စတိုင်ကျပြီး နေရာတကာ ဖက်ရှင်မိတဲ့ ဖိနပ်တွေအကြောင်း ပြောမယ်ဆိုရင် Loafer တွေကို ချန်ထားလို့ မရပါဘူး။ သန့်သန့်ပြန့်ပြန့် ရုံးတက်ပွဲတက်ချိန်မှာ Loafers ဖိနပ်တစ်ရံရဲ့ အရာရောက်မှုဟာ အတော်လေး တာသွားပါတယ်။ Loafer တွေဟာ မူရင်းအားဖြင့် သုံးမျိုး ခွဲခြားထားလို့ရပါတယ်။

(၁) Penny Loafers

Photo: gentlemansgazette

Classic စတိုင်မျိုး ဖြစ်ပြီး Suit နဲ့ ဝတ်ပြီး ပွဲတက်ဖို့ ဖြစ်ဖြစ် Jeans / T-shirt ကနေ Chino နဲ့ ပိုလိုရှပ်အထိ လိုက်ဖက်တဲ့ ဖိနပ်အမျိုးအစား ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် Penny Loafers တွေဟာ အနက်နဲ့ အညိုနှစ်ရောင်နဲ့ လာပါတယ်။ တစ်ချို့လည်း နီညိုရင့်နဲ့ ပန်းသွေးရင့်ကာလာတွေကို အကြိုက်များကြပါတယ်။

(၂) Driving Moccasins

Photo: kikuu senegal

သူကတော့ ပေါ့ပါးပြီး သက်တောင့်သက်သာ ဖြစ်ဖို့ကို ပိုဦးစားပေးထားပါတယ်။ Sneaker တွေထက် ပိုပြီး သားနားပြီး Dress shoe တွေထက်လည်း အများကြီး သက်တောင့် သက်သာဖြစ်ပါတယ်။ Business Casual Shoes တွေအဖြစ်လည်း ဝတ်ကြပြီး အညိုနဲ့ လယ်သာသားရေရောင်က နာမည်ကြီးပါတယ်။

(၃) Boat Shoes

Photo: dmarge

ဒီဇိုင်းအဆန်းဆုံး Loafer အမျိုးအစားဖိနပ် ဖြစ်ပါတယ်။ အကြမ်းခံမှု မြင့်တဲ့ ဖိနပ်တွေဖြစ်ပြီး ခြေကုတ်အားကောင်းသလို ရေစိုလည်း ခံနိုင်ပါတယ်။ Boat Shoe တွေကို များသောအားဖြင့် ခြေအိတ်မပါဘဲ စီးကြပါတယ်။ Chino Pant ဖြစ်စေ Short Pant နဲ့ ဖြစ်စေ စီးလေ့ ရှိပြီး အရောင်ကတော့ အပြာ ၊ အညိုနဲ့ မီးခိုးရောင်ဆိုပြီး လာပါတယ်။