မိုးရာသီသည် အေးချမ်းမှုကို ဆောင်ကျဉ်းပေးပြီး ရွက်နုသစ်များ စိမ်းစိမ်းစိုစို မြင်ရအောင် ဖော်ဆောင်ပေးတဲ့ မိုးရေစက်များကြောင့် စိတ်နှလုံးကို သာယာပျော်ရွှင်စေပါတယ်။ သို့ပေမယ့်လည်း အသားအရေပြဿနာများနဲ့ ကြုံတွေ့ရရင်တော့ စိတ်ရှုပ်စရာကောင်းလှပါတယ်။

ခြောက်သွေ့တဲ့လေထု စွတ်စိုတဲ့လေထုအပြောင်းအလဲကြောင့် အသားအရေ ခြောက်သွေ့ကြမ်းတမ်းခြင်း၊ ဝက်ခြံများ ရုတ်ချည်းပေါ်ပေါက်လာခြင်း စတဲ့ အသားအရေပြဿနာများကို ကြုံတွေ့ရနိုင်ပါတယ်။

မိုးရာသီမှာ အသားအရေပျက်စီးလို့ စိတ်ညစ်နေရတဲ့ ယောကျာ်းများအတွက် သဘာဝနည်းလမ်းများနဲ့ မိမိအသားအရေကို ပြန်လည်ဂရုစိုက်နိုင်မယ့် နည်းလမ်းကောင်းတချို့ကို ဝေမျှပေးချင်ပါတယ်။

ငှက်ပျောသီး အသုံးပြုပါ

natural face mask for men

လိုအပ်မယ့်ပစ္စည်းတွေကတော့ ငှက်ပျောသီးမှည့်တစ်လုံး၊ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။ ငှက်ပျောသီးကို အနှစ်များရအောင် ချေမွလိုက်ပါ။ ထို့နောက် ပျားရည်၊ သံပုယိုရည်တို့နှင့် သမအောင် ရောမွှေလိုက်ပါ။

ပြီးရင်တော့ မျက်နှာနှင့် လည်ပင်းတစ်ဝိုက်တွင် ညီညီညာညာသုတ်လိမ်းလိုက်ပါ။ ၁၅ မိနစ်ခန့် ခြောက်အောင် ပေါင်းတင်ပြီးတဲ့အခါမှာတော့ ရေနွေးနွေးလေးဖြင့် မျက်နှာသစ်ပေးလိုက်ပါ။ တစ်ပတ်လျှင် တစ်ကြိမ် (သို့) နှစ်ကြိမ်ခန့် ပုံမှန်ပေါင်းတင်ပေးပါက သင့်မျက်နှာပေါ်ရှိ ဝက်ခြံများကို အပြီးတိုင် နှုတ်ဆက်နိုင်ပါပြီ။

ပန်းသီးဖြင့် ပေါင်းတင်နည်း

natural face mask for men

ပန်းသီး ၁ လုံး၊ နွားနို့ ပန်းကန်လုံး ၄ လုံးစာ၊ သကြား စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် Chamomile ဆီ ၂ စက် (သို့) ၃ စက်ခန့် လိုအပ်ပါလိမ့်မယ်။ ပန်းသီးကို အနှစ်များရအောင် ဖျော်စက်ထဲထည့်ကာ ထည့်မွှေပေးလိုက်ပါ။ ထို့နောက် နွားနို့၊ သကြားတို့ဖြင့် သမအောင် ရောမွှေလိုက်ပါ။ မျက်နှာပေါ် လိမ်းကျံခါနီးကျမှ Chamomile ဆီလေး ထည့်ကာ ရောမွှေလိုက်ပါ။

ပြီးရင်တော့ မျက်နှာပေါ် ညီညီညာညာသုတ်လိမ်းကာ ၁၅ မိနစ်ခန့် ပေါင်းတင်ပါ။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ကြက်သီးနွေးရေနွေးဖြင့် မျက်နှာသစ်လိုက်ပါ။ ဒီပေါင်းတင်နည်းကတော့ ခြောက်သွေ့ကြမ်းတမ်းနေတဲ့ သင့်အသားအရေကို ပြန်လည်နူးညံ့လာအောင် ကူညီပေးပါလိမ့်မယ်။

သကြားညိုနှင့် ကြေးချွတ်ပါ

natural face mask for men

သင်္ဘောသီး ၁ စိပ် (၅ တုံး၊ ၆ တုံးခန့်)၊ သကြားညို စားပွဲတင်ဇွန်း ၁ ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။ အရင်ဦးဆုံး သင်္ဘောသီးကို အဖတ်များရအောင် ချေမွလိုက်ပါ။ ထို့နောက် သကြားညိုထည့်ပေါင်းကာ သမအောင် ရောမွှေပါ။ ပြီးရင်တော့ မျက်နှာပေါ်တွင် စက်ဝိုင်းပုံသဏ္ဍာန် ပွတ်လိမ်းကာ နှိပ်နယ်ပေးလိုက်ပါ။ များများနှိပ်နယ်ပေးလေ အာနိသင်ပိုရှိလေပါပဲ။

သင့်စိတ်တိုင်းကျ နှိပ်နယ်ပြီးတဲ့အခါမှာတော့ ၂ မိနစ်ခန့် ခဏစောင့်ပါ။ ပြီးမှ ကြက်သီးနွေးရေနွေးဖြင့် မျက်နှာသစ်လိုက်ပါ။ ဒီလိုကြေးချွတ်ခြင်းအားဖြင့် အသားအရေက သွေးလှည့်ပတ်မှုကောင်းပြီး ချွေးပေါက်ထဲရှိ ပိတ်ဆို့နေသည့် အညစ်အကြေးများကိုလည်း ဖယ်ရှားပေးပါတယ်။

Source: Thefitindian.com

Featured Image Source: Tiege.com