လူသားတိုင်းသည် အခြေအနေအချိန်အခါပေါ်လိုက်ပြီး စိတ်တိုစိတ်ဆတ်လွယ်ပြီး စိတ်မရှည်ဖြစ်တတ်ကြတာကတော့ သဘာဝပါပဲ။ ဒါပေမဲ့ မဖြစ်မနေ စိတ်ရှည်သည်းခံရမယ့် အခြေအနေ (၃) မျိုးတော့ ရှိပါတယ်။

ဒီအခြေအနေ (၃) မျိုးမှာ အမှန်တကယ် စိတ်ရှည်သည်းခံနိုင်စွမ်းကို ပြသနိုင်မှာသာ အောင်မြင်မှုအသီးအပွင့်ကို ခံစားရမှာပါ။ ဒါ့ကြောင့် အောင်မြင်ပြီး ပျော်ရွှင်ရတဲ့ဘဝကို ပိုင်ဆိုင်ချင်သူများအတွက် ဘယ်လိုအခြေအနေ (၃) မျိုးမှာ မဖြစ်မနေ စိတ်ရှည်သည်းခံဖို့လိုအပ်သလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်။

အခွင်အရေးအသစ်များ ရှာဖွေတဲ့အချိန်

tips for men to be patient

စွန့်ဦးတီထွင်သူများ၊ စီးပွားရေးပြုလုပ်သူများအနေနဲ့ မှားယွင်းစွာသတ်မှတ်ထားကြတဲ့ အယူအဆတစ် ခုဖြစ်ပါတယ်။ အဲ့ဒါကတော့ အခွင့်အရေးအသစ်များသည် ကိုယ့်ရဲ့လက်ထဲကို ဘယ်အချိန်မှာမဆို သူ့အလိုလိုရောက်ရှိလာကြတယ်လို့ ထင်မှတ်ကြခြင်းပါပဲ။

အမှန်တကယ်မှာတော့ အခွင့်အရေးဆိုတာ အချိန်အခါကိုက်ဖို့ အခွင့်အကောင်းအခါကောင်းကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းဖို့ လိုတတ်ပါတယ်။ ထိုအခွင့်အရေး ရောက်လာတဲ့အချိန်မှာ အသင့်လှုပ်ရှားနိုင်ဖို့အတွက် ကိုယ့်ဘက်က အဆင်သင့်ပြင်ထားဖို့တော့ လိုပါတယ်။ ဒါမှသာ ကိုယ်လိုချင်တဲ့ ပစ်မှတ်ကို အချိန်တိုအတွင်း အမြန်ဆုံးရောက်ရှိနိုင်မှာဖြစ်ပါတယ်။

ကိုယ့်အသင်းကို တိုးတက်ကောင်းမွန်လာအောင် ကြိုးစားတဲ့အခါ

tips for men to be patient

အသင်းအဖွဲ့နဲ့ အလုပ်လုပ်ရတဲ့အခါမှာ အလိုအပ်ဆုံးအရာကတော့ စိတ်ရှည်သည်းခံမှုပဲ ဖြစ်ပါတယ်။ သင့်အဖွဲ့မှာ တတ်မြောက်လွယ်တဲ့သူတွေလည်း ပါမှာဖြစ်သလို အချို့တွေကလည်း တစ်စုံတစ်ရာမှ တတ်မြောက်ဖို့ရန်အတွက် အချိန်ယူရပါတယ်။ ဒီလိုစိတ်နေစိတ်ထား အကျင့်စရိုက်မျိုးစုံရှိတဲ့ လူသားတွေကို ပေါင်းစည်းထားတဲ့အတွက်ကြောင့် စိတ်မရှည်တတ်ဘူးဆိုရင်တော့ သင့်အဖွဲ့အတွက် အောင်မြင်မှုကို ဆောင်ကြဉ်းနိုင်မှာ မဟုတ်ပါဘူး။

စာဖတ်သူအနေနဲ့ ကိုယ့်အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်အဖြစ် တာဝန်ယူထားရတဲ့အခါ အဖွဲ့သားတစ်ယောက်ချင်းစီရဲ့ အားသာချက်၊ အားနည်းချက်များကို သိရှိထားဖို့ လိုအပ်ပါတယ်။ စိတ်ရှည်သည်းခံခြင်းအပြင် အသေးအဖွဲအရာများကို ဂရုစိုက်တတ်မယ်ဆိုရင်တော့ သင်သည် ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်နိုင်ပါတယ်။

ဆက်ဆံရေးတစ်ခု တည်ဆောက်တဲ့အခါ

tips for men to be patient

သမီးရည်းစားဆက်ဆံရေးပဲဖြစ်ဖြစ်၊ မိတ်ဆွေ အပေါင်းအသင်းဆက်ဆံရေးပဲဖြစ်ဖြစ် အဓိကအရေးအကြီးဆုံးသည်လည်း စိတ်ရှည်သည်းခံမှုပဲဖြစ်ပါတယ်။ ဆက်ဆံရေးတစ်ခုကို အချိန်ကြာကြာနဲ့ Healthy Relationship ပုံစံမျိုးဖြစ်ချင်တယ်ဆိုရင် ကိုယ် ဖြစ်ချင်တဲ့အရာတွေကိုပဲ လုပ်ယူလို့ မရပါဘူး။ ကိုယ့်ဘက် သူ့ဘက် မျှခြေဖြစ်အောင် ကြည့်တတ်ဖို့လိုအပ်ပါတယ်။ ဒါမှသာ ကိုယ့်ရဲ့ လက်တွဲဖော် (သို့) ကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်းအတွက် သဘောထားပြည့်ဝတဲ့လူသားတစ်ယောက်၊ ကိုယ်ချင်းစာတတ်၊ ချစ်ခင်တတ်တဲ့ လူသားတစ်ယောက်ဖြစ်မှာမဟုတ်လား။

Source: Entrepreneur.com

Featured Image Source: Theodysseyonline.com