ခန္ဓာကိုယ်ကို လှပတောင့်တင်းတဲ့ကြွက်သားတွေနဲ့ တည်ဆောက်နိုင်ဖို့အတွက်က အပေါ်ပိုင်းတင် မလုံလောက်ပါဘူး။ ခန္ဓာကိုယ်အောက်ပိုင်းလည်း ကျစ်လျစ်တောင့်တင်းဖို့ လိုအပ်ပါတယ်။ ဒါမှညီမျှတဲ့ခန္ဓာကိုယ်ကြွက်သားတွေနဲ့ စတိုင်ကျတဲ့သူတစ်ယောက်ဖြစ်မှာပေ့ါ။ ခန္ဓာကိုယ်အောက်ပိုင်းကြွက်သားတွေ ကျစ်လျစ်ခိုင်မာဖို့ ဒီလေ့ကျင့်ခန်းတွေနဲ့ စမ်းသပ်လိုက်ပါ။
လေ့ကျင့်ခန်း (၁)

Source: flickr.com
ခန္ဓာကိုယ်ကို ညီညာတဲ့ကြမ်းပြင်ပေါ်မှာ ပက်လက်အနေအထားရှိပါစေ။ နောက်ခြေထောက်နှစ်ဖက်ကို ဖြောင့်တန်းစွာထားပြီး ဖြေးညှင်းစွာ အပေါ်ကိုမတင်ပါ။ လက်နဲ့ခန္ဓာကိုယ်အပေါ်ပိုင်းကိုလည်း ဟန်ချက်ညီစွာ မတင်ပေးရမှာဖြစ်ပါတယ်။
လေ့ကျင့်ခန်း(၂)

Source: mensfitness.com
ခန္ဓာကိုယ်ကိုမတ်တတ်အနေအထားဖြင့် ခြေထောက်နှစ်ဖက်ကို အနေတော်ချဲထားပါ။ နောက်လက်နှစ်ဖက်ကို ရှေ့သို့တည့်တည့်ဆန့်တန်းပြီး ဖြေးညှင်းစွာထိုင်ချပါ။ နောက်ဖြေးညှင်းစွာပြန်ထပါ။ ထိုင်တဲ့နေရာမှာ အောက်ထိမရောက်စေပဲ ၃ပုံ ၂ပုံ လောက်သာ ထိုင်ရမှာဖြစ်ပါတယ်။
လေ့ကျင့်ခန်း(၃)

Source: Men Health India
ဒီလေ့ကျင့်ခန်းကတော့ စက်ကိရိယာလိုအပ်ပါတယ်။ ခြေထောက်ကြွက်သားတွေအတွက် လိုအပ်တဲ့စက်ကိရိယာကိုအသုံးပြုပြီး လုပ်ဆောင်ရမှာဖြစ်ပါတယ်။
