ယနေ့ခေတ်မှာ UFC ဝိတ်တန်းပြိုင်ပွဲတွေ အများကြီးရှိလာပါပြီ။ ၂၀၀၆ နောက်ပိုင်းမှာ လူကောင်းသေးတဲ့ (ပေါင် ၁၅၅ အောက်ရှိတဲ့) သူတွေကို ကြိုဝိုင်းထဲမှာ အများနည်းတူ ပါဝင်ထိုးသတ်ခွင့် စတင်ခွင့်ပြုခဲ့ပါတယ်။

ပေါင် ၁၅၅ အောက်ရှိတဲ့ပြိုင်ပွဲကို Flyweight ၊ Bantamweight နဲ့ Featherweight ဆိုပြီးတော့ ပြိုင်ပွဲသုံးခုခွဲပြီး ယှဉ်ပြိုင်စေခဲ့ပါတယ်။ အခုပြောပြပေးမှာကတော့ အရပ်ပုပြီး အသတ်အပုတ်ကျွမ်းတဲ့ MMA ဖိုက်တာ ၃ ယောက်အကြောင်းပါ။

(၁) Henry Cejudo: ၅ ပေ ၄ လက်မ (၁၆၃ စီတီမီတာ)

Source: Talk Sport

Cejudo ကို လော့အိန်ဂျလိစ် မှာမွေးဖွားခဲ့ပါတယ်။ သူ့မိဘတွေရဲ့ ဇာတိကတော့ မက်စီကိုကပါ။

သူဟာ အတိုက်အခိုက်ပြိုင်ပွဲကို အလွတ်တန်း နပန်းသတ်ပွဲ (Freestyle Wrestling) တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ရင်းနဲ့ စတင်ခဲ့တာပါ။ ၂၀၀၈ အိုလံပစ်ပြိုင်ပွဲမှာ ၅၅ ကီလိုတန်းမှာ ရွှေတံဆိပ်ဆုဆွတ်ခူးရရှိခဲ့ပါတယ်။ လက်ရှိမှာတော့ UFC Pound-For-Pound အဆင့်သတ်မှတ်ချက်မှာ အဆင့် ၄ နေရာမှာ ရှိနေပါတယ်။

၂၀၁၃ ခုနှစ်မှာ Cejudo ဟာ MMA ကြိုးဝိုင်းတွေမှာ ထိုးသတ်ဖို့ စတင်လေ့ကျင့်ခဲ့ပါတယ်။ ၁၂၁ ပေါင်ပဲရှိတဲ့ Cejudo ဟာ ၁၃၅ ပေါင် အထိတက်ရောက်ထိုးသတ်ခဲ့ပါတယ်။ ပထမဆုံးပွဲမှာပဲ Michael Poe ရဲ့ အလဲထိုးအနိုင်ယူခြင်းကို ခံခဲ့ရပါတယ်။ အဲ့ဒီနောက်ပိုင်း ၆ ပွဲဆက်တိုက် ရှုံးပွဲမရှိ အနိုင်ရအောင်ထိုးသတ်နိုင်ခဲ့ပြီးတော့ ၂၀၁၃ ခုနှစ် Bantamweight တန်းရဲ့ နံပါတ် ၁ နေရာကို ရရှိခဲ့ပါတယ်။

၂၀၁၄ ခုနှစ်အရာက်မှာတော့ UFC ပြိုင်ပွဲတွေမှာ ဝင်ရောက်ထိုးသတ်ဖို့အတွက် လက်မှတ်ရေးထိုးခဲ့ပါတယ်။ Cejudo ဟာ UFC Flyweight Championship နဲ့ UFC Bantamweight Championship ဆိုပြီးတော့ ဝိတ်တန်းနှခုမှာ ချန်ပီယံဖြစ်နေပါတယ်။ လောလောဆယ်မှာတော့ ပုခုံးဒဏ်ရာကြောင့် ၂၀၂၀ ထိ ပြိုင်ပွဲတွေ ယှဉ်ပြိုင်နိုင်မှာမဟုတ်ကြောင်း ကြေညာထားပါတယ်။

(၂) TJ Dillashaw: ၅ ပေ ၆ လက်မ

Source: Bloody Elbow

Tyler Jeffrey Dillashaw ကို ၁၉၈၆ မှာ အမေရိကန်နိုင်ငံမှာမွေးဖွားခဲ့ပါတယ်။ သူဟာ အထက်တန်းကျောင်းသားဘဝမှာကတည်းက နပန်းသတ်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။ ၂၀၁၀ ခုနှစ်မှာ Dillashaw ဟာ သူရဲ့ပထမဆုံး ပရော်ဖက်ရှင်နယ် MMA ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ Dillashaw အတွက် အစကောင်းတယ်လို့ဆိုရမှာကတော့ ၄ ပွဲဆက်အနိုင်ရရှိခဲ့တာပါပဲ။

၂၀၁၁ ခုနှစ်မှာ UFC ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် လက်မှတ်ရေးထိုးခဲ့ပါတယ်။ Dillashaw ဟာ UFC Bantamweight Champion နှစ်ကြိမ်တိုင်တိုင်ရရှိခဲ့ပါတယ်။ လက်ရှိမှာတော့ UFC Pound-For-Pound သတ်မှတ်ချက်မှာ အဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။

(၃) Frankie Edgar: ၅ ပေ ၆ လက်မ

Source: MMA Fighting

Frankie Edgar ကို နယူဂျာစီ မှာမွေးဖွားခဲ့ပါတယ်။ ကျောင်းမှာကတည်းက နပန်းသတ်ပြိုင်ပွဲတွေမှာ ထူးချွန်ခဲ့သူတစ်ယောက်ပါ။ သူဟာ ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲကြီးကို လအနည်းငယ်သာလေ့ကျင့်ပြီး ဝင်ရောက်ယှဉ်ပြိုင်ထိုးသတ်ခဲ့သူပါ။ ၂၀၁၀ ခုနှစ် UFC 112 ပြိုင်ပွဲမှာ Lightweight Champion B.J. Penn ကို သူတပြန်ကိုယ်တပြန်ထိုးသတ်ပြီးတော့ အမှတ်နဲ့အနိုင်ရခဲ့ပြီး Lightweight Champion ဆုကို ထိုက်ထိုက်တန်တန်ရယူနိုင်ခဲ့ပါတယ်။ Lightweight Champion ချန်ပီယံ ဆုစိန်ခေါ်ပွဲမှာလည်း သုံးကြိမ်တိတိ ကာကွယ်ထိုးသတ်နိုင်ခဲ့ပါတယ်။

ကိုယ်ခံပညာ သိုင်းပေါင်းစုံပြိုင်ပွဲမှာ ပွဲပေါင်း ၃၀ ထိထိုးသတ်ထားပြီးတော့ ၂၃ ပွဲထိ အနိုင်ရရှိထားပါတယ်။ ပြိုင်ပွဲတလျှောက် ၆ ပွဲထိသာ ရှုံနှိမ့်ထားပါတယ်။ လက်ရှိ UFC Featherweight အဆင့်သတ်မှတ်ချက်မှာ အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။

လာမဲ့ ဇူလိုင် ၂၇ ရက်နေ့မှာ ကျင်းပမဲ့ UFC 240 ပြိုင်ပွဲမှာ UFC Featherweight ချန်ပီယံဖြစ်သူ Max Holloway နဲ့ ယှဉ်ပြိုင်ထိုးဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။