကိုက်ပြီး ပုံစံသစ်တွေ ဖန်တီးရတာ ဖြစ်ပါတယ်။ အနာဂါတ်ကို ဦးတည်တဲ့ ဈေးကွက်ဗျူဟာမျိုးကပဲ စွန့်ဦးတီထွင်မှုပိုင်းကို တိုးတက်အောင်မြင်စေမှာ ဖြစ်ပါတယ်။
Featured Photo: GoalCast