ကိုယ့်ကိုကိုယ် ပင်ပန်းနွမ်းနယ်နေပြီလို့ ခံစားရတဲ့အချိန်မှာ စိတ်ပိုင်းဆိုင်ရာက ပိုပင်ပန်းတာလား ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာကလားဆိုတာကို ခံစားမိကြလား။ ပင်ပန်းနွမ်းနယ်သလို ခံစားနေရတာက သင့်ကို နောက်ဆုံးမှာတော့ နိုးထဖို့အတွက် နှိုးဆော်လိုက်တာပဲ ဖြစ်ပါတယ်။ အခုဖော်ပြပေးသွားမှာကတော့ ပင်ပန်းနွမ်းနယ်နေရာကနေ လူရော စိတ်ပါ ချက်ချင်း အားပြည့်လန်းဆန်းသွားစေဖို့ လုပ်ဆောင်သင့်တဲ့ နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်။

၁။ အားလုံးကို လွှတ်ချတဲ့ ချဉ်းကပ်နည်း

man sitting on the bridge of lake

Photo: Unsplash

များသောအားဖြင့် ဘဝမှာ အပြောင်းအလဲတွေ သိသိသာသာဖြစ်လာတဲ့အချိန်မှာ ဖြစ်ချိန်တန်လို့ ဖြစ်လာတာလို့ပဲ မှတ်ယူရမှာပါ။ အဲဒီအခြေအနေအတွက် အကောင်းဆုံးကတော့ ဖြစ်နေတဲ့အခြေအနေတွေကနေ နောက်ပြန်ဆုတ်ဖို့ဖြစ်ပြီး သင့်ကိုယ်သင် ပြန်လည်ပြုပြင်ဖို့အတွက် စိတ်ဖိစီးစေတဲ့အရာတွေ အားလုံးရဲ့ အဝေးမှာ နေထိုင်ရင်း အချိန်ယူသင့်ပါတယ်။ ဒီနည်းက အရာအားလုံးနဲ့ အဝေးကို ထွက်ပြေးသလို ဒါမှမဟုတ် သင့်ကိုယ်သင် အထီးကျန်အောင်လုပ်သလို ထင်ရပေမယ့် အရာအားလုံးကို လွှတ်ချဖို့အတွက် အချိန်အနည်းငယ်တော့ လိုအပ်ပါလိမ့်မယ်။ ဥပမာ သင် မပါတဲ့ ညစာစားပွဲတွေကို ခဏလောက် လုပ်နေပါစေ။ နောက်တစ်ချိန်ကျရင် အဲဒီဟာတွေဆီ သင်ပြန်သွားနိုင်ပါတယ်။ သင်က သင့်ရဲ့ အင်အားတွေပြန်လည်ရရှိချင်ပြီး ကိုယ့်ဘဝကိုယ် အကျိုးရှိရှိနဲ့ စိတ်ပျော်ရွှင်မယ့်နည်းလမ်းနဲ့ စီမံခန့်ခွဲနိုင်ဖို့ နည်းလမ်းအသစ်ရှာဖွေနေတယ်ဆိုတာ သတိရပါ။

ဥပမာ- ရက်သတ္တပတ်အနည်းငယ်လောက် လူမှုကွန်ရက်အသုံးပြုတာ သို့မဟုတ် တီဗွီကြည့်နေတာတွေကို လွှတ်ချထားပါ။ တစ်ရက်ကို ၁ နာရီလောက် အသက်ဖြည်းဖြည်းရှူတဲ့လေ့ကျင့်ခန်းနဲ့ ပျော့ပျောင်းတဲ့ ကိုယ်ကာယလေ့ကျင့်ခန်းတွေ ပြုလုပ်ပါ။

၂။ စောင့်ကြည့်အုပ်ထိန်းတဲ့ ချဉ်းကပ်နည်း

standing man on the hill

Photo: Unsplash

သင်က သင့်ရဲ့လုပ်ဆောင်ရန်စာရင်းထဲမှာ လုပ်ဆောင်စရာအများအပြားကို လက်ရှိမှာ လျှော့ချရမှာဖြစ်ပြီး အဲဒီအချိန်တွေအတွက် အားအင်ကုန်ဆုံးခြင်း မရှိတော့ပါဘူး။ အားလုံးကို ကိုယ့်သဘောကိုယ်ဆောင် ဖြစ်ချင်တာဖြစ်စေခြင်းအားဖြင့် သင့်အနေနဲ့ သင့်ဘဝမှာ အခိုက်အတံ့အသစ်နဲ့ ကိုယ်ပိုင်နေရာကို ဖန်တီးရမှာပါ။ သင်က ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်လေး နေနိုင်သွားတဲ့အခါကျရင် ငြိမ်သက်နေခြင်းက သင့်ရဲ့အင်အားတွေကို ပြန်လည်ရရှိအောင်နဲ့ ပြန်လည်အားဖြည့်နိုင်အောင် ဘယ်လိုအကူအညီပေးနိုင်လဲဆိုတာကို တွေ့ရမှာပါ။

ငြိမ်ငြိမ်လေး ထိုင်နေချိန်မှာ အသက်ကို ဖြည်းဖြည်းချင်း ရှူပါ၊ ခန္ဓာကိုယ်ထဲကို အင်အားအသစ်တွေ ဝင်လာပြီလို့ မှတ်ယူပါ။ သင့်ခန္ဓာကိုယ်ထဲက အတွေးတွေနဲ့ ဖိအားတွေအားလုံးကို ရှူထုတ်လိုက်တဲ့ လေနဲ့ ပါသွားပါစေ။ စစ်မှန်တဲ့ ငြိမ်သက်မှုရဲ့ အခြေအနေနဲ့ စစ်မှန်တဲ့ အင်အားစီးဆင်းမှုကို ရှာဖွေပါ။ ဒီအဆင့်တွေက သင့်ရဲ့အင်အားတွေရဲ့အရင်းအမြစ်ဖြစ်တဲ့အတွက် အလေးအနက်လုပ်ရမယ့်အရာတစ်ခုအဖြစ် ထိန်းသိမ်းထားပါ။ စောင့်ကြည့်ထားပါ။

၃။ အားလုံးကို လက်ခံပြီး ချဉ်းကပ်နည်း

man sitting alone

Photo: Unsplash

လက်ရှိ သင့်ရဲ့ နေ့စဉ်ဘဝ တာဝန်တွေကို ချဉ်းကပ်ရာမှာ ရှိသမျှအားအင်တွေအားလုံး သွန်မချခြင်းဖြင့် ချဉ်းကပ်ရမှာဖြစ်ပေမယ့် အခြေအနေတွေကို ဖြစ်သမျှအကြောင်းအကောင်းချည်းပဲဆိုတဲ့ အမြင်နဲ့ ချဉ်းကပ်ပါ။ တကယ်လို့ သင်က ဒီဆွေးနွေးမှုမှ ပါဝင်နေတယ်ဆိုရင် ချက်ချင်း မတုံ့ပြန်ပါနဲ့ဦး။ ပထမဆုံး အပြန်အလှန်မပြောဘဲ ဒါမှမဟုတ် သင့်ရဲ့အင်အားတွေကို မဖြုန်းဘဲ သတင်းအချက်အလက်ကို လက်ခံဖို့ ကြိုးပမ်းပါ။

၁။ တုံ့ပြန်ခြင်း သို့မဟုတ် လုပ်ဆောင်ခြင်းကို လွှတ်ချထားပါ။
၂။ အခြေအနေအတွက် သင့်ရဲ့စိတ်ရှည်သည်းခံနိုင်စွမ်းကို သိအောင်လုပ်ပါ။
၃။ ရှိနေတဲ့ အင်အားကို ကြည့်ပြီး ငြိမ်သက်မှုကို ပိုမို နက်ရှိုင်းအောင်လုပ်ပါ။
၄။ စိတ်ရှည်မှုနဲ့ သည်းခံနိုင်စွမ်းကို တိုးတက်အောင်လုပ်ပါ။

ဒီဟာတွေကို နားလည်သွားတဲ့အချိန်ကျရင် သင့်အနေနဲ့ သင်မကြိုက်တဲ့အခြေအနေကို ပြောင်းလဲလို့ မရနိုင်ဘူးဆိုတဲ့အချက်ကို လက်ခံသွားမှာပါ။ ဒါပေမယ့် သင့်အတွက်နဲ့ အခြားလူတွေအားလုံးအတွက် အလုပ်ဖြစ်မယ့် ဖြေရှင်းနည်းကို ရှာဖွေဖို့ အကောင်းဆုံး ပြုမူလုပ်ဆောင်သင့်ပါတယ်။

Featured Photo: ashton college