အချိန်ကြာကြာ ကွန်ပြူတာအရှေ့အထိုင်များသူတွေအနေနဲ့ လည်ပင်းနှင့်ပခုံးကြွက်သားများ နာကျင်ကိုက်ခဲမှုဝေဒနာကို ခံစားရလေ့ရှိကြပါတယ်။ အများစုကတော့ ဒီလိုကြွက်သားတွေ နာကျင်ကိုက်ခဲလာတဲ့အခါ အကိုက်အခဲပျောက်ဆေးသောက်ပြီး ဖြေရှင်းလေ့ရှိပါတယ်။ တကယ်တော့ အကိုက်အခဲပျောက်ဆေးတွေက ကြာကြာစွဲသောက်ရင် ဘေးထွက်ဆိုးကျိုးတွေရှိနိုင်တာကြောင့် ဒီနေ့မှာတော့ လည်ပင်းနှင့်ပခုံးကြွက်သားများ နာကျင်ကိုက်ခဲမှုလျော့ကျစေမယ့် သဘာဝနည်းလေ့ကျင့်ခန်းတစ်ချို့ကိုပြောပြပေးချင်ပါတယ်။

လေ့ကျင့်ခန်း (၁)

ပခုံးကို စက်ဝိုင်းပုံသဏ္ဍန် ရှေ့ သို့ (၁၀) ကြိမ် နောက်သို့ (၁၀) ကြိမ်ပြုလုပ်ပေးပါ။

လေ့ကျင့်ခန်း (၂)

ပခုံးကြွက်သားများကိုအားစိုက်ပြီး လက်တစ်ချောင်းလုံးကို ၉၀ ဒီဂရီ (၁၀) ခန့်လှည့်ပေးပါ။

လေ့ကျင့်ခန်း (၃)

လက်များကို တံတောင်ဆစ်နေရကနေ ကွေးပါ။ ထို့နောက် အပေါ်အောက် (၁၀) ကြိမ်ခန့်လှည့်ပေးပါ။

လေ့ကျင့်ခန်း (၄)

လက်နဲ့ ဦးခေါင်းကိုကိုင်ထားပါ။ထို့နောက် ဦးခေါင်းကိုဖြေးဖြေးချင်းဆွဲပြီး ရင်ဘက်နဲ့ မေးစေ့ထိလုနီးပါး ဆွဲကပ်လိုက်ပါ။ ပြီးရင် ဦးခေါင်းကိုဘေးဘက်သို့ဖြေးညင်းစွာလှည့်ပေးပါ။ ထို့နည်းအတိုင်း ဘယ်ညာတစ်ဖက်ကို (၁၀) ကြိမ်စီပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၅)

လက်ဖဝါးနှစ်ဖက်ကို ဦးခေါင်းနောက်စေ့နေရာသို့ကပ်ထားပါ။ ပြီးရင် ဦးခေါင်းကိုအနည်းငယ်ငုံပြီး တံတောင်ဆစ်နေရာကနေ ရှေ့သို့ ဖြေးဖြေးချင်းကွေးလိုက်ပါ။ ထို့နောက်လက်တွေကို မူလပုံစံတိုင်းပြန်ဆန့်ထုတ်ပါ။ ထိုနည်းအတိုင်း (၁၀) ကြိမ်ပြုလုပ်ပေးရပါမယ်။