Jean ဟာ ခေတ်အဆက်အဆက် အမျိုးသားတို့ရဲ့ အလှအပဖက်ရှင်ပုံစံတစ်ခု အဖြစ် ရှိလာခဲ့ပြီး ဒီနေ့အထိလည်း Jean စတိုင်ကို စွဲလန်းတဲ့သူတွေ မနည်းမနော ရှိနေပါတယ်။ ဒိတ်ဒိတ်ကြဲ ချမ်းသာပါတယ်ဆိုတဲ့ Facebook တည်ထောင်သူ မတ်ခ်ဇူကာဘတ်ခ်တောင် သူ့ရဲ့ နေ့စဉ်ဘဝမှာ Jean ပင်န်နဲ့ တီရှပ်ခပ်ရိုးရိုးနဲ့ ဖြတ်သန်းနေတာပါ။
Jean တွေထဲမှာ နောက်ပိုင်း ခေတ်စားလာတာက Skinny လို့ ခေါ်တဲ့ အသားကပ်ဂျင်းဘောင်းဘီတွေ ဖြစ်ပါတယ်။ Skinny လို့ ခေါ်တာ အကြောင်း ရှိပါတယ်။ ဒီဆောင်းပါးမှာတော့ Skinny Jean တွေ ဝတ်ရင် ဘယ်လို ပြဿနာ ရှိနိုင်သလဲဆိုတာကို အကြံပြုသွားမှာပါ။

(၁) သက်တောင့်သက်သာ မရှိဘူး

Source: theclothingcorp.com

Jean တွေရဲ့ မူလအနှစ်သာရဟာ လွတ်လပ်ပေါ့ပါးခြင်းနဲ့ အကြမ်းခံခြင်း ဖြစ်ပါတယ်။ တည့်တည့်ပြောရရင် Skinny သားမှာ စတိုင်က အဓိက ဖြစ်ပြီး တကယ်ဝတ်ကြည့်ရင် ကျပ်ထုတ်ပြီး နေရခက်နေပါတယ်။ ပြောရရင် ခန္ဓာကိုယ်အောက်ပိုင်းကို ညှစ်သတ်နေသလို ဖြစ်နေပါတယ်။ စိတ်မကောင်းစရာက Skinny Jean ကြိုက်သူတွေအတွက်တော့ ဒါမျိုးကမှ ပိုပြီး စမတ်ကျနေတယ် လက်ခံထားတာပါ။

(၂) ကျန်းမာရေးပါ ထိခိုက်နိုင်တယ်

Source: fire-cement

ခန္ဓာကိုယ်မှာ ဝတ်လိုက်လို့ သက်တောင့်သက်သာမရှိရင် ရေရှည်မှာ ကျန်းမာရေး ပြဿနာ ရှိနိုင်ပါတယ်။ ဆီးအိမ်နေရာမှာ ဖိထားသလို ဖြစ်တာ ကြာလာရင် ဆီးအောင့်တာ ၊ ဆီးလမ်းကြောင်း ပြဿနာ ရှိတာတွေ ဖြစ်လာနိုင်ပါတယ်။ ပိုဆိုးတာက ယောကျာင်္းအင်္ဂါကို ညှပ်ထားတာကြောင့် မျိုးဥလုပ်ဆောင်ချက်တွေ မမှန်ဖြစ်လာပြီး သုတ်ကောင်ရေ နည်းတာ ၊ ဘောင်းဘီကြပ်ထုတ်မှုကြောင့် ပေါင်နဲ့ ဘောင်းဘီ ပွတ်တိုက်မှုဖြစ်ပြီး ယားနာပေါက်တာ ၊ မှိုကပ်တာတွေ ဖြစ်နိုင်ပါတယ်။

(၃) တကယ်တမ်း ဆွဲဆောင်မှု မရှိပါဘူး

Source: Glamour

Skinny Jean တွေဝတ်ရတာ ပိုပြီး ဆွဲဆောင်မှုရှိတယ်ဆိုတာ တကယ်တော့ မဟုတ်ပါဘူး။ ခြေချောင်းတွေမှာ အရမ်းကပ်နေတဲ့ Skinny Jean ဒီဇိုင်းဟာ ဒူးနဲ့ ခြေကျင်းဝတ်နေရာတွေမှာ ငေါငေါကြီး ပေါ်နေတာက ဘယ်လိုမှ ကြည့်မကောင်းပါဘူး။ ခန္ဓာကိုယ်ပုံစံအရ ပိန်လွန်းတဲ့သူတွေ ၊ ခါးတုတ်တဲ့ သူတွေ ဝတဲ့ သူတွေဟာ Skinny Jean နဲ့ မလိုက်ဘဲ Regular ၊ Relaxed နဲ့ Slim ပုံစံဂျင်းတွေနဲ့ ပိုလိုက်ပါတယ်။