တေးသီချင်းတွေဟာ လူရဲ့ စိတ်ခံစားမှုကိုပါ အသစ်လောင်းထည့်သလို ပြောင်းလဲပေးနိုင်တဲ့ အစွမ်း ရှိပါတယ်။ အလုပ်ခွင်မှာ သီချင်းနားထောင်ဖို့ဆိုတာကတော့ ခက်ပါတယ်။ နားကြပ်လေးနဲ့ တစ်နေ့ကို နာရီဝက်လောက် နားထောင်ခွင့်ရရင်ကို မဆိုးပါဘူး။

အလုပ်မှာ ကိုယ့်ရဲ့ အလုပ်ခွင်လည်း မထိခိုက်ဘဲ လုပ်ချင်ကိုင်ချင် စိတ်ပါ ထက်သန်တက်ကြွလာစေမဖို့ သီချင်းနားထောင်သင့်ပါတယ်။ ဘာကြောင့် နားထောင်သင့်သလဲဆိုတာကို အောက်မှာ ရှင်းလင်းသွားပါမယ်။

(၁) ပိုပြီး အာရုံစိုက်စေနိုင်တယ်

Photo: ShutterStocks

သင့်အလုပ်စားပွဲဘေးနားက ဆူညံလှုပ်ရှားလို့ ဘာမှ အာရုံစိုက်လို့ မရရင် နားကြပ်လေးတပ်ပြီး ကိုယ်အကြိုက်ဆုံး သီချင်းတစ်ပုဒ် ကောက်နားထောင်သင့်ပါတယ်။ ကိုယ့်စိတ်ကို စွဲငြိစေတဲ့ သီချင်းကောင်းတွေ နားထောင်တာဟာ ဖိအားကို လျှော့ချပေးပြီး Dopamine လို့ခေါ်တဲ့ စိတ်ကြည်လင် ရွှင်လန်းစေတဲ့ ဓါတ်သဘာဝတွေကို ပိုတိုးလာစေပါတယ်။

(၂) လန်းဆန်း တက်ကြွလာစေတယ်

Photo: Negative Space

ထပ်တလဲလဲ လုပ်ရတဲ့ အလုပ်တွေ – ဥပမာ- Excel ထဲ ဒေတာတွေ ကူးရိုက်ထည့်တာမျိုးတွေ ထိုင်လုပ်နေရပြီဆိုရင် တကယ်ငြီးငွေ့ဖို့ ကောင်းပါတယ်။ အဲဒီအချိန်မျိုးမှာ သီချင်းတွေဟာ အာရုံနိုးဆွပစ္စည်း Neurotransmitters တွေ ဖြစ်လာပြီး လူကို လန်းဆန်းနိုးကြားလာစေမယ့် Serotonin နဲ့ Norepinephrine တွေ ထုတ်ပေးတာကြောင့် အလုပ်မှာ ပျော်ရွှင်လာသလို အမှားကင်းကင်းနဲ့ ရလဒ်ကောင်း ရစေနိုင်ပါတယ်။

(၃) စိတ်တည်ငြိမ်ပြီး မှတ်ဉာဏ်ပိုကောင်းစေတယ်

Photo: Study Finds

ဦးနှောက်ဟာ အချက်အလက်သစ်တွေကို အမြဲတမ်း Process လုပ်ဖို့ ကြိုးစားနေတာပါ။ ရင်းနှီးပြီးသား သီချင်းတွေ နားထောင်တာ ၊ တိတ်ဆိတ်အေးချမ်းတဲ့ ဂီတသံစဉ်တွေ နားဆင်တာဟာ အာရုံပိုစိုက်နိုင်စေပါတယ်။ သီချင်းအသစ်တွေ နားထောင်တာဟာ ဦးနှောက်ကို နောက်ကွယ်ကနေ အလုပ်ပေးရာ ရောက်ပါတယ်။

အရည်အသွေးမြင့် Headphone တွေနဲ့ ဂန္ဓဝင်တေးသံစဉ်တွေ နားထောင်ပေးသူဟာ အလုပ်ခွင်မှာတင် စိတ်တည်ငြိမ်စေသလို ဦးနှောက်မှတ်ဉာဏ်ကိုလည်း ပိုပြီး ကောင်းမွန်စေပါတယ်။