နေ့စဉ်ဘဝထဲက အကျင့်တွေအကြောင်း ပြောမယ်ဆိုရင် ကောင်းတဲ့အကျင့်နဲ့ ဆိုးတဲ့အကျင့်ဆိုပြီး နှစ်ပိုင်းခွဲပြီး ပြောရမှာပါ။ တချို့အကျင့်တွေက ကျွန်တော်တို့ဘဝကို တိုးတက်ကောင်းမွန်အောင်ပြောင်းလဲပေးနိုင်သလို တချို့က ဆုတ်ယုတ်ပျက်စီး မှုတွေဆီ ဦးတည်နေတက်ပါတယ်။ ဒီတစ်ခေါက်မှာတော့ သင်ကိုယ်တိုင် သတိမထားမိလိုက်ခင်မှာပဲ သင့်ဘဝ တိုးတက်အောင်မြင်မှုတက်လမ်းတွေ ပိတ်ပင်နေမိတဲ့ အကျင့်ဆိုးတွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) စည်းကမ်းမရှိတာ

Photo : MyBusiness

စည်းကမ်းသည် လူ၏တန်ဖိုးလို့ ပြောကြတာ ကြားဖူးကြပါလိမ့်မယ်။ ဟုတ်ပါတယ် စည်းကမ်းဆိုတာ  သင့်ရဲ့ ကိုယ်ပိုင်ဘဝ၊ အလုပ်၊ အသက် မွေးဝမ်းကျောင်း၊ လူနေမှုပုံစံနဲ့ ငွေကြေးဆိုင်ရာအထိကို အရေးပါ အရာရောက်မှု ရှိပါတယ်။ ဘဝမှာ တိုးတက်အောင်မြင်ဖို့ အရည်အချင်းတစ်ခုတည်းနဲ့မလုံလောက်ပါဘူး။ စည်းနဲ့ကမ်းနဲ့ နေထိုင်တက်ဖို့လည်း လိုပါတယ်။

(၂) ရပ်တန့်နေတာ

Photo : The Good Men Project

ဘဝမှာ အမှန်တကယ်တိုးတက်ချင်ရင် မိမိရောက်တဲ့ နေရာတစ်ခုမှာပဲ ကျေနပ်ပြီးရပ်တန့်နေလို့ မရပါဘူး။ ရောက်တဲ့နေရာမှာ လုပ်နေကြအလုပ်တွေပဲ ထပ်လဲလဲ ဆက်လုပ်ရင်း အချိန်ကုန်နေမယ်ဆိုရင် တိုးတက်မှုဆိုတာလည်း ရှိလာမှာမဟုတ်ပါဘူး။ ဒါကြောင့် ရပ်တန့်မနေပါနဲ့ ရှေ့ကိုတည့်တည့် ဆက်သွားပါ။ အမြဲမပြတ်လေ့လာနေပါ ၊ ကြိုးစားအားထုတ်ပါ။ တိုးတက်အောင် အမြဲမပြတ်ကြိုးစားနေခြင်းဟာ ကိုယ့်ကိုယ်ကို တန်ဖိုးမြှင့်တင်နေခြင်းပဲ ဖြစ်ပါတယ်။

(၃) လက်တွေ့လုပ်ဆောင်မှုမရှိတာ

Photo : Raising Children Network

တိုးတက်ချင်တယ် ၊ အောင်မြင်ချင်တယ်ဆိုပြီး အတွေးတွေချည်းသက်သက် စိတ်ကူးပုံဖော်နေရုံနဲ့ လက်တွေ့ ဖြစ်လာနိုင်မှာမဟုတ်ပါဘူး။ တကယ် လက်တွေ့ ကျကျ အကောင်အထည်ဖော်ကြိုးစားမှလည်း လိုချင်တဲ့ ပန်းတိုင်တွေဆီ သေချာပေါက်ရောက်နိုင်မှာဖြစ်ပါတယ်။ ပြင်းပြတဲ့ဆန္ဒ ၊ ခိုင်မာတဲ့ရည်မှန်းချက်နဲ့ စိတ်အားထက်သန်မှုတွေကို အခြေခံပြီး လက်တွေ့ကျကျ ကြိုးစားလုပ်ဆောင်ပါ။ တိုးတက်အောင်မြင်မှုကို သင်ခံစားရပါလိမ့်မယ်။

Featured Photo : Knowledge For Men