လူတွေဟာ နေ့တိုင်းမှာ ပိုကောင်းတဲ့သူ ဖြစ်ချင်ကြတာပါပဲ။ ဒါ့ကြောင့်ပဲ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ ပိုမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ပြီး ပိုလို့ အကျိုးရှိတဲ့ အတွေးတွေ တွေးဖြစ်အောင် လုပ်ကြတာပါ။ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ခြင်းဟာ ကိုယ့်ဘဝကို မြှင့်တင်နေတာ ဖြစ်လို့ ကိုယ့်ရဲ့ အတွေးအမြင်တွေကိုလည်း ပိုကောင်းအောင် ပြောင်းလဲသင့်ပါတယ်။ ဒီလို ပိုကောင်းတဲ့ စိတ်ဖြစ်အောင် ပြောင်းလဲရာမှာ အလွယ်ဆုံး အတွေး ၃ မျိုးကို မျှဝေချင်ပါတယ်။

(၁) ရသင့်တာနဲ့ ကျေနပ်မယ်

Photo: Freepik

ဘာမှ အားမစိုက်ဘဲနဲ့ ရသလောက်နဲ့ ရောင့်ရဲတာမျိုးကို ပြောာတ မဟုတ်ပါဘူး။ အကောင်းဆုံး ကြိုးစားပြီး ကိုယ်ရခဲ့တာပေါ် ပျော်နိုင်တဲ့ စိတ်မွေးကြည့်ပါ။ မတော်လောဘမထားဘဲ ဒီနေ့ကို ဖြတ်သန်းကြည့်ပါ။ ကိုယ့်အပြုအမူနဲ့ ဆုံးဖြတ်ချက်တွေ ပိုပြီး ကောင်းမွန်ထိရောက်လာတာ တွေ့ရပါလိမ့်မယ်။

(၂) ကောင်းကွက်ကို ရှာမယ်

Photo: Freepik

ဒီနေ့တော့ အဆိုးထဲက အကောင်းလေးတွေ ရှာပြီး နေမယ်လို့ တွေးကြည့်ပါ။ ပြဿနာတစ်ခုကိုပဲ ကြည့်ကြည့် ကိုယ်နဲ့ တွေ့ဆုံပတ်သက်နေသူတွေနဲ့ပဲ စကားပြောပြော ကောင်းတဲ့အပိုင်းလေးတွေ မြင်အောင်ကြည့်ပြီး ဆက်ဆံမယ်လို့ ဆုံးဖြတ်လိုက်ပါ။ ဒါဆို ပိုပြီး အဆင်ပြေတဲ့ နေ့တစ်နေ့ ဖြစ်လာမှာပါ။

(၃) သူများတွေဘက်က တွေးကြည့်မယ်

Photo: Freepik

အရင်က ကိုယ့်ကိုယ်ကိုယ် ဦးတည်ပြီး တွေးခဲ့တာတွေ ရှိမယ်။ ဒီနေ့တော့ သူများနေရာက ခံစားကြည့်လိုက်မယ်လို့ ဆုံးဖြတ်လိုက်ပါ။ တစ်ခြားသူတွေရဲ့ အမြင်ကနေ ဝင်ခံစားခြင်းဟာ ပိုပြီး မျှတမှန်ကန်ဖို့ နီးစပ်စေသလို ကိုယ်ချင်းစာတရားလည်း ထက်သန်အားကောင်းလာမှာ ဖြစ်ပါတယ်။