အလုပ်ထွက်တာဟာ သိပ်ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခုပါပဲ။ တော်ရုံတန်ရုံဆိုရထားတဲ့ အလုပ်ကနေ ထွက်ချင်ကြမှာ မဟုတ်ပေမယ့် အခုပြောမယ့် အခြေအနေမျိုး အလုပ်မှာကြုံလာရင် ဒီအလုပ်ကို စွန့် ခွာသင့်တဲ့ အချိန်ရောက်ပြီလို့ ပြောရမှာပါ။

(၁) မဟန်တော့ဘူး

Source:Pexels

အလုပ်တစ်ခုမှာ စိတ်ပိုင်းအရလည်း တက်ကြွမှု မရှိတော့ဘူး လူလည်းပင်ပန်းမှု လွန်ကဲသလောက် ဘာမှဖြစ်မလာဘူးဆိုရင် အလုပ်ပြောင်းဖို့ စဉ်းစားရတော့မှာပါ။ တစ်ခါတစ်လေမှာ ကိုယ့်လုပ်ဖော်ကိုင်ဘက်တွေ နဲ့ အထက်လူကြီးက ကိုယ့်ကို စိတ်ပျက်စေလို့ ၊ အလုပ်သွားရတဲ့ ခရီးက ဝေးလွန်းလို့ ကိုယ်ပိုင်အချိန်တောင် မရတော့လို့ ၊ အလုပ်နဲ့ လစာ မမျှလို့ ဆိုတဲ့ အချက်တွေလည်း ဒီခေါင်းစဉ်အောက်မှာ အကျုံးဝင်ပါတယ်။

(၂) တက်လမ်းမရှိဘူး

Source:Pixabay

အလုပ်တစ်ခုဟာ လုပ်ခလစာအပြင် အရည်အချင်းတွေ ၊ ကျွမ်းကျင်မှု ၊ အတွေ့ အကြုံနဲ့ ဗဟုသုတသစ်တွေ ပေးမှ ထိုက်တန်တဲ့အလုပ်လို့ ခေါ်နိုင်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ ကိုယ့်အသက်မွေးဝမ်းကြောင်းအလုပ်ဟာ နှစ်ဘယ်လောက်ကြာကြာ တတ်ထားတဲ့ အတတ် သိထားတဲ့ အသိအတိုင်း ဒုံရင်းက ဒုံရင်းပဲ ဆိုရင်တော့ နေရာသစ် ရှာသင့်ပါတယ်။

တက်လမ်း လို့ ဆိုရာမှာ ပရောဂျက်အသစ်တွေကနေ အတွေ့ အကြုံနဲ့ ကျွမ်းကျင်မှုတွေ ရတာ ၊ ဝင်ငွေပိုကောင်းလို့ စုနိုင် ဆောင်းနိုင်ဖြစ်တာ ၊ ကိုယ့်အလုပ်နယ်ပယ်ထဲက ပညာရှင်တွေ လုပ်ငန်းရှင်တွေနဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်တာ ၊ ကိုယ့်ထက် ဝါရင့်သမ္ဘာရင့်သူတွေဆီက ပညာရတာ စတဲ့ တိုးတက်မှုတွေ ရဖို့ လည်း လိုပါတယ်။ လမ်းသစ်ဖောက်နိုင်ပြီး အလုပ်ဲမှာ ကိုယ့်ရဲ့ Talent ကို အမြင့်ထိ ရောက်အောင် သွားစရာ မရှိတဲ့ အလုပ်မှာ အကြာကြီး မနေသင့်ပါဘူး။

(၃) ပိုကောင်းတဲ့ အလုပ်တွေ့လို့ 

Source: Unsplash

ဒါကတော့ အလုပ်ရဲ့ သဘာဝပါပဲ။ အလုပ်ဆိုတာ ဘဝတစ်လျှောက်လုံး လုပ်ရတာ ဖြစ်ပြီး တစ်နေရာနဲ့ တစ်နေရာ အကူးအသန်းတွေ ရှိတတ်ပါတယ်။ ကျွန်တော်တို့ ရဲ့ ရည်ရွယ်ချက်ဟာ ပိုကောင်းလာတဲ့ လူတွေ ဖြစ်လာဖို့ ဖြစ်ပြီး လက်ရှိရောက်နေတဲ့ နေရာထက် သာတဲ့ အမြင့်တစ်ခုကို သွားဖို့ အခွင့်ရှိလာရင်တော့ နေရာဟောင်းကို နောက်ချန်ထားသင့်ပါတယ်။