Relationship တစ်ခုကိုအသုံးသတ်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်အပေါ်နာကျင်စရာတွေပဲ ပေးနေတဲ့အချစ်ရေးကိုတော့ ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်တာက မှန်ကန်တဲ့ရွေးချယ်မှုဖြစ်စေမှာပါ။ မဟုတ်ရင် တစ်နေ့ထက်တစ်နေ နာကျင်စရာတွေပဲ ပိုရနိုင်ပါတယ်။ သင့်ရဲ့အချစ်ရေးမှာလည်း အခုပြောပြမယ့်အချက်တွေနဲ့ ကိုက်ညီနေတယ်ဆိုရင် လမ်းခွဲဖို့စဉ်းစားသင့်ပါပြီ။
(၁) ပြဿနာတွေထဲမှာနစ်မြုပ်နေတဲ့အခါ

Source : Connect Couples Therapy
တစ်ယောက်ကိုတစ်ယောက် အမြင်မကြည်မှုတွေ အပြစ်တင်မှုတွေနဲ့ နေ့စဉ်ရက်ဆက် ပြဿနာတွေထဲမှာပဲ နစ်မြုပ်နေမယ်ဆိုရင် ဘယ်သူမှ ပျော်နိုင်မှာမဟုတ်ပါဘူး။ အချိန်တိုင်း ပြဿနာတွေနဲ့ပဲ လုံးပန်းနေရရင် အချစ်ရေးမှာသာမက ဘဝမှာရှေ့ဆက်လုပ်ကိုင်ရမယ့် ကြိုးစားချင်စိတ်တွေပါပျောက်လာနိုင်ပါတယ်။
(၂) ညှိနှိုင်းရခက်လာတဲ့အခါ

Source : Chanh Tươi
တစ်ယောက်နဲ့ တစ်ယောက် ခံယူချက်တွေ ဝါသနာတွေ အရာအားလုံးက မတူတဲ့အခါ ညှိနှိုင်းမှုတွေက အရမ်းကိုခက်ခဲနေတက်ပါတယ်။ ဘာပဲလုပ်လုပ် တစ်ယောက် ဆန္ဒတစ်ခုစီနဲ့ သူလည်းအလျော့မပေးနိုင် ကိုယ်လည်းမလိုက်လျောနိုင်ဖြစ်နေရင် လမ်းခွဲလိုက်တာက ပိုကောင်းပါတယ်။
(၃) အရာအားလုံးရဲ့နောက်ဆုံးမှာဖြစ်နေတဲ့အခါ

Source : The List
ဘာပဲဖြစ်ဖြစ်ချစ်သူဆိုတာ အရာအားလုံးထက်အရေးကြီးတဲ့သူတစ်ယောက်မဟုတ်ရင်တောင် ကိုယ့်ဘဝမှာတစ်စိတ်တစ်ပိုင်းအရေးပါတဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် အားလုံးနဲ့ ယှဉ်ရင်ကိုယ်က အမြဲနောက်ဆုံးမှာဖြစ်နေမယ်သူဘဝအတွက် အရေးပါတဲ့အရာဦးစားပေးစရာတွေအရမ်းများပြီး ကိုယ်ကနောက်ဆုံးသတိရခံရတဲ့သူတစ်ယောက်ဖြစ်နေမယ်ဆိုရင်လမ်းခွဲဖို့စဉ်းစားသင့်ပါတယ်။
