အမျိုးသားတွေဟာ ဆံပင်အတိုပဲ ထားတာ များပါတယ်။ ဆံပင်တိုတိုထားတော့ ဆံပင်ကြောင့် အလုပ်မရှုပ်တော့ဘူးပေါ့။ ဒါပေမယ့်လည်း ဂရုမစိုက်ဘဲ ပစ်ထားမယ်ဆိုရင် ဗောက်ထမယ် ၊ ဆံပင်ပါးတာ ၊ ကျွတ်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ရိုးရှင်းပြီး လွယ်ကူထိရောက်တဲ့ အချက်လေးတွေ လိုက်နာပြီး ဆံပင်ကို ဂရုစိုက်ဖို့ အကြံပြုချင်ပါတယ်။

(၁) High-Hold တွေ မသုံးနဲ့

Photo: Beautiful Bastard

Gel တွေ Wax နဲ့ Pomade တွေ ဆိုတာ အမျိုးသားတွေအတွက် အသုံးအများဆုံး Hair Products တွေပါ။ တစ်ခုသတိထားရမှာက Gel အမာကြီးတွေ ဆံပင်ကို ကော်သုတ်ထားသလို တောင့်တင်း ထောင်မတ်စေမယ့် Wax တွေ သုံးတာမျိုးကို ရှောင်ရှားဖို့ပဲ ဖြစ်ပါတယ်။ High-Hold Hair Product အမာကြီးတွေ သုံးတာဟာ ဆံပင်ကို ဖိအားပေးနေပြီး ဆံသားအိတ်တွေ ပျက်စီစေနိုင်ပါတယ်။ ကြာလာရင် ဆံပင်ကျွတ်တာ ၊ ထိပ်ပြောင်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။

(၂) တစ်ရက်ခြားတစ်ခါပဲ ခေါင်းလျှော်ပါ

Photo: menswearstyle

ခေါင်းလျှော်တာဟာ ဆံပင်နဲ့ ဦးရေပြား သန့်ရှင်းကျန်းမာစေပါတယ်။ အလွန်အကျွံမသုံးမိဖို့တော့ လိုပါတယ်။ Shampoo တွေဟာ ဆံပင်ထဲက သဘာဝအဆီတွေကို စားသွားနိုင်ပါတယ်။ ကြာရင် ဆံပင်ခြောက်သွေ့ပြီး ပျက်စီးလွယ်စေလို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် ခေါင်းလျှော်မယ်ဆိုရင် တစ်ရက်ခြား တစ်ခါပဲ လျှော်သင့်ပါတယ်။

(၃) လိုအပ်ပါက ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပါ

Photo: thetrendspotter

အသက်အရွယ်နဲ့ မျိုးရိုးကြောင့် ဆံပင်ပါးတာပဲ ဖြစ်ဖြစ် Hair Products ကြောင့် ဆံပင်တွေ ပျက်စီးလာရင်ပဲ ဖြစ်ဖြစ် ကြုံလာရင် ပရော်ဖက်ရှင်နယ် Hair Therapy Services တွေကို သွားပြီး ဂရုတစိုက် ကုသမှုခံယူသင့်ပါတယ်။ နည်းနည်းလောက် ဆံပင်မှာ မသင်္ကာစရာ ကျန်းမာရေးပြဿနာကြုံလာရင်ကိုပဲ ဆံပင်ကို ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။

ဒါဆိုရင်တော့ ဆံပင်နဲ့ ပတ်သက်လို့ စိတ်အေးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုများတာမျိုး မဖြစ်အောင် ရှောင်ရှားဖို့ ၊ အစားအသောက်ရွေးချယ်စားသုံးပေးဖို့ဆိုတာတွေလည်း မမေ့သင့်ပါဘူး။