ဒီဆောင်းပါးက ဝိတ်ချတဲ့ နည်းမဟုတ်ပါဘူး။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဝိတ်တင်နည်း ဖြစ်ပါတယ်။ ကြွက်သားကြီးအောင် ကိုယ်လုံးကိုယ်ပေါက် ထွက်အောင် Body Building လုပ်ဖို့အတွက် ဝိတ်တင်မယ့်သူတွေအတွက် ရည်ရွယ်တာပါ။ များသောအားဖြင့် ဝိတ်တင်သူတွေဟာ အစားရှောင်စရာ မလိုပါဘူး။ ဒါပေမယ့် အခုပြောတဲ့ နည်းလမ်းတွေကို စနစ်တကျလိုက်နာရင် ပိုပြီးတော့ စမတ်ကျကျ ဝိတ်တက်လာမှာပါ။
(၁) နည်းနည်းပိုစားပါ
Photo: Freepik
ဝိတ်တင်ခြင်းနဲ့ ဝိတ်ချခြင်း ဆိုတာဟာ ကယ်လိုရီတင်တာနဲ့ ကယ်လိုရီချတာပဲ ဖြစ်ပါတယ်။ တကယ်လို့ လုံလောက်တဲ့ ကယ်လိုရီ မစားသုံးရင် ဝိတ်တက်မှာ မဟုတ်ပါဘူး။ ဝိတ်တင်မယ်ဆိုရင် ကိုယ်စားနေကျထက် နည်းနည်းပိုတိုးစားရမှာပါ။ စားသုံးရမယ့် ကယ်လိုရီပမာဏကတော့ လူပေါ်လိုက်ပြီး အတိုး/အလျှော့ရှိပါတယ်။
(၂) ပရိုတိန်း နဲ့ ကာဗွန်ဟိုက်ဒရိတ်ပိုစားပါ
Photo: Freepik
အားကစားလုပ်မယ့်သူတွေအတွက် အရေးကြီးဆုံး ဓါတ်နှစ်မျိုး ဖြစ်တဲ့ ပရိုတိန်းနဲ့ ကာဗွန်ဟိုက်ဒရိတ်တွေကတော့ ပိုစားပေးရမှာပါ။ ပရိုတိန်းမှာ ပါတဲ့ အမိုင်နိုအက်ဆစ်ဟာ ကြွက်သားထုတက်စေဖို့ အကူအညီပေးပါတယ်။ ဒီတော့ ပရိုတိန်းများများ စားပါ။ ကိုယ်အလေးချိန် ၁ ပေါင်တိုင်း ၁ ဂရမ်နှုန်းနဲ့ စားပေးရမှာပါ။ ပေါင် ၁၅၀ ရှိတဲ့သူဆိုရင် ပရိုတိန်းဂရမ် ၁၅၀ စားရမှာ ဖြစ်ပါတယ်။
ကာဗွန်ဟိုက်ဒရိတ်စားတာလည်း ကြွက်သားတွေ အမြန်ဖွံ့ဖြိုးစေပါတယ်။ ကာဗွန်ဟိုက်ဒရိတ်ဟာ ကြွက်သားထဲက Glycogen ပမာဏပိုမြင့်စေပြီး အားကစားလုပ်ချိန်မှာလည်း ပိုပြီး လုပ်ဆောင်နိုင်စွမ်း မြင့်မားလာစေပါတယ်။
(၃) ပိုလေးလေး မပါ
Photo: Unsplash
ဝိတ်တင်တဲ့အချိန်မှာ နောက်ဆုံးအဆင့်အနေနဲ့ ဝိတ်မ တဲ့ အလေးချိန်ကို ပိုတိုးဖို့ပါပဲ။ အားကစားလုပ်နည်းတွေလည်း ပိုစုံစုံနဲ့ များများ ဆော့ပေးဖို့ လိုပါတယ်။ အားကစားအစုံလုပ်ခြင်းဟာ ကြွက်သားတွေကို နေရာမလပ် တက်လာအောင် လှုံ့ဆော်ဖို့ အထိရောက်ဆုံး နည်းလမ်းတစ်ခု ဖြစ််ပါတယ်။
အခုပြောတဲ့ နည်းလမ်း ၃ ခုကို လိုက်နာရုံနဲ့ ဝိတ်လည်း တင် ၊ ကြွက်သားထုလည်း တက်ပြီး ဖြစ်မှာပါ။